Monday, October 31, 2016
Sunday, October 30, 2016
----------------------------
၅ပေ ပတ်လည်ရှိသောခြံဝင်းလေးထဲမှာ
ဝက်ထီး နဲ့ ဝက်မ နှစ်ကောင်ရှိတယ်
သူတို့နှစ်ကောင် ဟာ တစ်ကောင်နဲ့တစ်ကောင် အရမ်းချစ်ကြတယ်
ဝက်မလေးက အမပီပီ ဝက်ထီးလေးကို အမြဲတမ်း အနိုင်ကျင့်တယ်
သခင်အစာကျွေးရင် သူအရင်ဆုံး ဝ အောင်စားတယ်
ပြီးမှ ကျန်တာ ဝက်ထီးလေးကို ပေးတယ်
ဝက်ထီးလေးကတော့ အပြုံးမပျက် စွာနဲ့ အလိုလိုက်တာပေါ့
အနိုင်ကျင့်တာတွေလည်း သည်းခံပေးတယ်
အမြဲတမ်း ဝဝလင်လင် စားရတဲ့ ဝက်မလေးဟာ တနေ့တခြား
ဝ ဝ လို့လာတယ် ဝက်ထီးလေးကတော့ ပိန်ညှောင်ညှောင်နဲ့ ပေါ့
တနေ့ သခင်က အစာကျွေးနေရင်း
❝ဒီဝက်မလေး တော်တော် ဝ တာပဲ၊ရှေ့လဆို သတ်ပြီးရောင်းစားလို့ရပြီ❞ လို့ သူ့မိန်းမကို ပြောလိုက်တယ်
သူ့စကားကို ဝက်ထီးက ကြားမိသွားတယ်
အဲဒီနောက်ပိုင်း ဝက်ထီးလေးဟာ ဝက်မလေးအပေါ် ဆက်ဆံရေးတွေ
စပြီးပြောင်းလဲသွားတာပေါ့
အစာစားရင် ဝက်မလေးနဲ့ လုစားတယ် ၊ အရင်လို အဝအလင် မပေးစားတော့ဘူး ၊ သူပဲ ဝဝလင်လင် စားလိုက်တယ်
ညဆိုလည်း ဝက်မလေး ကို မပေးအိပ်ဘူး ၊
အိပ်ရေးပျက်အောင်လုပ်တယ်
ဝက်မလေးလည်း ဝမ်းနည်းတာပေါ့ ၊ ဇဝေဇ၀ါ လည်းဖြစ်မိတာပေါ့
ဘာ့ကြောင့် သူ့အပေါ် ရုတ်တရက် ပြောင်းလဲသွားလဲပေါ့
သူ့ကို အရင်လို မချစ်တော့ဘူးလို့ တွေးမိတာပေါ့
ဒီလိုနဲ့ တစ်လကြာတဲ့ အခါ ဝက်ထီးလေးဟာ အဆီတဝင့်ဝင့်နဲ့ ဝဖြိုး လို့နေတာပေါ့
သခင်က ဝက်ကို သတ်ပြီးရောင်းစားဖို့ အချိန်ကျလာတော့
ဝက်မလေးက ပိန်နေတာကို တွေ့လိုက်ရတယ်
ဒါနဲ့ပဲ ဝဖြိုးနေတဲ့ ဝက်ထီးလေးကို ဆွဲသွားတာပေါ့
အဲဒီအခိုက်တန့်လေးမှာပဲ
ဝက်ထီးလေးက အပြုံးလေနဲ့ ❝နောက်ဆို လျှော့စားနော်❞
လို့ ဝက်မလေးကို လှမ်းပြောလိုက်တယ်
ဝက်မလေး ကလည်း အဲချိန်ကျမှ သိတော့တယ်
ဘာ့ကြောင့် ဝက်ထီးလေးကသူ့ကို ဒီလိုပြုမူလည်းဆိုတာ
ဒါပေမယ့် အချိန်ဟာ နှောင်းသွားခဲ့ပြီလေ
ည
တိတ်ဆိတ်လို့နေတယ်
သခင်နဲ့ မိသားစုတွေ ဝက်ထီးလေးကို မြိန်ရေရှက်ရေ နဲ့ သုံးတော်ခံနေတာကို ဝက်မလေးက ဝမ်းနည်းကြေကွဲစွာနဲ့ လှမ်းမြင်နေရတယ်
ဝက်ထီးလေးမရှိတော့ သူ့ရင်ထဲမှာ ဟာတာတာနဲ့ပေါ့
ဝက်ထီးလေး အိပ်နေကျနေရာလေးကို အမှုမဲ့အမှတ်မဲ့
လှမ်းကြည့်မိလိုက်တယ်
ဝက်ထီးလေးရေးထားခဲ့တဲ့
စာကြောင်းလေး တစ်ကြောင်းတွေ့မိတယ်
❝တကယ်လို့ နင့်ကို ချစ်တယ်ဆိုတာ အပြောနဲ့ သက်သေပြလို့
မလုံလောက်တဲ့အခါ ငါ့ အသက်လေးနဲ့ပဲ သက်သေပြလိုက်ပါတယ် ❞
ဝက်မလေး .............ယူကြုံးမရ ထစ်ချုန်းချ ငိုချလိုက်မိလေတယ်
credit တရားတော်များ
ထို့ကြောင့်လူထွက်ရသည်
==================
ရောင်စုံဖက်ရှင်ဝတ်စားနေသူတွေက
သင်္ကန်းအဝါဝတ်ရင် ရဟန်းမစစ်ဘူးထင်လာပြီအမေ။
ဒေါင့်မြင့် ၆လက်မ စီးထားသူတွေက
ကွင်းထိုးဖိနပ်စီးရင်
ရဟန်းမစစ်တော့ဘူးထင်လာပြီအမေ။
အာဏာစွဲ ပါတီစွဲသူတွေက
အမျိုးချစ်လို့ အမျိုးထိန်းတာကို
သိက္ခာမထိန်းဘူး မြင်လာပြီအမေ။
တနေ့သုံးထပ်စားပြီးချစ်ဇနီးနဲ့နေသူတွေက
ထမင်းတနပ်အတွက် ဆွမ်းရပ်တာကို
သူတောင်းစားလို့မြင် အထင်သေးချင်လာပြီအမေ။
စာမေးပွဲအောင်ပြီး စာမတတ်သူတွေက
စာတတ်ပြီးစားမေးပွဲမအောင်တဲ့သားတို့ကို
အလေလိုက်နေသူလို့ထင်လာပြီအမေ။
အိမ်သာ တခါတက်ရင် တစ်ရာပေးရတဲ့ခေတ်မှာ
ငွေကိုင်တာ အပြစ်လို့ထင်လာပြီအမေ။
ကာမေသု ကို အရေကျိုသောက်နေတဲ့လူတွေက
ရဟန်းတပါး ဒကာမနဲ့စကားပြောရင်နှာဘူးလို့
ထင်လာပြီအမေ။
အမြဲတမ်း အနိုင်ကျင့်ခံဘဝမှာ မနေချင်တော့ဘူးအမေရေ။
ကျေးဇူးတရားကိုနားမလည်
နိုင်ငံရေးလှည့်ကွက်တွေကြား
နင်းပြားဘဝနဲ့ လူတကာကချနင်း
ဝပ်စင်းခံဘဝမှာ သားမပျော်တာ လွန်သလားအမေ။
ဘုရားရှင်ထားခဲ့တဲ့ တရားတော်တွေကို
နှစ်ပေါင်း၂၅၀၀တိုင် သယ်ပိုးလာတဲ့
သားတို့တွေဟာ အမေ့ခံခရီးသည်တွေလား
ဘုရားတရားသံဃာကို ယနေ့တိုင်ကိုးကွယ်ခွင့်
ရနေတာ သားတို့လက်ဆင့်ကမ်းခဲ့လို့ပါအမေ
သားတို့သာ ခရီးမနှင်ခဲ့ရင် အိမ်ဦးခန်းက
ဘုရားစင်ဟာ ကလေးကစားစရာဖြစ်နေမှာပါအမေ။
ငယ်ဘဝကိုစတေး မိသားစုရဲ့အဝေးမှာနေ
မကျန်းမာလည်းတယောက်ထဲ
မနိုင်ဝန်ကိုထမ်းရင်း အဆင်မပြေမှုတွေကြား
ခရီးသွားနေရတာမပင်ပန်းဘူးအမေ
သမိုင်းပေးတာဝန်ကျေဖို့ကိုယ့်အသိကိုယ့်သတိနဲ့
ကိုယ့်ခရီးကိုယ်ဆက်နေတာပျော်ပေမဲ့လဲ
ကိုယ်ချင်းစာတရားခေါင်းပါးတဲ့
ယနေ့ခေတ်လူတွေကြားမှာ
အပြစ်အရှိဆုံးလူသားအဖြစ်နဲ့
လက်ညိုးထိုးခံဘဝကို စိတ်နာလို့
အမေ့သား အမေဆီ အပြီးပြန်ခဲတော့မယ်အမေ။
ဇိနပုတ္တ
ဂန္ထဝင်
အကြော်သည် အမေကြီး
အမှတ်တမဲ့ပါပဲ..နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ..
အကြော်တစ်ခုကို ဘယ်လောက်လဲ ?
ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့အသိုင်းအ၀ိုင်းက ပုံစံမျိုးပါပဲ).အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ…
..အကြော်တစ်ခုကို ၅၀ပါ…
....၁၀၀ဖိုးကို ၃ ခု ထားလိုက်…
..မရလို့ပါကွယ်…
..၂၀၀ ဖိုး ၅ ခုတော့ ထား.././…./
..တအောင့်လောက်နေတော့..နောက်ထပ်ကြားလိုက်ရတယ်…
.."လာ..သားး..အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး.
မစားချင်နဲ့..သား"..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်…
ကျွန်တော် စိတ်ဝင်စားသွားတယ်..သေချာလှမ်းကြည့်လိုက်တော့..
အသက်(၆၀)ကျော် အမေကြီးတစ်ယောက်အကြော်ရောင်းနေတာကို
အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ..
..သြော်..လူတွေများ ..ခက်လိုက်တာဗျာ…
..အကြော်ဝယ်ဖို့..ဈေးဆစ်လို့မရတော့..ညစ်ပတ်တယ် မစားနဲ့လို့ ပြောသွားတယ်
ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့.အကြော်သည်အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့မျက်နှာလေးနဲ့ထွက်သွားတယ်…
" ဟောဒီက…အကြော်ပူပူလေး… :"……
..ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်….
..ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ်….
..အမေကြီး..ခဏနေပါအုံးဗျ..အကြော်ဝယ်ချင်လို့ပါ…..
…ပြန်လှည့်လာပြီး..အကြော်ဗန်းကို ချပေးတယ်….
..ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ..
ဗန်းထဲမှာ စားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ..
(စဉ်းစားမိတယ်..ဆောင်းတွင်းနေရဲ့ အပူရှိန်အောက်မှာ အကြော်တွေက
မနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေက
ပူနေမှာမလွဲ .အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)…
သြော်..ဒီအသက်အရွယ်နဲ့ ဆောင်းတွင်းနေပူပူမှာ ဘယ်လောက်ပင်ပမ်း
ရှာလေမလဲ.ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့.ကိုယ်ချင်းစာ
စိတ်မကောင်းဖြစ်မိတယ်…
..အမေကြီး " အကြော် တစ်ခု ဘယ်လောက်လဲ" သိပေမယ့် ထပ်မေးလိုက်တယ်
.." အကြော်တစ်ခု (၅၀)ပါ သားလေးရယ်".. (နောက်ထပ်ဈေးဆစ်မှာ
ရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်က ချွေးစက်တွေကို
သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)…..
..
" အမေကြီး အကြော်တွေက စားချင်စရာပဲ..စားကောင်းမယ့်ပုံပဲဗျ " ..ဆိုပြီး
အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်...
(သူ့ခမျာ.အမောပြေ သဘောကျသွားပုံပဲ.ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ်.၀မ်းသာသွားပုံပဲ)..
" အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း ကျွေးချင်လို့..အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ"လို့ မေးပြီး..ငါးထောင်တန် တစ်ရွက်ထုတ်ပေးလိုက်တယ်…
အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန် အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..ပြန်အမ်းဖို့ ကြိုးစားနေတယ်…..
..:" ရတယ် အမေကြီး..ပြန်မအမ်းပါနဲ့တော့" ..ဆိုတော့
.." မဟုတ်တာ သားလေးရယ်" ..တဲ့…
." ရတယ်..ပိုတာကို ကုသိုလ်လုပ်တာပါ"လို့ ပြောလိုက်ရော….
" ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ် ..
အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့
သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်….
"..ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်."...
" အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့.(၆၅)နှစ်တဲ့..
ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာ.လောကဒဏ်ရဲ့ရိုက်ပုတ်မှု
ပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီးအိုစာ
နေပါလားး..တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ..
တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေ.."
…သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ….
..သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ…
..ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ
မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲ…
..ကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ….
..တကယ်တော့ ..
..လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာနားလည်တတ်တဲ့စိတ်…
..သားသမီးတိုင်းရဲ့ ရင်ထဲမှာ..မိဘကျေးဇူးကို သိတတ်နားလည်
လုပ်ကျွေးပြုစုချင်တဲ့စိတ်…..
..လူသားတိုင်းရဲ့ ရင်ထဲမှာ ကိုယ်စီတာဝန်ကျေနားလည်မှုတွေ.
…ရှိနေကြမယ်ဆိုရင်……။…………………….။………….
Credit to ရိုးနိုင်စံ
မူလ နည်းစနစ်ကျကျအတွေးအခေါ်
Saturday, October 29, 2016
အသုဘ အလောင်းရှင်းတမ်း
"အသုဘအလောင်းကိစ္စရှင်းတမ်း "
************************
ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။
မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော 'ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်' ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။
အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။
လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။
လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။
အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။
အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။
စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။
ဒါဆို . . . ကျွန်တော်မေးတော့မည်။
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...
ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။
တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။
ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် 'ကူးတို့ခ' ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် 'ဘူး' များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။
သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?
နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး 'မ'ချမည်တဲ့လား . . . ? ။ နောက် . ..
နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။
မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။
ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။
ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။
Kyawthu- Facebook မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
မေတ္တာဖြင့်မျှဝေပါသည်။
မူလ - မဂ္ဂင်လမ်း fbမှ
တရားစာအုပ်များ
______________________________________
တစ်ရာနှင့်တစ်ရက်
http://www.dhammaweb.net/Sandardika/book/Ashin_Sandardhika_100years...
မသေခင်ဘာလုပ်ကြမလဲ
http://www.dhammaweb.net/books/Sandardika_before_die.pdf
အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်
http://www.dhammaweb.net/books/Sandardika_love.pdf
နို့နှစ်လုံးဖိုးကျေပါတယ်
http://www.dhammaweb.net/books/Sandardika_Mon_Milk.pdf
ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်သည်
http://www.dhammaweb.net/Sandardika/book/Ashin_Sandardhika_temple.pdf
မိဘကျေးဇူးအကျေဆပ်နည်း
http://www.dhammaweb.net/Sandardika/book/Ashin_Sandardhika_Gratitud...
နှလုံးသားမိတ္တူ
http://www.dhammaweb.net/Sandardika/book/Ashin_Sandardhika_heart_co...
ရည်စူးကုသိုလ်
http://www.dhammaweb.net/Sandardika/book/Ashin_Sandardhika_kuso.pdf
အားထုပ်ဖြစ်ဘို့အဓိက
http://www.dhammaweb.net/Sandardika/book/Ashin_Sandardhika_meditate...
တစ်ယောက်တည်းနေ တစ်စိတ်တည်းထား
http://www.dhammaweb.net/books/Sandardika_live_alone.pdf
မော်ဒယ်လ်အသစ်နှင့်လူ
http://www.dhammaweb.net/Sandardika/book/Ashin_Sandardhika_new_mode...
ဤဆိုက်မှဓမ္မမိတ်ဆွေများ အလွယ်တကူ ရယူနိုင်ရန် Dhamma Web မှရှာဖွေပေးထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓကမ္ဘာဝက်ဘ်ဆိုဒ်မှ ရိုးရိုးလေး၏ပို့စ်ကိုပြန်လည်ကူးယူဖော်ပြပါသည်။
မူလ ဓမ္မရေချမ်းစင်fb
Friday, October 28, 2016
မိဘ
═════════════════════════════════════════
ကိုယ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ... မိဘတွေကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ပြန်လာပြောဆိုရင်လက်ရှိ ပစ္စုန်ပ္ပန်ဘ၀မှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါးသင့်တတ်တယ် ။
✿ ဒဏ်ဆယ်ပါးက ဘာတွေလဲ ✿
═══════════════════
၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း
၃။ အနာရောဂါဖြစ်ခြင်း
၎။ ရူးသွပ်ခြင်း
၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း
၉။ နေအိမ်စသည့် မီးလောင်ခြင်း
၁၀။ ငရဲကျရောက်ခြင်း
ဒါကြောင့် ကိုယ်က မှန်နေတယ်ဆိုရင်တောင်မှ မိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆိုသင့်ဘူးပေါ့ ။ အကျိုးသင့် အကြောင်းသင့် နားဝင်အောင်အေးအေးဆေးဆေးသာ ပြောရတယ် ။
အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ လက်မခံရင်လည်း သူတို့ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ ။မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း သူတို့ကို ပြန်ရှင်းပြလိုက်ပါ ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒမှန်သမျှ ပြည့်စုံနိုင်ကြပါစေ ။သားလိမ္မာ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေ ...
မောဂ္ဂါလာနထေရ၀တ္ထု ဒဏ္ဍ၀ဂ်
ဓမ္မ ပဒပါဋ္ဌိတော် အဋ္ဌကထာ
Credit-ဓမ္မရတနာ
Thursday, October 27, 2016
••••••••••••••••••••
ယခုခေတ်အခါသည် "ဝိပဿနာ"ထွန်းကားလာသော အခါဖြစ်ပေသည်။ ဝိပဿနာ ထွန်းကားသည့်အားလျော်စွာ အားထုတ်ဖို့ရာ အခွင့်အခါ အချိန်ရကြသော ပုဂ္ဂိုလ်တို့က ဝိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်နေကြပြီး၊ အားထုတ်ဖို့ရာ အခွင့်အခါ မကြုံနိုင်သေးသည့်ပုဂ္ဂိုလ်တို့ကလည်း ဝိပဿနာတရားအားထုတ်သောအခါ လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်ရှိကြပေသည်။
ဝိပဿနာ ကျင့်ကြံအားထုတ်သည့် ဓမ္မမိတ်ဆွေ များ ပိုမို များပြားလာစေရန် ဝိပဿနာ နှင့် ပတ်သက်သော အားထုတ်နည်း၊ ရှုမှတ်နည်းများ ကို ကုသိုလ်ပြုရာ ၍ ယခင်က မိမိကဲ့သို "ဝိပဿနာ" ကို နားမလည်သူ တချို့ က မေးမြန်းလာပါတယ်။ "သမထ နဲ့  ဝိပဿနာ" က ဘာကွာလဲ၊ မတူဘူးလား..တဲ့။
အဖြေပေးရန်ထက် ဖတ်ရှု လေလာထားသမျှ အား ဤသို့  ပြန်လည်ရေးသား ဖေါ်ပြခြင်းက သင့်တော်မည်ဟု ယူဆ၍ စုဆောင်းထားသမျှသော ကောက်နှုတ်ချက်များကို စုစည်း၍ ဓမ္မဒါန အဖြစ် ဖြန့်ဝေလိုက်ပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
••••••••••••••••••••••••••••••••
"သမထ"ဆိုသည်မှာ တစ်ခုတည်းသော အာရုံကို စွဲမြဲစွာ ယူထားသည့် "စိတ် အလုပ်"ဟု ဖော်ပြထားပါတယ်။ "ဝိပဿနာ"ဟူသည်မှာ ဘုံသုံးပါး တို့တွင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို ရှုမှတ် ဆင်ခြင်သည့် "ဉာဏ်အလုပ်"ဟု သိရှိထားပါသည်။
နှစ်မျိုးစလုံး တူညီနေသည်မှာ "ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိတ္တ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ"စသော "နီဝရဏ"တရားများ ဖယ်ရှားရန်လိုအပ်ခြင်းမှာ တူနေပါသည်။ သမထ တွင် "ပရိကမ္မနမိတ်၊ ဥဂ္ဂဟနမိတ်၊ ပဋိဘာဂနမိတ်" ဆိုပြီးတော့(၃ )မျိုး ရှိတဲ့အနက် "ပဋိဘာဂနမိတ်"ကို ရတဲ့အခါမှာ" ဥပစာရသမာဓိ"ဟု ခေါ်ဆိုထားပါတယ်။" ပဋိဘာဂနမိတ်"ဆိုသည်မှာ မူလယူထားသော "ကသိုင်းနမိတ်" မဟုတ်တော့ပဲ ကသိုင်းနမိတ် နှင့် ပုံစံတူ "အာရုံအတု၊ အာရုံအနု"ဟု ဆိုပါသည်။ စရှုစဉ် က "ကသိုင်းဝန်းနမိတ်"ကို "ပကတိမျက်စိ"နဲ့ စိုက်ကြည့်ရပါတယ်။" ပဋိဘာဂနမိတ်" ရတဲ့အခါ မျက်စိဖွင့်ထားထား၊ ပိတ်ထားထား မည်သည့်နေရာကြည့်ကြည့် "ကသိုင်းနမိတ်"သာ ထင်နေပါတော့တယ်။
"နီဝရဏတရား"တွေ မရှိတော့ပါ။ သို့သော် မခိုင်ခံ့သေး။ ဈာန်အင်္ဂါများ ဈာန်စိတ်များ ပေါ်နေသော်လည်း ရံဖန်ရံခါ ဘဝင်စိတ် ကြားဝင်တတ်တယ် လို့ " ဖားအောက်တောရဆရာတော်ကြီး" ရဲ့ ကျမ်းမှာ ဖတ်ရှုရပါတယ်..တဲ့။ အဲဒီ"ပဋိဘာဂနမိတ်"ကို အထပ်ထပ်ရှုပြီး ခိုင်ခံ့လာပြီဆိုလျှင် "အပ္ပနာဈာန်သမာဓိ" ဖြစ်လာပြီဟု ခေါ်ဆိုနိုင်ပါတယ်။ ဈာန်စိတ်များ အဆက်မပြတ်ဖြစ်နေပါတော့သည်။ ဈာန်အင်္ဂါများကိုလည်း ထင်ထင်ရှားရှား သိနေနိုင်ပါသည်။
"ပထမဈာန်"ရပြီလို့ ပြောနိုင်ပါသည်။ ထိုနောက်မှာ ဈာန်အင်္ဂါများကို ရှုမှတ်၍ ပယ်သွားခြင်းဖြင့် ဈာန်အဆင့်ဆင့် ဆက်တက်သွားနိုင်ပါသည်။ ဤကား သမထအလုပ်ဟု နားလည်ထားပါသည်။
"ဝိပဿနာ"အလုပ်သည် "ဉာဏ်အလုပ်" ဖြစ်ပါသည်။ "မိုးကုတ်ဆရာတော်ဘုရားကြီး "က "သမာထ"ဆိုသည်မှာ "ရိုးရိုးမျက်စိ"နဲ့ ကြည့်ရသည်။ "ဝိပဿနာ"ကတော့ "ဉာဏ်နှင့် ကြည့်ရသည်"ဟု နားလည်လွယ်အောင် မိန့်ခဲ့ပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်အမှန်ကို ယျထာဘူတ ကျကျ မြင်နိုင်ရန်မှာ "နီဝရဏတရား"များ ဦးစွာ ဖယ်ရှားရပါသည်။ "သမာထ"ကနေ ဈာန်သမာဓိရပြီး" ဝိပဿနာ"ကူးရာမှာ မူလယူထားတဲ့ သမထအာရုံမှ "ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မ " တို့ရဲ့  ဖြစ်ခြင်း ပျက်ခြင်းကို ပြောင်းပြီး ရှုဆင်ခြင်ဖို့ လိုပါသည်။
"သမထ"ပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိပါသည်။ ဘာတွေလဲဆိုတော့.....
(၁) ကသိုဏ်း (၁၀) ပါး။
" ရေ၊ မြေ၊ လေ၊ မီး၊ နီ၊ ၀ါ၊ ညို၊ ဖြူ၊ ကောင်းကင်၊ အလင်းရောင်"
(၂) အသုဘ (၁၀) ပါး။
(၃) အနုဿတိ (၁၀)ပါး ။
"ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ (ရတနာ ၃ ပါးဂုဏ်ကို ဆင်ခြင်ခြင်း)၊
သီလာ၊ စာဂါ၊(မိမိ၏ သီလ၊ ဒါနတို့ကို ဆင်ခြင်ခြင်း)၊
ဒေ၀တာ(နတ်တို့၏ဂုဏ်)၊ ဥပသမာ(နိဗ္ဗာန်၏ ဂုဏ်ကို အောက့်မေ့ခြင်း)၊
မရဏာ (သေခြင်းကို ဆင်ခြင်ခြင်း)၊
ကာယဂတာ ( ၃၂ ကောဋ္ဌာသ)၊ အာနာပါနဿတိ (၀င်လေ၊ ထွက်လေ)
(၄) ဗြဟ္မ၀ိဟာရ ၄ ပါး
" မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပေက္ခာ၊"
(၅) အာရုပ္ပတရား ၄ ပါး။
(၆) အဟာရေ ပဋိကူလသညာ ၁ ပါး။
(၇) စတုဓါတုဝဝတ္တာန ၁ ပါး
(ခန္ဓာရှိ ဓါတ်ကြီးလေးပါး)။
ကမ္မဌာန်း ၄၀ မှာ အနုဿတိ ၁၀ ပါးအနက် "ကာယဂတာဿတိ" နဲ့ "အာနာပါနဿတိ"တို့မှ လွဲ၍ ကျန်အနုဿတိ ၈ ပါး၊ အဟာရေ ပဋိကူလသညာ နှင့် စတုဓါတုဝဝတ္တာနကမ္မဌာန်း တို့သည် ဥပစာရသမာဓိကိုသာဆောင်နိုင်သော ဥပစာရကမ္မဌာန်းတို့ ဖြစ်ပါသည်။ ကသိုင်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကာယဂတာဿတိ၊ အာနာပါနဿတိ၊ ဗြဟ္မ၀ိဟာရ ၄ ပါး၊ အာရုပ္ပ ၄ ပါး၊ ဤ ၃၀ သော ကမ္မဌာန်းတို့သည် အပ္ပနာသမာဓိကို ဆောင်နိုင်သောကြောင့် အပ္ပနာကမ္မဌာန်းဟုခေါ်ပါသည်။
ထို အပ္ပနာကမ္မဌာန်းတို့တွင် ကသိုင်း ၁၀ ပါးနှင့် အာနာပါနဿတိသကမ္မဌာန်းတို့သည် ဈာန်လေးပါး အစဉ်လိုက် စတုတ္ထဈာန်အထိ ဆောင်နိုင်သဖြင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြသည်။ အသုဘ ၁၀ ပါးနှင့် ကယာဂတာဿတိတို့သည် ပထမဈာန်ကိုသာ ဆောင်နိုင်သောကြောင့် ပထမဇ္ဈာနိကကမ္မဌာန်းဟု ခေါ်ပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကမ္မဌာန်းတို့သည် တတိယဈာန်အတိ ပေါက်ရောက်နိုင်သော တတိယဇ္ဈာနိကကမ္မဌာန်းဖြစ်ပြီး ဥပေက္ခာနှင့် အာရုပ္ပ ၄ ပါး ကမ္မဌာန်းတို့သည် စတုတ္ထဈာန်ကိုသာ ပေါက်နိုင်သောကြောင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြပါသည်။
"ဝိပဿနာ"ပိုင်းတွင် သတိပဌာန်တရား ၄ ပါးကို ပွားများ အားထုတ်သူသည် "မျက်မှောက်ဘဝ"မှာပင် "အရဟတ္တဖိုလ်" ထိပေါက်နိုင်သည် တစ်ကြောင်းတည်းသောလမ်းဟု မဟာသတိပဌာနသုတ်တွင် ဟောကြားထားခဲ့ပါသည်။
"ကာယနုပဿနာသတိပဌာန်"သည် ဝင်လေထွက်လေ၊ ၃၂ ကောဋ္ဌာသ စသည့်ရုပ်အပေါင်းကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုခြင်းဖြင့် အသုဘအခြင်းအရာ ထင်လာပြီး သုဘ ဝိပလ္လာသ (တင့်တယ်သည်ဟု ဖောက်ပြန်စွာမြင်ခြင်း)ကို ပယ်ရှားပါသည်။
" ဝေဒနာနုပဿနာ"သည် ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာ တို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ခြင်းဖြင့် ဒုက္ခအခြင်းအရာထင်လာပြီး ရုပ်နာမ်တို့အပေါ် သုခဟုထင်မှတ်မှားခြင်း၊ သုခ ဝိပလ္လာသ ကို ပယ်ရှားခြင်း ဖြစ်ပါသည်။
"စိတ္တာနုပဿနာသတိပဌာန်"သည် ဖြစ်ပေါ်လာသမျှသော ရာဂနှင့်တကွသောစိတ် ရာဂကင်းသောစိတ်စသဖြင့် ခိုင်မြဲသော သတိ ဖြင့် အဖန်ဖန်ရှုမှတ်ရာမှ စိတ်တို့၏ မမြဲသော အနိစ္စအခြင်းအရာ ထင်လာပြီး မြဲသည်ဟု ဖောက်ပြန်စွာမြင်သော နိစ္စ ဝိပလ္လာသကို ပယ်ရှားခြင်းဖြစ်ပါသည်။
"ဓမ္မာနုပဿနာသည် ကာယ၊ ဝေဒနာ၊ စိတ္တတို့မှကြွင်းသော သညာ၊ သင်္ခါရစသော ဓမ္မ၊ နီဝရဏတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ရင်း လောကတွင် အရာရာတို့သည် ပရမတ္တဓမ္မတို့သာ ဖြစ်ပျက်ပြောင်းလည်းနေခြင်း အတ္တကောင် အသက်ကောင် လိပ်ပြာကောင်တို့ မရှိဟူသော အနတ္တအခြင်းအရာကိုထင်လာပြီး အတ္တ ဝိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။
ဝိပဿနာတရား အားထုတ်မည့်သူသည် ရှေးဦးစွာ "သီလမဂ္ဂင်" နှင့် ပြည့်စုံရန်လိုအပ်ပါသည်။ လူတို့အတွက်မူကား "အာဇီဝဋ္ဌမက "သီလနှင့် ပြည့်စုံရပါမည်။ မိစ္ဆာဇီဝ နှင့် ကာယဒုစရိုက် ၃ ပါး (သူ့အသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းခိုးခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာပြုမိခြင်း)၊ ဝစီဒုစရိုက် ၄ ပါး (လိမ်လည်ပြောဆိုခြင်း၊ ချောပြစ်ဂုံးတိုက်သော စကား၊ ပိန်ဖျင်းသောစကား၊ ရုန့်ရင်းကြမ်းတမ်းသောစကား) စသော ၈ ပါးသော မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကျဉ်နိုင်လျှင် လူတို့အတွက် ၈ ပါးသီလ လုံခြုံပါသည်။ မဂ္ဂင် ၈ ပါးအနက် "သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမာအာဇီဝ"စသော မဂ္ဂင် ၃ ပါးဖြင့် ပြည့်စုံပါပြီ။
ထို သီလမဂ္ဂင် ၃ ပါး ပြည်စုံပြီးနောက် "အာနာပါနဿတိ၊ ကာယဂတာဿတိ ကမ္မဌာန်း"တို့ဖြင့် ပထမဈာန် ရောက်အောင် အားမထုတ်ပဲ "ဥပစာရသမာဓိ" သို့မဟုတ် "ခဏိကသမာဓိ" ဖြင့် ဝိပဿနာလမ်း ကိုလိုက်လျှင် "သုဒ္ဓဝိပဿနာယာနိကလမ်း"ကို လိုက်သူဟု ခေါ်ဆိုပါသည်။
သို့မဟုတ် ဈာန်၊ သမာပတ်များထူထောင်ပြီးမှ ဝိပဿနာလမ်းလိုက်လျှင် "သမာထဝိပဿနာယာနိကလမ်း" လိုက်သူဟု ခေါ်ဆိုနိုင်ပါသည်။
ထိုလမ်းကြောင်း ၂ ကြောင်းအနက် မည်သည့် လမ်းကြောင်းကိုလိုက်သည်ဖြစ်စေ ကျန်မဂ္ဂင် ၅ ပါးဖြစ်သော "သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ"တို့နှင့် ပြည့်စုံသည့်အခါ မဂ္ဂင် ၈ ပါး ပြည့်စုံသွားပြီး "နိရောဓသစ္စာ" ဖြစ်သည့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်ပါသည်။
သတိပဌာန်တရား ၄ ပါး ပွါးများ အားထုတ်ရာတွင် အကြမ်းအားဖြင့် "ရုပ်ကမ္မဌာန်းနှင့် နာမ်ကမ္မဌာန်း "၂ မျိုး ခွဲခြားကြည့်နိုင်ပါသည်။ "ကာယယနုပဿနာ" ကို ရုပ်ကမ္မဌာန်းဟု ခေါ်ဆိုပြီး "စိတ္တာ၊ ဝေဒနာ၊ ဓမ္မာနုပဿနာ"တို့ကို "နာမ်ကမ္မဌာန်း"ဟု ခေါ်ဆိုသည်ဟု နားလည်ထားပါသည်။
ထိုကမ္မဌာန်း ၂ မျိုး ရွှေးချယ်မှုနှင့်ပတ်သက်၍ ဘဝသာသနာစာအုပ်တွင် လယ်တီဆရာတော်၊ သထုံဇေတဝန်ဆရာတော်ကြီး၊ မိုးညှင်းဆရာတောကြီး၊ ရွှေတောင်ဆရာတော်၊ ပြည်နိဗ္ဗိန္ဒဆရာတော်၊ မဟာစည်ဆရာတော်၊ တောင်ပုလုဆရာတော်၊ ဝေဘူဆရာတော်တို့သည် "ရုပ်ကမ္မဌာန်း"ကို အပေးများသည်။
မိုးကုတ်ဆရာတော်ကြီးက "စိတ္တာနုပဿနာ "နာမ်ကမ္မဌာန်းကို အပေးများသည်ဟု ဖောပြထားပါသည်။
"စိတ္တာနုပဿနာ"ကို မိုးကုတ်ဆရာတော်ကြီး သဘောကျရခြင်းမှာ-
(၁) မိုးကုတ်ဆရာတော်ကြီးသည် အနှစ် ၃၀ ကျော် အဘိဓမ္မာ ပို့ချခဲ့လို့ အဘိဓမ္မာအားသန်လို့ မမြင်ရသော စိတ်-စေတသိတ် သရုပ်ခွဲရာတွင် အားသန်သည်၊ အလေ့အကျင့်များသည်က တစ်ကြောင်း။
(၂) စိတ်တို့သည် ရုပ်ထက် အဖြစ်အပျက်မြန်သည် "ဒိဌိ"ကွာလွယ်မည်။ "ဒိဌိ" ပြုတ်ရင် "သောတာပန်" ဖြစ်လွယ်သည်က တစ်ကြောင်း။
(၃) အရှင်သာရိပုတ္တရာက "သူများစိတ် အကဲခတ်ရတာထက် ကိုယ်စိတ် အကဲခတ်ရတာ" ပိုပြီး "အမှန်" တွေ့နိုင်သည်။ စိတ်ကိုရှုကြဟု မိန့်သည်က တစ်ကြောင်းဟု ယူဆကြောင်း ၄င်းစာအုပ်တွင် ဖော်ပြထားပါသည်။
သို့သော်လည်း မိုးကုတ်ဆရာတော်ကြီးကလည်း "ကိုယ် နဲ့ လိုက်ဖက်တဲ့ တရားနာပါ"လို့ မိန့်ပါသည်။ "ရုပ်ကြိုက်လား၊ စိတ်ကြိုက်လား၊ ဝေဒနာကြိုက်လား၊ ဓမ္မသဘောကြိုက်လား အဆင်ပြေတာရှုပါ"ဟု တိုက်တွန်းခဲ့ပါသေးသည်။
အချုပ်အားဖြင့် မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁) အရ သတိပဌာန်တရားလေးပါး မှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် သတိပဌာန်တရား ၄ ပါးကို ပွားများခြင်းသည်သာ တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါသည်။ သောတာပန် ဖြစ်ဖို့မှသည် ရဟန္တာဖြစ်သည်အထိ "တစ်ကြောင်းတည်းသောလမ်းကို ၄ ကြိမ်" လျှောက်ရမည် ဖြစ်ပါသည်။
ကမ္မဌာန်းရွှေးချယ်ရာတွင်လည်း စရိုက် ၆ မျိုး ရှိသည့်အနက် မိမိစရိုက် နှင့် သင့်တော်ဖို့ အရေးကြီးသည် ဟု မှတ်သားဘူးပါသည်။ သတိပဌာန် ၄ ပါးလုံးကို ရှုကြည့်ပါ။ မိမိအားသန်ရာ ကမ္မဌာန်းတစ်ခုခုကို ရှုရင်းဖြင့် သတိထားမိလာပါလိမ့်မည်။ အားသန်ရာကို စွဲစွဲမြဲမြဲ အားထုတ်ဖို့သာလိုပါသည်။ "ရုပ်ရယ် ၊စိတ်ရယ်၊ ဝေဒနာ ရယ်၊ ဘယ်ဟာရှုရှု ဖြစ်ပျက်ဆုံး ဖြစ်ပျက်မုန်း ပါက "အသင်္ခတ နိဗ္ဗာန်"က ဆီးကြိုနေမည်ဟု ယုံကြည်ပါသည်။
သတိပဌာန်တရား ပွါးများသူသည် ၇ ရက်မှ ၇ နှစ်အတွင်း "အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိလျှင် အနာဂါမိဖိုလ်ဖြစ်စေ" ၂ ခုအနက် တစ်ခုခုသော"ဖိုလ်"ကို ရမည်ဟု "မဟာသတိပဋ္ဌာနသုတ်"တွင် ဟောကြားထာသောကြောင့် "သူတော် ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာ နှလုံး၊ ကျင့်သုံး ဇွဲသန် မြတ်နိဗ္ဗာန်သို့"ဟူသော အဆုံးအမနှင့်အညီ အားထုတ်သွားကြပါရန် စေတနာရှေ့ထား၍ အကြံပြုတိုက်တွန်းအပ်ပါသည်။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
သာဓု၊သာဓု၊သာဓု
••••••••••••••••••••••••••••••••••
ကိုးကား-မေတ္တာစက်ဝန်း နှင့် Ref: http://khitthitmyotaw.blogspot.com/2013/05/blog-post_15.html တို့ မှ ကောက်နှုတ် ဒါနပြုပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
ဓမ္မရေချမ်းစင် FB မှ
သံယောဇဉ်နဲ့ သတိရခြင်း ဆိုတာ
အင်မတန် ပူလောင်ပါတယ် ၊
ဒါဆိုရင် သံယောဇဉ်ကို ဖြတ်သင့်လား ?
မဖြတ်သင့်ဘူးလား ? ဖြတ်သင့်တယ် ၊
ဖြတ်သင့်တယ် ဆိုပြီး ကွာရှင်းပြတ်စဲရမှာ မဟုတ်ဘူးနော်၊
စိတ်ထဲမှာ ရှိနေတဲ့ သံယောဇဉ်ဓါတ်တွေကို
ပါးသည်ထက် ပါးသွားအောင် ကြိုးစားရမယ်၊
သံယောဇဉ်နေရာမှာ မေတ္တာ အစားထိုးရမယ်၊
သံယောဇဉ်နေရာမှာ သဒ္ဓါ ၊ ဝီရိယ ၊သတိ ၊ သမာဓိ၊ ပညာ၊ သူတော်ကောင်းဓါတ်တွေ အစားထိုးရမယ် ။
ဒါဆိုရင် တဏှာဓါတ်တွေ ပါး ပါးမသွားဘူးလား ?
----------------------------------------------
"နွယ်တစ်မျှင် မြက်တစ်ပင်လို . . . သံယောဇဉ်ကို အလွယ် ဖြတ်နိုင်တဲ့သူ ဖြစ်ရပါလိုသည် ၊ တဲ့ ။
မြန်မာဂန္ဓဝင်သီချင်းတွေထဲက ရေနံချောင်းသား ကိုတင်လှိုင် ဆိုထားတဲ့ " အမုန်းခွန်အား ပေးသနားပါ" ဆိုတဲ့ သီချင်းထဲ က " နွယ်တစ်မျှင် မြက်တစ်ပင်လို . . . သံယောဇဉ်ကို အလွယ်တကူ ဖြတ်နိုင်တဲ့သူ . . . ဖြစ်လိုပါသည်" ကို အကြိုက်ဆုံးပါပဲ ။
ဘာဖြစ်လို့လဲ ဆိုတော့ တရားသဘောတွေ အပြည့်ပါလို့လေ ။ အဲဒီသီချင်း ကြိုက်လို့လဲ ဘုန်းကြီး ဖြစ်တာ ဖြစ်နိုင်တယ်နော် . . . .။
ဘယ်လောက်များ ကောင်းလိုက်လဲ ၊
နွယ်ပင်လေးကို ဆွဲဖြတ်လိုက်သလို ၊မြက်ပင်လေးကို ဆွဲဖြတ်လိုက်သလို . . .သံယောဇဉ်အမျှင်တန်းတွေကိုလည်း ရုတ်တရက် အလွယ်တကူ ထောက်ကနဲ ချိုးဖြတ်နိုင်သူ ဖြစ်ပါရစေ" တဲ့ ။
ခု . . တရားနာပရိတ်သတ်များရော သံယောဇဉ်တွေ ဖြတ်ချင်တဲ့စိတ် ရှိရဲ့လား၊
" ရှိပါတယ်ဘုရား"
"အံမယ် . .ရှိတယ်တဲ့ ၊ နေပါဦး . သံယောဇဉ်ကို
နွယ်တစ်မျှင် ၊ မြက်တစ်ပင်လို ဖြတ်ချင်တာလား ၊
သစ်ကိုင်းတစ်ကိုင်းလို ဖြတ်ချင်တာလား ၊
ခု . . .တရားနာပရိတ်သတ်များရဲ့ သံယောဇဉ်က
နွယ်တစ်မျှင်လား ၊ သစ်ကိုင်းတစ်ကိုင်းလား ၊
-သစ်ကိုင်းတစ်ကိုင်းပါ ဘုရား ၊
သစ်ကိုင်းမှာ မန်ကျည်းကိုင်းလား ၊ တမာကိုင်းလား၊
-မန်ကျည်းကိုင်း ဆိုရင် . .
"မန်ကျည်းတစ်ညို ၊ လူတစ်ကိုယ်တဲ့ ၊
လက်တစ်ဆစ်လောက်ပဲတုတ်တဲ့ မန်ကျည်းကိုင်းလေး တစ်ကိုင်းကလည်း လူတစ်ကိုယ် ရပ်တည်လို့ မရဘူးလား ၊
ရတယ် ၊ တော်တော်နဲ့ မကျိုးဘူး ။
"တမာတစ်ကိုင်း လူ့သချင်္ိုံင်းတဲ့ ။
တမာကိုင်းက ဆတ်တယ် ၊ ကျိုးလွယ်တယ်လေ ၊
ဒါကြောင့် တမာကိုင်းပေါ် လူတက်လိုက်ရင် အလွယ်တကူ ကျိုးပြီး လူသေသွားနိုင်တယ် လို့ ပြောတာ ။
သေရင် သချိင်္ုင်း ရောက်မှာမို့ " တမာတစ်ကိုင်း လူ့သင်္ခ်ျုင်းတဲ့။
သစ်ကိုင်းသံယောဇဉ်သမားတွေမှာလည်း . .
မန်ကျည်းကိုင်းသံယောဇဉ်နဲ့ တမာကိုင်းသံယောဇဉ် လို့ နှစ်မျိုး ရှိပြန်တာပေါ့ ။
မန်ကျည်းကိုင်းသံယောဇဉ်က က ဖြတ်ဖို့ သိပ်ခက်တယ် ။ အစွဲအလန်း အရမ်းကြီးလို့ ။
တမာကိုင်းသံယောဇဉ်က ဖြတ်ဖို့လွယ်တယ် ။ အစွဲအလန်း မကြီးလို့ ။
အဲဒီတော့ ကိုယ့်သံယောဇဉ်ဟာ မန်ကျည်းကိုင်း ဖြစ်သင့်လား ။ တမာကိုင်း ဖြစ်သင့်လား ။
-တမာကိုင်း ဖြစ်သင့်ပါတယ်ဘုရား ၊
အဲဒီကျတော့လည်း . .
"တမာတောမှာ ပျော်တယ် ဆိုတဲ့ .. မောင်ရေ . . မောင်ရေ" ဆိုတာက လာဦးမှာ ။ မခက်ဘူးလား ။ ခက်တာပဲ ။ ဒါကြောင့် . . . ဆိုလိုက်ပါ ။
-----------------------------------------------
"မေတ္တာနဲ့သာ အေးချမ်းစွာ စိတ်မှာ သတိရ"
ကိုယ်ချစ်တဲ့သူ ၊ ကိုယ်သံယောဇဉ် ရှိတဲ့သူကို သတိမရဖို့ ဖြစ်မှ မဖြစ်နိုင်တာ ။
တစ်ဖက်သားကိုလည်း သတိမရနဲ့လို့ တားဆီးလို့ မရဘူး ။
ကိုယ်ကိုယ်တိုင်လဲ မေ့ပစ်လိုက်လို့ မရဘူး
အဲဒီတော့ သတိရတဲ့အခါမှာ . . . .
ကိုယ့်စိတ်ကိုယ်စစ်လိုက် ၊ တဏှာနဲ့ သတိရနေတာလား ၊ မေတ္တာနဲ့ သတိရနေတာလား ၊ တဏှာနဲ့ သတိရနေရင် မေတ္တာ ဖြစ်အောင် မြန်မြန် ပြောင်းလိုက်ပါ။
ကိုယ်ချစ်တဲ့သူကို သတိရတယ်။ပျော်ခဲ့ပါးခဲ့ ကြည်နူးခဲ့ တာတွေကို သတိရမနေဘဲနဲ့ ၊ ပျော်ချင်ပါးချင်တဲ့စိတ်နဲ့ သတိရမနေဘဲနဲ့ " ကျန်းမာပါစေ ၊ ချမ်းသာပါစေ" မေတ္တာလေးပွားပြီး သတိရတော့ အေးချမ်းသွားတယ် ။
ကိုယ်ချစ်တဲ့သူကို ကူညီစောင့်ရှောက်ခဲ့တာလေးတွေ ၊ ပေးကမ်း လှူဒါန်းခဲ့တာလေးတွေကို ပြန်တွေးလိုက်တော့ စာဂါနုဿတိ ဘာဝနာတောင် ဖြစ်သွားသေးတယ် ။
သတိရနည်းလေး ပြောပေးတာနော် ။
သတိမရနဲ့လို့ တားနေတာ မဟုတ်ပါဘူး ၊
-တဏှာနဲ့ သတိမရပါနဲ့ ၊ မေတ္တာနဲ့ သတိရပါ ၊
-ဒေါသနဲ့ သတိမရပါနဲ့ ၊ ကရုဏာနဲ့ သတိရပါ ၊
-ဣဿာနဲ့ သတိမရပါနဲ့ ၊ မုဒိတာနဲ့ သတိရပါ ၊
စသည်ဖြင့်ပေါ့နော် ၊ သတိရနည်း မှန်ကန်ဖို့ ပြောပေးနေတာပါ ။
မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ လို့ခေါ်တဲ့ သူတော်ကောင်း တရားလေးတွေနဲ့ သတိရနေမယ် ဆိုရင် စိတ်လည်း အေးချမ်းပါတယ် ။ ကုသိုလ်တရားတွေလည်း တိုးပွားပါတယ်။
ပေးခဲ့ ၊ ကမ်းခဲ့ ၊ လှူခဲ့ ၊ တန်းခဲ့တာတွေကို အများအားဖြင့် ပြန်ပြီး မစဉ်းစားမိတတ်ဘူး ။
ကိုယ်ချစ်ခင်မြတ်နိုးတဲ့ ၊ ကြည်ညိုလေးစားတဲ့သူကို သတိရနေတယ် ဆိုရင် . . သတိရမှုနဲ့အတူ တွဲပြီး ကိုယ်ပေးလှူခဲ့ ၊ ကူညီခဲ့တာတွေ ကို ပြန်ပြီးတော့ သတိရသင့်တယ် ။
ဒါဆိုရင် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တွေကလည်း အားကောင်း သည်ထက် အားကောင်းလာမယ် ။ မေတ္တာဓာတ်တွေလည်း ပို ပိုလာမယ် ။
သူ့အပေါ်မှာတွင် မဟုတ်ဘူး ၊ တခြားသော ပုဂ္ဂိုလ်တွေ အပေါ်မှာလည်း မေတ္တာဓာတ်တွေ ထားနိုင်လာတယ် ။
ကိုယ်ချစ်တဲ့သူအပေါ် မေတ္တာထားခဲ့တာတွေ ထပ်ကာထပ်ကာ သတိရဖန် များလာရာကနေ မေတ္တာဓာတ်တွေ တိုးပွားပြီး ကိုယ်နဲ့ ပတ်သက်လာသမျှ တခြားလူတွေအားလုံး အပေါ်မှာလည်း မေတ္တာထားနိုင်လာတယ် . . .။
"မေတ္တာနဲ့သာ အေးချမ်းစွာ ၊ စိတ်မှာ သတိရ ။
ဘယ်လောက်ဝေးဝေး နီးနီးလေး ၊ ငေးမှိုင်မနေရ "။
" ဆရာတော်အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
(ဘယ်လောက်ဝေးဝေး နီးနီးလေး- စာ- ၅၉-၆၅ )
Credit- ဓမ္မ နှစ်သက်သူ
မူလ-ဓမ္မရေချမ်းစင် FB
Wednesday, October 26, 2016
~~~~~~~*****~~~~~~~
ကျောင်းတိုက်တော်တော်များများမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာကား
အခြားမဟုတ် ဝေယျာဝစ္စပြုလုပ်သူများနှင့် ဥပုသ်သည်များသည် ကျောင်းဝေယျာဝစ္စ ပြုလုပ်ကြရာဝယ် အလွယ်တကူတွေ့ရသည့် ရဟန်း,သာမဏေတို့၏ ဟောင်းနွမ်းနေသည့်သင်္ကန်းကို လက်နှီးစုတ်ပြုလုပ်ခြင်း, ကြမ်းတိုက်အဝတ် ပြုလုပ်ခြင်းများပင် ဖြစ်ပေ၏။
ဘုရားရှင်ရဲ့. အသုံးအဆောင်ဖြစ်တဲ့ သင်္ကန်း သပိတ်စတဲ့ ပရိက္ခရာ တွေဟာ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့ရဲ့ ကိုးကွယ်ရာ ပရိဘောဂစေတီ ထိုက်ပါတယ်။ စေတီဆိုတာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်ခြင်းကို ခံထိုက်ပါတယ်။ ပူဇော်သူကို လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် စေတီထိုက်သော အရာဝတ္ထုကို မရိုမသေ, မလေးမစား မပြုသင့်ပါဘူး။ မလေးမစား ပြုမူတာကို မဆိုထားနှင့် ဓာတုစေတီဖြစ်တဲ့ ဓာတ်တော်ကို အပြစ်ဆိုမိရုံနှင့် အပါယ်လားကြောင်း ပေတဝတ္ထုမှာ အတိအလင်း ဆိုထားတာ ရှိပါတယ်။
ဘုရာရှင်ရဲ့. အသုံးအဆောင် မှန်သမျှဟာ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက်သလို၊ ရဟန်းသံဃာတော်တို့ရဲ့. အသုံးအဆောင် မှန်သမျှဟာလည်း လူသားများအတွက် စေတီထိုက်ပါတယ်။ ရဟန်းတော်တို့ရဲ့. သင်္ကန်းစုတ်ရယ်လို့ မရိုမသေ, မလေးမစား မပြုသင့်ဘူး။ သင်္ကန်းဟောင်း,သင်္ကန်းစုတ်ဖြစ်သော်လည်း သင်္ကန်းကို ရိုသေလျှင် သံဃာကိုရိုသေရာ ရောက်ပါတယ်။ ဒါကြောင့် သင်္ကန်းကို ရိုသေရမယ်။
ဒီအကြောင်းကို ထေရဂါထာအပါဒါန် ဂေါသာလမထေရ်ဝတ္ထုမှာ ဟောထားတယ်။ လွန်ခဲ့တဲ့ (၉၁ )ကမ္ဘာထက်က ဥဒင်္ဂဏဆိုတဲ့ တောင်ယံမှာ ရှင်ပစ္စေကဗုဒ္ဓါတစ်ပါး သီတင်းသုံးနေတော်မူပါတယ်။ တစ်နေ့မှာ ရှင်ပစ္စေကဗုဒ္ဓါရဲ့. သင်္ကန်းတော်ဟာ ဝတ်လို့မရနိုင်လောက်အောင် စုတ်ပြတ်ဟောင်းနွမ်းနေတဲ့အတွက် သင်္ကန်းကို အမှတ်မထားပဲ သွားသည့်သူများနှင့် လူမိုက်များ မနင်းမိအောင် သစ်ပင်တစ်ပင်ရဲ့. အကိုင်းပေါ် တင်ထားပါတယ်။
အမျိုးကောင်းသားတစ်ဦးဟာ ကိစ္စတစ်ခုနှင့် တောထဲသို့လာစဉ် သစ်ကိုင်းတစ်ခုပေါ်မှာ ချိတ်ဆွဲထားတဲ့ သင်္ကန်းစုတ်ကြီးကို မြင်တဲ့အခါ ဤသင်္ကန်းဟာ ရဟန်းတော်များဝတ်ဆင်ပြီး ကိလေသာအညစ်အကြေးများကို ကင်းစင်အောင် ဆေးလျှော်တော်မူကြတယ်။ သင်္ကန်းဆိုတာ ရဟန်းတို့ရဲ့. အောင်လံ ဖြစ်သလို အရဟတ္တဖိုလ်ရဲ့. တံခွန်လည်းဖြစ်တယ်။ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ဦးခိုက်ပူဇော်ထိုက်တဲ့ အဝတ်မျိုးလည်း ဖြစ်ပါတယ်။
ဒီသင်္ကန်းကို ငါဘာဖြင့် ပူဇော်ရင် ကောင်းမလဲလို့ ဟိုဟိုသည်သည် ကြည့်လိုက်တဲ့အခါ နီနီရဲရဲ ပွင့်နေတဲ့ ပန်းဆွဲလွဲလို့ အမည်ရတဲ့ပန်းတွေကို မြင်ရတဲ့အခါ ဝမ်းမြောက်ဝမ်းသာစွာ ပန်းသုံးခိုင်ဆွတ်ခူးပြီး သင်္ကန်းပေါ်ကို တင်လှူပူဇော်ခဲ့တယ်။ ပြီးတော့ ရိုသေစွာ ရှိခိုးဦးချခဲ့တယ်။
ဒီကောင်းမှုကြောင့် ကွယ်လွန်တော့ တာဝတိံသာ နတ်ပြည်မှာ နတ်သား ဖြစ်ရတယ်။ နတ်ဘဝက စုတေတော့ (၉၁ )ကမ္ဘာပတ်လုံး အပါယ်လေးပါးကို တစ်ကြိမ်တစ်ခါမျှ မလားခဲ့ရဘူး။
စွန့်ပစ်ထားတဲ့သင်္ကန်းကို ပူဇော်တဲ့ကောင်းမှုကြောင့် အပါယ်ဘေးက ကင်းဝေးပြီး အခု ဂေါတမဘုရားလက်ထက်မှာ ချမ်းသာကြွယ်ဝတဲ့ အမျိုးမှာ ဂေါသာလလို့ အမည်ရပြီးတစ်ကုဋေတန် နားဋောင်းကို ဝတ်ဆင်နိုင်တဲ့သူ ဖြစ်ခဲ့ရတယ်။ သောဏကောဋိကဏ္ဏ သူဋ္ဌေးသားနှင့်သူငယ်ချင်းဖြစ်ကြတယ်။
အရွယ်ရောက်လာတော့ သောဏသူဌေးသား သင်္ကန်းဝတ်တော့ သူလဲ အားကျပြီး သင်္ကန်းဝတ်ခဲ့တယ်။
ရဟန်းပြုပြီး အခြားကို မသွားပဲ မယ်တော်ကြီး၏ဆွမ်းကို အမှီပြုပြီး ရဟန်းတရား အားထုတ်လိုက်တာ ရဟန္တာဖြစ်တော်မူတယ်။
ဒီဝတ္ထုကိုထောက်၍ သင်္ကန်းဆိုတာ စုတ်ပြတ်နေသော်လည်း လူသားများအတွက် ပရိဘောဂစေတီ ထိုက်နေသေးတယ်။ မထင်မဲ့မြင် မပြုကောင်းဘူး။ မရိုမသေ. မလုပ်ကောင်းဘူး။ မရိုမသေ ပြုလုပ်ခဲ့ပါလျှင် အပြစ်ဖြစ်တတ်တယ်။
ဒါကြောင့် သင်္ကန်းအဟောင်း,သင်္ကန်းအစုတ်များကို လူသားများအနေဖြင့် လက်သုတ်ပုဝါ, လက်နှီးသုတ်, ကြမ်းတိုက်အဝတ် မပြုလုပ်သင့်ကြောင်း စေတနာဖြင့် တင်ပြအပ်ပါတယ်။
( ကျောင်းမှာ ဝေယျာဝစ္စ ပြုလုပ်သူများ, ဥပုသ်သည်များ အဖြစ်များတတ် ပါသည်။ ကုသိုလ်ရဖို့ထက် အကုသိုလ်ရမှာ ဖြစ်သောကြောင့် ဆင်ခြင်ကြ စေလိုပါသည်။ )
Credit to original writer.
မူလ-ဓမ္မရေချမ်းစင် FB
Tuesday, October 25, 2016
လူတွေက အဘိဓမ္မာဆိုတာနဲ့ လန့်သွားတယ်ဆိုတာ ဘုန်းကြီး ၀ါရှင်တန်မှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက အမျိုးသမီးတစ်ယောက်က ဘုန်းကြီးကိုလျှောက်တယ်။
"အဘိဓမ္မာသင်တန်းဆိုတာ အင်မတန် ခက်ခဲတယ်။ တပည့်တော် နားလည်နိုင်မှာ မဟုတ်ဘူးဆိုပြီး သင်တန်းလာမတက်တာပါဘုရား" လို့ ဒီလိုလျှောက်ထားဖူးတယ်။ အမှန်ကတော့ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်သိဖို့ သင်ကြားတဲ့ကျမ်းလို့ ဘုန်းကြီးတို့က ယူဆပါတယ်။ လူတွေက များသောအားဖြင့် ကိုယ့်အကြောင်းကိုယ် သိပ်ပြီးတော့မသိကြဘူး။ သိတယ်လို့ ထင်နေကြတယ်ဆိုပေမဲ့ တကယ်တမ်း ကိုယ်ဘ၀ကလာသလဲ၊ ဘယ်လိုမွေးဖွားလာသလဲ၊ ကိုယ်ရှင်သန်နေတဲ့အချိန်မှာ ဘယ်လိုနေသလဲ၊ သေတော့ ဘယ်လိုသေသလဲဆိုတဲ့ ကိုယ့်ရဲ့သိသင့်သိထိုက်တဲ့အကြောင်းတွေကို မသိကြတာပါ။
ကိုယ်က ဘယ်မြို့ဘယ်ရွာမှာမွေးတယ်၊ ၊ဘယ်သူ့သား၊ နာမည်ကဘယ်လိုခေါ်တယ်၊ ဒီလိုအပေါ်ယံလေးတွေလောက်သာ သိနေကြတာပါ။ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်အသေးစိတ်သိအောင်ဖေါ်ပြတဲ့တရားဖြစ်ပါတယ်။ ဒါကြောင့်လက်တွေ့ဘ၀မှာဆိုလို့ရှိရင် အဘိဓမ္မာကိုသင်ထားတဲ့၊ အဘိဓမ္မာကိုလေ့လာထားတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်နေ နေတာဟာ ကုသိုလ်စိတ်နဲ့နေတာလား၊ အကုသိုလ်စိတ်နဲ့နေတာလားဆိုတာကို ကွက်ကွက်ကွင်းကွင်းသိပါတယ်။ သိတော့ နေ့စဉ်ဘ၀မှာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ စိတ်ကိုဖြူစင်အောင်ထားတတ်လာတယ်၊ ငါဖြစ်နေတာ ကုသိုလ်တွေဖြစ်နေတာလား၊ အကုသိုလ်တွေဖြစ်နေတာလား ကိုယ့်ဟာကိုယ်ရှင်းရှင်းလေးသိတယ်။ ဘ၀ဆိုတာ ဘယ်လိုစသလဲဆိုတာလဲသိတယ်။ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာလဲသိတယ်ဆိုတော့ အဘိဓမ္မာဆိုတာ ကိုယ့်ဘ၀အတွက် ကိုယ်လျှောက်ရမည့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မီးမောင်းထိုးပြလိုက်တာဖြစ်လို့ အဘိဓမ္မာသင်ကြားရတာဟာ သိပ်ပြီးတန်ဖိုးကြီးလှပါတယ်။
(ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ)
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
❆ အဘိဓမ္မာအနှစ်ချုပ် တရားစာအုပ်များ ❆
အဘိဓမ္မာကို အချိန်ပေးပြီးလေ့လာကြည့်လိုက်ပါ၊
လူ့ဘ၀ရဲ့တန်ဖိုးကိုနားလည်သွားပြီး
ကိုယ့်အကြောင်းလည်းကိုယ်သိလာလိမ့်မယ်၊
တရားတော်တွေကိုလည်း ဘယ်ဆရာတော်ဟောတာဖြစ်ဖြစ်နားလည်သွားမယ်၊
တရားတော်ရဲ့အဓိပ္ပါယ်နားလည်ရင် တရားနာရတာအရသာပိုရှိတယ်။
အဘိဓမ္မာအနှစ်ချုပ်
**************
တိုတိုနှင့် လိုရှင်း ""အဘိဓမ္မာအနှစ်ချုပ်""စာအုပ်များကို ဖိုင်ဆိုဒ်ချုံ့၍ တင်ပေးလိုက်ပါပြီ။ အကြီးဆုံးဖိုင်ဆိုဒ်မှာ 5.3 Mb သာရှိပါသည်။ အောက် Link မှာ Download နိုင်/ Share နိုင်ပါသည်။
(၁) အဘိဓမ္မာအနှစ်ချုပ်(ဒေါက်တာနန္ဒမာလာဘိဝံသ)
https://app.box.com/s/q8einf0x7q3xlv045iv9r9noiwtewzrc
(၂) အဘိဓမ္မာအနှစ်ချုပ် သရုပ်အဓိပ္ပါယ်(ဒေါက်တာနန္ဒမာလာဘိဝံသ)
https://app.box.com/s/wu4uwhuz4yb9m8vddwhcahvj2fpa4p54
ဒေါက်တာနန္ဒမာလာဘိဝံသ၏ တရားစာအုပ်များ
==========================
(၁) အဘိဓမ္မာ မြတ်ဒေသနာ- ပထမတွဲ
Download Link- http://pc.cd/aeHctalK
(၂) အဘိဓမ္မာ မြတ်ဒေသနာ- ဒုတိယတွဲ
Download Link- http://pc.cd/wDHctalK
(၃) ပဋ္ဌာန်းမြတ်ဒေသနာ
Download Link- http://pc.cd/3nHctalK
(၄) ပဋိစ္စသမုပ္ပါဒ်ကို လေ့လာခြင်း
Download Link- http://pc.cd/inHctalK
(၅) ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ
Download Link- http://pc.cd/snHctalK
(၆) ၁၂-နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
Download Link- http://pc.cd/qeHctalK
(၇) အထင်မှား အမြင်မှား
Download Link- http://pc.cd/7nHctalK
(၈) အလုပ်ရှင်နှင့် အလုပ်သမား စိတ်ကောင်းထား
Download Link- http://pc.cd/GDHctalK
(၉) အနတ္တလက္ခဏာသုတ် အနှစ်ချုပ်
Download Link- http://pc.cd/79HctalK
(၁၀) အတ္တာဟိ အတ္တနော နာထော
Download Link- http://pc.cd/q1HctalK
(၃) အဘိဓမ္မာအနှစ်ချုပ်(ဗဟန်း-ညောင်တုန်း-အရှင်တေဇနိယ)
https://app.box.com/s/7k9fwsy0kr96j7ibjo58840v0rpk9rd2
(၄) အဘိဓမ္မာအနှစ်ချုပ်(ဒေါက်တာ-မင်းတင်မွန်)
https://app.box.com/s/vtdywp6yco1uzvaj7m69paeo5zm9bzlx
အခြေခံ ဗုဒ္ဓအဘိဓမ္မာ
============
လောကကြီးက အလိမ်အကောက်တွေများတော့ အသိဉာဏ် နည်းတဲ့ သူတွေဟာ မမှန်ရာကို အမှန်ထင်ပြီး ကျေနပ်နေကြတယ်။ ဒါကြောင့် စာဖတ်ပါ။ လေ့လာပါလို့ တိုက်တွန်းပါတယ်။ လေ့လာလို့ အသိဉာဏ် ရင့်ကျက်လာရင် သူတစ်ပါးရဲ့ လှည့်ကွက်ထဲက လွတ်သွားတော့တာပေါ့။ အခြေခံလောက် သိထားရင်တောင် အဆင်ပြေပါတယ်။ ဖတ်ချင်တဲ့ ဆန္ဒရှိရင် အောက်လင့်မှာ ဒေါင်းပါ။ ဖိုင်ဆိုဒ်တော့ 12 MB ရှိပါတယ်။
(၁) အခြေခံ ဗုဒ္ဓအဘိဓမ္မာ (ပထမတွဲ)
Download Link- http://pc.cd/Q0rrtalK
(၂) အခြေခံ ဗုဒ္ဓအဘိဓမ္မာ (ဒုတိယတွဲ)
Download Link- http://pc.cd/zVrrtalK
(၃) အခြေခံ ဗုဒ္ဓအဘိဓမ္မာ (တတိယတွဲ)
Download Link- http://pc.cd/zXrrtalK
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာ အနှစ်ချုပ် တရားတော်။ဒေါင်းရန် https://my.pcloud.com/publink/show?code=aof (Application) ပါ၊
အသံဖိုင်နှင့်တရားစာတွဲထားလို့ အရမ်းကောင်းပါတယ်။
44.6. MB
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
အပြည်ပြည်ဆိုင်ရာထေရဝါဒ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ
ဘဒ္ဒ န္တနန္ဒမာလာဘိဝံသ မဟာထေရ်မြတ်ကြီး၏ စိန်ရတု ဝိဇာတဂုဏပူဇာ မွေးနေ့ မင်္ဂလာအထိမ်းအမှတ်အနေဖြင့်
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးဧ။် ၂၀၁၃ ခုနှစ် အတွင်း ပြင်ဦးလွင်မြို့ ဓမ္မသဟာယ သာသနစင်တာတွင် သင်ကြားပို့ ချ ထားရှိခဲ့ သော အဘိဓမ္မာ အနှစ်ချုပ်၊ မဟာသတိပဌာနသုတ္တံ၊ ဒိဠိဝိသုဒ္ဂ္ဓိ၊ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဥာဏဒသနဝိသုဒ္ဓိ သင်တန်း ပို့ ချချက် တရားတော် များကို စုပေါင်း၍ တရားချစ်ခင်သူတော်စင်အပေါင်း လွယ်ကူစွာနာယူ မှတ်သား လိုက်နာနိုင် ရန် "IDE2013" အမည်ဖြင့် Mobile Application တစ်ခု အား Apple IOS နှင့် Android Version နှစ်ခုလုံးအနေဖြင့်ပြုလုပ်ထားရှိပြီးဖြစ်ပါသည်။
Apple IOS များတွင် AppStore ၌ IDE2013 ရိုက်နှိပ်ရှာဖွေ၍ လည်းကောင်း၊
Google Play Store များတွင် လည်း
Android Mobile/Tablet Devices များသို့  အောက်ဖေါ်ပြပါ
https://play.google.com/store/apps/details?id=com.ytp.abidhamma&hl=en
စတင် Download ရယူနိုင်ပြီ ဖြစ်ပါ ကြောင်း
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
"""အဘိဓမ္မာသင်ယူရခြင်း အကျိုးကျေးဇူး"""
အဲဒီ အဘိဓမ္မာမြတ်ဒေသနာကို သင်ယူခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ၊ အဘိဓမ္မာကို သင်ယူခြင်းဟာ အဘိဓမ္မာက သဘာဝတရားတွေကို အသေးစိတ် ခွဲခြားလေ့လာတာဖြစ်သောကြောင့် အသိဥာဏ်ကို ဖြစ်ပွားစေတယ်။ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေတယ်၊ အဲဒီ့ ထက်မြက်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေကို အမှီပြုပြီး နောက်ဆုံးကျတော့ ပဋိသမ္ဘိဒါဥာဏ်လို့ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ analytical knowledge ကို ရနိုင်တယ်လို့ ဒီလို ဆိုလိုတယ်။ ဒါ အဘိဓမ္မာ သင်ယူခြင်းရဲ့ အကျိုးကျေးဇူးကို ပြောတာနော်။
အဘိဓမ္မာကို လေ့လာတဲ့ ပုဂ္ဂိုလ်တွေဟာ အသေးစိတ်ကြည့်တတ်မြင်တတ်တယ်၊ ဘာကိုပဲကြည့်ကြည့် analyze လုပ်တတ်တယ်လို့ ဆိုလိုတာ၊ ပဋိသမ္ဘိဒါဥာဏ်ဆိုတာ အရာရာကို ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်တယ်၊ ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်တဲ့အခါ ဘာအကျိုးထူးတုန်းဆိုလို့ရှိရင် 'ဃန'ဆိုတဲ့ အထင်နဲ့ အမှတ်မှားပြီးတော့ နေတဲ့ တွေဝေမှုတွေကို ဖယ်ရှားပစ်နိုင်တယ်။
(ဒေါက်တာ နန္ဒမာလာဘိဝံသ )
Credit : သင်ယူလေ့လာ အဘိဓမ္မာ ။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
"အဘိဓမ္မာ နေ့မြတ်အခါ"-
အကြောင်း တရားဒေသနာတော်"- MP3
•••••••••••••••••••••••••••••••••••••••••••••••••••••••
Download လုပ်၍ နာယူနိုင်ရန် ကျေးဇူးတော်ရှင်
"အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
ဟောကြားတော်မူသော
"အဘိဓမ္မာ နေ့မြတ်အခါ"-အကြောင်း
တရားဒေသနာတော်- MP 3 ကို
ဓမ္မဒါနပြုလိုက်ပါသည်။
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 9.13 MB
https://www.mediafire.com/?cp7d8cprtsuozip
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
ပါမောက္ခချုပ်ဆရာတော်ကြီး
အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူတဲ့ အဘိဓမ္မာမြတ်ဒေသနာ ပထမတွဲ ဒုတိယတွဲ
စာအုပ် နှစ်အုပ်{pdf file}နဲ့ အသံတရားတော်{mp3}အပုဒ်(၂၀)ပါ/ဒေါင်းလော့ယူလိုသူများအတွက်ပါ/စာအုပ်နဲ့ mp3 ကြိုက်နှစ်သက်ရာ ရွေးပြီးယူနိုင်ပါတယ်/စာအုပ်ယူရင် နှစ်အုပ်ပါ
အောက်မှာ ဒေါင်းလော့လင့်တွေပါ
👇👇👇👇👇👇👇👇👇👇👇👇👇👇
#Ebook_credit_dhamma_download
................................&.......................................
#mp3_copy_thitsarparami_dhamma_society
📓📓📓📓📓📓📓📓📓📓📓📓📓📓📓
အဘိဓမ္မာမြတ်ဒေသနာ စာအုပ်{pdf-file}နှစ်အုပ်
==================================
အဘိဓမ္မာမြတ်ဒေသနာ{ပထမတွဲ}စာအုပ်{pdf}
file size - {17.4mb}
ပါမောက္ခချုပ်ဆရာတော်ကြီး
https://my.pcloud.com/publink/show?code=XZeLqhZGRbGmYYqsTSnp91EE92TPjKfkQ4y
အဘိဓမ္မာမြတ်ဒေသနာ{ဒုတိယတွဲ}စာအုပ်{pdf}
file size - {18.0mb}
ပါမောက္ခချုပ်ဆရာတော်ကြီး
https://my.pcloud.com/publink/show?code=XZdLqhZtQMfwdRJAsHfkrnVp3DmG74Otw6y
ဒါကဖုန်းထဲမှာ စာအုပ်ဖတ်ဖို့ ဆော့ဝဲမရှိမှ ယူပါ
E Book Reader.Apk
file size - {4.0mb}
https://my.pcloud.com/publink/show?code=XZzTAbZ6czK8ncCtnV63NeIvAYOlbQ3zy1k
📓📓📓📓📓📓📓📓📓📓📓📓📓📓📓
==================================
==================================
==================================
💿💿💿💿💿💿💿💿💿💿💿💿💿💿💿
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရားအသံဖိုင်{mp3}
အပိုင်း{၁} မှ အပိုင်း{၂၀} ထိ
==================================
အဘိဓမ္မာ အနှစ်ချုပ်သင်တန်းတရား{၁}
ပါမောက္ခချုပ် ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/001.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၂}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/002.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၃}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/003.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၄}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/004.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၅}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/005.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၆}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/006.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၇}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/007.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၈}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/008.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၉}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/009.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၁၀}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/1-10.001%20Abhidhamma/010.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၁၁}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/2-10.001%20Abhidhamma/24.8.2013%20am.mp3
အဘိဓမ္မာအနှစ်ချုပ်သင်တန်းတရား{၁၂}
ပါမောက္ခချုပ်ဆရာတော်ကြီး
http://thitsarparamisociety.com/wp-content/uploads/mp3/DrNandamalabhivamsa/2013%20%28new%29%20Dhamma%20Lectures/2-10.001%20Abhidhamma/24.8.2013%20pm.mp3
မူလ ဓမ္မရေချမ်းစင် fb
ကြီး(၁၆)မျိုးတို့ကိုမြင်မက်ခြင်းကြောင့် ထိတ်လန့်
သဖြင့် မြတ်စွာဘုရားထံသို့သွား၍ လျှောက်ထား
သည့်အခါဝယ် ငါဘုရားသာသနာ ၂၀၀၀ ကျော်လျှင်
ဤကဲ့သို့ဖြစ်ကြကုန်အံ့ဟု ဟောတော်မူခန်း"
(၁)အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌
ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက်မဝှေ့ပဲသာလျှင်ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။*
နောင်အခါတရားမစောင့်သောမင်းတို့လက်ထက်၌
အရပ်လေးမျက်နှာမှ မိုးတို့သည်
ရွာအံသကဲ့သို့ထစ်ကြိုးလျက်မရွာပဲသာလျှင်ပျောက်ပျက်ကုန်လတ္တံ့။ထိုအခါ
ကောက်ပဲသီးနှံတို့ ပျက်ဆီး၍လူတို့၌ အစာရေစာရှားပါးငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
*(၂) နုနယ်သေးငယ်စွာသောအပင်တို့သည်
ပွင့်ကြသီးကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည်
ထက်သန် ပြင်းသော ရာဂရှိကုန်သည် ဖြစ်၍ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊
သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
*(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟုမြင်မက်ပါသည်*
နောင်အခါကြီးသောသူတို့အားအရိုအသေပြုခြင်းပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ
စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့်မိမိတို့၏ သားသမီး သားမက် ချွေးမ
စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
*(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ
ကစေကုန်၏။နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ
မတတ်နိုင်သည်ကို မြင်မက်ပါသည်။*
နောင် တရားမစောင့်သောမင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော
သူတို့အား အမတ်၊ တရားသူကြီးစသောရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ
ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော်
မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး
စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ
ပြင်ပကသာ ဖြစ်၏ဟု
လျစ်လျှုပြု၍နေကြလကုန်လတ္တံ့။သို့ဖြစ်၍တရားမစောင့် အမှုမပြီးကြသည်နှင့်
မင်းနှင့်တကွ တိုင်းပြည်ပါဆုတ်ယုတ်ပျက်ဆီးကြလတ္တံ့။
*(၅)ခံတွင်း နှစ်ခုရှိသောမြင်းသည်ကျွေးလာသော
မုယောစပါး စသည်တို့ကို
ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။*
နောင် တရားမစောင့်သောမင်းတို့လက်ထက်၌တရား
မစောင့်သော တရားသူကြီးတို့သည်
နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို
မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
*(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကိုမြေခွေးဖိုအား
ကျင်ငယ်စွန့်ရန် ပေး၏။
မြေခွေးလည်း ထိုရွှေခွက်၌ကျင်ငယ်စွန့်သည်
ဟုမြင်မက်ပါသည်။*
နောင် တရားမစောင့်သောမင်းတို့လက်ထက်၌
အမျိုးမြတ်သော သူတို့သည် အချီးအမြှောက်
မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သောသူတို့အစိုးတရ
ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ
အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည်
ဖြစ်၍ မိမိတို့ သမီးတို့ကို
အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
*(၇)တယောက်သော ယောင်္ကျားသည်အင်းပျဉ်၌ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။
ထို အင်းပျဉ်အောက်၌ရှိသောဆာလောင်သော
မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင်
ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။*
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊အနေအထိုင် စသည်တို့၌ လော်လည်ခြင်း
ရှိ၍ မိမိတို့ လင်ယောင်္ကျားသည်ဆင်းရဲငြိုငြင်စွာရှာဖွေ
စုဆောင်းအပ်သော ဥစ္စာ
ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌
လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌
လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ခွေးမသည် မသိ စဉ်းစား သကဲ့သို့
အိမ်သူ မိန်းမတို့သည် ဤသို့တိတ်တဆိတ်ဖြုန်းတီးခိုးစားကြလတ္တံ့။
*(၈)ရေမရှိသော အိုးတို့ဖြင့်ခြံရံအပ်သော
ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။
လူတို့သည် အရပ် ၈ မျက်နှာမှရေကိုယူလာကြ၍
ထိုရေပြည့်အိုးကြီး
အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။
လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍
ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ
လောင်းလျှက် ရေမရှိသော
အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်းမထည့်ပဲ နေသည်ကို
မြင်မက်ပါသည်။*
နောင်အခါ မကောင်းသော မင်းတို့လက်ထက်၌မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊
သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ထိုအခါ မင်းအစိုးရတို့သည်
ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွားအတွက်ကိုသာလုပ်ကိုင်စေအံ။ဆောင်ရွက်စေအံ့။
ထမ်းရွက်စေအံ။ သို့ဖြစ်ရကားမင်းတို့၌သာပြည့်စုံအကျိုးခံစားကြရ၍
ဆင်းရဲသားတို့မှာရေမရှိသောအိုးတို့ပမာ တစုံတရာမရှိ ငတ်မွတ်ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
*(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။
ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌
ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။*
နောင်အခါ တရားမစောင့်သော မင်းတို့သည်
မတရားအုပ်စိုးခြင်း၊ တံစိုးစားခြင်း၊
လော်လည်ခြင်း၊သနားညှာတာဂရုဏာမဲ့ခြင်း၊ကြမ်းကြုတ်
ရက်စက်ခြင်းတို့ ရှိလျှက်
လူတို့အပေါ်၌ အထူးထူး အပြားပြားသော
အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့်
ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာတစ်စုံတစ်ရာ
မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက်
မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့
သွားရောက်နေကြရသည်
ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင်
ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
*(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်း
ချက်သော ထမင်းသည် အချို့ပျော့၏၊
အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။*
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌
မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ
အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။
အချို့နေရာ၌ မရွာ၍ ပျက်အံ။
အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ဤသို့လျှင်ထမင်းအိုးတွင် မြင်သော
ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
*(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို
ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို
မြင်မက်ပါသည်။*
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍လာဘ်လာဘကိုမက်မော
ကုန်သောရဟန်းအလဇ္ဇီလူအလဇ္ဇီတို့သည် ဆွမ်း၊ဆေး၊
ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း
စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌
ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန်
မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား
ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့်
ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
*(၁၂)ဘူးတောင်းတို့သည်ရေ၌ နစ်သည်ဟု
မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး
စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ
ကြီးမား ထင်ပေါ် အရာရာတွင်
တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း
နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
*(၁၃)ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု
မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌
တော်မှန် လိမ္မာ ပညာရှိသော သူတို့၏
စကားသည်မည်သည့်အရာ၌မဆိုလေးသောကျောက်ဖျာရေတွင် ပေါ်သကဲ့သို့ နစ်တည်
ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
*(၁၄) ဖားငယ်မ တို့သည် ကြီးစွာသောမြွေဟောက်ကြီးများကိုစားမြိုသည်ဟုမြင်မက်ပါသည်*
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက်
ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြ
ကုန် လတ္တံ့။ အလုပ်အကိုင်မှု၊
ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသောအရပ်ရပ်တို့၌ လင်ပေါ်တွင်
လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို
စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
*(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော
ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော
အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌
မရဲရင့်ဘဲဖြစ်ကြကုန်လတ္တံ့။ထိုအခါ တိုင်းပြည်
နိုင်ငံ ဆုံးရှုံးမည်ကိုစိုး၍တူသောဇာတ်ရှိသောသူကောင်းသား တို့အား
အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သောအမျိုး ယုတ်သော
ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။
သို့ဖြစ်၍အမျိုးကောင်းသားတို့ကိုးကွယ်ရာ
မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌
ခစားကြကုန် လတ္တံ့။
*(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့်သစ်တို့သည် ကြောက်လန့်လျက်
ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင်တောချုံရှိရာသို့ပြေးကြ
သည်ကို မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌အမျိုးယုတ်သော သူတို့ အစိုးရ
ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။
အမျိုးယုတ် သူတို့မှာ
မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက်
အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာအရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ
ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင်ဖြစ်လျှင်တန်ခိုးမဲ့သူတို့အားဖိနှိပ်ပုတ်ခတ်
ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့
ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာဥစ္စာတို့ကို ပေးအပ်ကုန်လျက်
အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည်
အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေ
သဖြင့် တောသို့ ပြေးဝင်
ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်းတို့လည်း
လွတ်ရာ ကျွတ်ရာ တောတောတောင်တောင်တို့ကိုပြေးပုန်း
ကြကုန်လတ္တံ့။
*အမျိုးသား ပညာဝန် ဦးဖိုးကျား၏ငါးရာ့ငါးဆယ်
ကောက်နုတ်ချက်များ (ပထမတွဲ) မှ
ကူးယူတင်ပြထားပါသည်။*
credit ဇော်သွင်
ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာတင်မှ အသက် ဝင်တယ် အနေကဇာမတင်ရင် အသက် မဝင်ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာမတင်ဘဲ ကိုးကွယ်ရင် ကုသိုလ်မရဘူးလို့လဲ ပြောကြပါတယ် ။ တစ်ချို့က အနေကဇာမတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။
. .ယ္ခု အယူအဆတွေက မှားပါတယ် တကယ်တော့ အနေကဇာတင်တယ် ဆိုတာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံမွန်းမံခြင်းလို့လဲ ဆိုနိုင် ပါတယ် ။ အနေကဇာတင်တော့ အနေကဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ် အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။
. .ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက်ဝင်လာတာတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာတွေကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ကိုးကွယ်တာပါ ။ စေတီ ရုပ်ထု ဆိုတာက ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။ စေတီ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တကို ပူဇော်နေကြတာပါ။
မိမိစိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမညမျှသာ ဖြစ်ကြပါတယ် ။ ဒါကြောင့် မိမိ အနေနဲ့ ဗုဒ္ဓ၏ဂုဏ်တော်တွေကို ရည်မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။ မြတ်ဗုဒ္ဓအား မိမိ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။
. .စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါတရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။
မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)
မူလ ဓမ္မရေချမ်းစင် fb
Monday, October 24, 2016
ထိုတံခါးသည် စေ့ရုံစေ့ထားသည်လည်း မဟုတ်။
ပိတ်၍ထားသည်လည်း မဟုတ်။
ဟင်းလင်းပွင့်၍သာနေ၏။
မမြဲသောအကြောင်းအရာတို့ဖြင့်
ဖြစ်တည်အပ်သော ဘဝခန္ဓာတို့သည်
ပျက်စီးလွယ်ပါ၏။
တစ်သံသရာလုံး၌ ထိုမပျက်စီးသောအကြောင်းဟူသည်
အဘယ်နည်း။
မပျက်စီးသောအကျိုးဟူသည် အဘယ်နည်း။
သင်သည် ဟုတ်တိုင်းမှန်စွာရှုမြင်အပ်၏။
ထို အိုနာသေမှ လွတ်ရာသော ဘဝခန္ဓာတို့မည်သည်
အဘယ်နည်း။
မကြာမြင့်မီမှာပင် သင်သည် အရာအားလုံးကို
စွန့်ခွာ၍သွားရပေမည်။
ထိုခရီးသည်လည်း အဘယ်သို့သောခရီးနည်း။
အိုနာသေ ခရီးမှတပါး တခြားအဘယ်နည်း။
သင်သည် မအို မနာ မသေလိုသော်
ထိုမဂ်ပညာကို ဆည်းပူးအပ်၏။
အားထုတ်အပ်၏။
စွဲမြဲစေအပ်၏။
ဝိပဿနာဘာဝနာသည် မဂ်ပညာအဖို့
နီးသောအကြောင်းဖြစ်၏။
အနိစ္စာ ဒိဝသေန ဝိဝိဓေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ၊
ပညာဝေသာ အတ္ထသော။ (အဋ္ဌသာလိနီ၊ အဋ္ဌကထာ၊
စိတ္တုပ္ပါဒကဏ္ဍ၊ ကာမာဝစရကုသလ အဖွင့်)
ယာဓမ္မဇာတိ၊ အကြင်တရားသဘောသည်။
အနိစ္စာ ဒိဝသေန၊ အနိစ္စအစရှိသည်တို့၏အစွမ်းအားဖြင့်။
ဝိဝိဓေဟိ၊ အထူးထူးအပြားပြားကုန်သော။
အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။
ဓမ္မေ၊ ရုပ်နာမ်ဓမ္မ ပရမတ္ထသဘာဝတို့ကို။
ပဿတိ၊ ရှုတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သဓမ္မဇာတိ၊ ထိုတရားသဘောတို့သည်။
ဝိပဿနာ၊ ဝိပဿနာမည်၏။
ဧသာ၊ ထိုဝိပဿနာဟူသည်။
အတ္ထတော၊ ပရမတ္ထသဘောအားဖြင့်။
ပညာဝ၊ ပညာတရားသည်သာတည်း ................... ။
Credit--ဥူးဝဏ္ဏိတ acc
မူလ ဓမ္မရေချမ်းစင်
၁ ။ ညောင်နှင့်ဘုရား တွေ့ကြုံငြား
ဘုရား ညောင်ကြောင့် ပျက်တတ်သည်။
၂ ။ ငွေနှင့်ဘုန်းကြီး အတူနီး
ဘုန်းကြီး ငွေကြောင့်ပျက်တတ်သည် ။
၃ ။ မတ်နှင့်မရီးအတူနီး
မရီး မတ်ကြောင့်ပျက်တတ်သည် ။
၎ ။ ဆားနှင့်ချဉ်သီး အတူနီး
ချဉ်သီး ဆားကြောင့်ပျက်တတ်သည် ။
၅ ။ ငယ်ရွယ်သမီး ကျွန်နှင့်နီး
သမီး ကျွန်ကြောင့် ပျက်တတ်သည် ။
၆ ။ ခဲအို ခယ်မ နီးစပ်က
ခယ်မ ခဲအိုကြောင့် ပျက်တတ်သည် ။
၇ ။ မနှင့် ဘုန်းကြီး အတူနီး
ဘုန်းကြီး မကြောင့် ပျက်တတ်သည် ။
၈ ။ မိန်းမ ဘိက္ခုံ တွေ့ခဲ့ကြုံ
ဘိကံ္ခု မကြောင့်ပျက်တတ်သည် ။
credit
မူလ - ဓမ္မရေချမ်းစင် fb
Sunday, October 23, 2016
လက်ဆောင်လား?
တစ်ခါတုန်းက ဗာရာဏသီပြည် , ဗြဟ္မဒတ်မင်းကြီးမှာ သားနှစ်ယောက် ရှိတယ် ။
သားအကြီးက အိမ်ရှေ့မင်းသား , သားအငယ်က စစ်သူကြီး ။ ဗြဟ္မဒတ်မင်း နတ်ရွာစံတော့ မှူးကြီး မတ်ရာတွေက အိမ်ရှေ့မင်းသားကို မင်းမြှောက်ဖို့ လျှောက်ထားတော့. . .
အိမ်ရှေ့မင်းသားက ရှင်ဘုရင် လုပ်ဖို့ တောင်းပန် တိုက်တွန်းလို့ မရဘူး ။
ဒါဆိုလည်း အိမ်ရှေ့မင်းသားဆက်လုပ်ပါ ဆိုတော့
မလုပ်ချင်ဘူး ။
စစ်သူကြီးတော့ လုပ်ပါ ဆိုလည်း
မလုပ်ချင်ဘူး ။
ဒါဖြင့် ဘာတာဝန်မှ မယူချင်လည်း နန်းတော်မှာ ကောင်းကောင်းမွန်မွန် , ချမ်းချမ်းသာသာ နေပါ , အဖအရာ ထားပြီး ညီတော်နဲ့ တိုင်းသူပြည်သားက ပြုစုလုပ်ကျွေးပါမယ် ။
အဲလိုလျှောက်ပြန်တော့လည်း နန်းတော်ထဲမှာ မနေချင်ဘူးတဲ့ ။
အစွန်အဖျားတောရွာလေးတစ်ရွာမှာ သွားပြီး အေးအေးချမ်းချမ်း နေချင်တယ် ပြောပြီး နန်းတော်ကထွက် , မြို့ကထွက်ပြီး မထင်မရှား ဘဝလေးနဲ့ နေတယ် ။
----------------------------------------------
လူတွေရဲ့အိမ်မှာ ထင်းခွေခိုင်းရင် ထင်းခွေပေး လိုက် , ရေခပ်ခိုင်းရင် ရေခပ်ပေးလိုက်နဲ့ သာမန် ဆင်းရဲသား တစ်ယောက်လို နေတယ် ။
နောက်ဆုံးတော့ ဒီလူဟာ ဗာရာဏသီမင်းကြီးရဲ့ သားတော်ကြီးပဲ ဆိုတာ သိသွားတော့ ရွာသူရွာသားတွေဟာ မခိုင်းကြတော့ဘူး ။ ရွာမှာ ရှိတဲ့ ရွာမျက်နှာဖုံးသူဌေးကြီးက သူ့ကို ပြုစု လုပ်ကျွေးထားတယ် ။
တစ်နေ့ကျတော့ ရှင်ဘုရင်ရဲ့ အခွန်ဝန်ထမ်းတွေက အဲဒီရွာမှာ လာပြီးတော့ အခွန်ကိစ္စ ဆောင်ရွက်တယ် ။ မင်းသားကြီးကို ကျွေးမွေးထားတဲ့ သူဌေးက. .
ကျွန်တော်မျိုးတို့ရဲ့လယ်မြေကို အခွန် လွတ်အောင် ညီတော် ရှင်ဘုရင်ဆီ အကြောင်းကြား ပေးပါ ဆိုတော့ . . ကျေးဇူးရှင် ဆိုတဲ့ မျက်နှာ ထောက်ထားပြီး အကြောင်းကြား ပေးတော့ သူဌေးဟာ အခွန်လွတ်ခွင့် ရသွားတယ် ။
ဒီအကြောင်းကို သိသွားတဲ့ ရွာသူရွာသားတွေဟာ . . .
ကျွန်တော်မျိုးတို့ မင်းသားကြီးကိုပဲ အခွန်ဆက်ပါ့မယ် , ကျွန်တော်မျိုးတို့ရဲ့ လယ်မြေ တွေကို အခွန်လွတ်ခွင့် ရအောင် လုပ်ပေးပါ တဲ့ ။
မင်းသားကြီးက ငဲ့ညာထောက်ထားတဲ့အနေနဲ့ အခွန် လွတ်ခွင့်ရအောင် လုပ်ပေးလိုက်တယ် ။
အင်းသားကြီးကို ဆက်သရတဲ့အခွန်က ရှင်ဘုရင်ကို ဆက်သရတဲ့အခွန်ထက် အများကြီး နဲ , သက်သာလို့ ဖြစ်မှာပေါ့ ။
--------------------------------------------
အဲဒီလိုနဲ့ ရွာသူရွာသားတွေ , တိုက်နယ်သူ/သား တွေ ဆက်သသမျှ အခွန်တွေကို မင်းသားကြီး ရတယ် ။
နဂိုတုန်းက ရှင်ဘုရင်လုပ်ဖို့ လုံးဝ စိတ်မကူးတဲ့ ပုဂ္ဂိုလ် , လက်ထဲရောက်လာတဲ့ ရှင်ဘုရင် စည်းစိမ် ကိုတောင် တံတွေးပေါက်လို စွန့်ထားတဲ့ ပုဂ္ဂိုလ်က ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေအပေါ်မှာ သာယာတဲ့ တဏှာလေးက တဖြည်းဖြည်း တိုးပွားလာတော့. . .
ညီတော်ရှင်ဘုရင်ဆီ ရွာစားဆု တောင်းတယ် ။
ရွာစားဆုနဲ့ အားမရတော့ တိုက်နယ်ဆု တောင်းတယ် ။
တိုက်နယ်ဆုနဲ့ အားမရတော့ မြို့စားဆု တောင်းပြန်တယ် ။
ညီတော်ကလည်း တောင်းသမျှ ကြည်ကြည်ဖြူဖြူ ပေးတယ် ။
အဲဒီလို စည်းစိမ်တွေ တဖြည်းဖြည်း တိုးပြီး တောင်းဆိုလာတာ အိမ်ရှေ့မင်းသားဆုအထိ တောင်းပြန်တယ် ။
အိမ်ရှေ့မင်းသား ဖြစ်လာပြန်တော့လည်း ကျေနပ်အားရမှု မရှိတော့ဘူး ။ နောက်ဆုံး သူကိုယ်တိုင် မလုပ်ချင်ဘူး ဆိုတဲ့ ရှင်ဘုရင်စည်းစိမ်ကို ပါ တောင်းဆိုတယ် ။
ညီတော်ဘုရင်က ကြည်ကြည်ဖြူဖြူပဲ တိုင်းပြည် တစ်ခုလုံး လွှဲပေးတယ် ။ သူကိုယ်တိုင် အိမ်ရှေ့မင်းသား ပြန်လုပ်တယ် ။
နဂိုမူလ လျာထားတဲ့အတိုင်း ပြန်ဖြစ်သွားတာပါ ။
--------------------------------------------
အစကတည်းက ခမည်းတော် နတ်ရွာစံတုန်းက ပုံမှန်အတိုင်း ရှင်ဘုရင် စည်းစိမ် ခံစားလိုက်မယ် ဆိုရင် သူ့ရဲ့ လောဘဟာ ပုံမှန်လောက်ပဲ ဖြစ်နေမှာပါ ။
ခုတော့ မလိုချင်ပါဘူး ဆိုပြီး အာလယပြတ် စွန့်လွတ်ထားတာကနေ စည်းစိမ်ချမ်းသာတွေက ကနေ တဖြည်းဖြည်းချင်း တဏှာက တိုးပွားလာတော့ မင်းအဖြစ် ရပေမယ့် မတင်းတိမ်နိုင်တော့ဘူး ။
နောက်ထပ် အခြားတိုင်းပြည် လေး , ငါး ခုလောက် ထပ်အုပ်ချုပ်ရတဲ့ ဘုရင်ကြီး ဖြစ်ချင်တယ် ။
ဒါကြောင့် တဏှာရဲ့သဘောဟာ အင်မတန် ကြောက်စရာကောင်းတယ် ။
ဗာရာဏသီမင်းသားကြီးကို တဏှာဓါတ်တွေ တိုးပွားလာအောင် လှုံ့ဆော် ဖျက်ဆီးတဲ့ ပင်မတရားခံကတော့ လက်ဆောင်ပါပဲ ။
ဖြူစင်သန့်ရှင်းတဲ့ မင်းသားကြီးရဲ့ စိတ်ဓါတ်ကို " မေတ္တာလက်ဆောင် " လို့ အမည်တပ်ထားတဲ့ " အဂတိလက်ဆောင်" တွေက တဏှာလောက ကြီးသည်ထက် ကြီးမားအောင် တိုက်ခိုက် ဖျက်ဆီး လိုက်တာပါ ။
---------------------------------------------
လောကမှာ တစ်ယောက်နဲ့တစ်ယောက် ပေးကြတဲ့ လက်ဆောင်က . . .
မေတ္တာလက်ဆောင်နဲ့ အဂတိလက်ဆောင် လို့ နှစ်မျိုး ရှိပါတယ် ။
ကိုယ့်အကျိုးကို ဘာမှ မမျှော်လင့်ဘဲ သူတပါး ကောင်းကျိုး ရစေချင်တဲ့ မေတ္တာစိတ် သက်သက် နဲ့ ပေးတဲ့ လက်ဆောင်ကို " မေတ္တာလက်ဆောင်" လို့ ခေါ်ပါတယ် ။
တစ်ဖက်သား ကောင်းကျိုးရဖို့ထက် ကိုယ့် လိုအင် ဆန္ဒ ပြည့်ဝဖို့ မျှော်လင့်ချက်နဲ , လာဘ်ထိုးတဲ့ သဘောမျိုး ပေးတဲ့လက်ဆောင်ကို " အဂတိလက်ဆောင်" လို့ ခေါ်ပါတယ် ။
ဗာရာဏသီမင်းကြီး တဏှာလောဘတွေ အတောမသတ်နိုင်အောင် တိုးပွားလာတာဟာ မေတ္တာလက်ဆောင်လို့ တံဆိပ်တပ်ထားတဲ့ အဂတိလက်ဆောင်ရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံလိုက်ရတာပါ ။
-----------------------------------------------
သြော်. . . လက်ဆောင် , လက်ဆောင် . . .
ကိုယ့် " လက် " ကို အပါယ်လေးပါးအထိ ဆွဲခေါ်ဆောင်သွားမယ့် " လက်ဆောင် " ပါလား ။
" မေတ္တာလက်ဆောင် " ဆိုရင်တော့ ကိုယ့်လက်ကို နတ်ရွာနိဗ္ဗာန်ထိ ဆွဲခေါ်ဆောင် သွားမယ့် လက်ဆောင်ပေါ့ ။
" အဂတိလက်ဆောင် " ဆိုရင်တော့ ကိုယ့်လက်ကို " အပါယ်လေးဘုံ " ထိ ဆွဲခေါ်ဆောင် သွားမယ့် လက်ဆောင်ပေါ့ . . ။
မေတ္တာလက်ဆောင် ပေးမှာလား ?
အဂတိလက်ဆောင် ပေးမှာလား ?
ဘယ်လက်ဆောင် ပေးမှာလဲ . . ?
" ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
(ရလေလိုလေ ဒါပေမယ့် တဒင်္ဂလေးတွေ , စာ- ၄၆-၅၅ ) မှ ကောက်နုတ်ပူဇော်ပါ၏
Credit - ဓမ္မ နှစ်သက်သူ
အာနာပါန
အာနာပါနစတင်အားထုတ်သူ၏ ထိုင်ပုံနည်းစနစ်
................................................................
တင်မလ္လင်ခွေဖြစ်စေ မိန်းမထိုင်ဖြစ်စေ အဆင်ပြေသလိုထိုင်နိုင်ပါတယ် ။
အထက်ပိုင်းကိုယ်ကိုဖြောင့်မတ်စွာထားဖို့လိုပါတယ်။တစ်ခါတစ်ရံ လေရှူသွင်းတာကို လိုက်တာများပါက နောက်သို့လန်တတ်ပါတယ်။ လေထုတ်မှုနောက်သို့လိုက်တာများပါက အရှေ့သို့ငိုက်တတ်ပါတယ်၊
ဒါမျိုးမဖြစ်စေရန်မတ်ဖို့လိုအပ်ပါတယ် ။ တင်းပါးအောက်မှာ
လက်နှစ်လုံးစာလောက် ခေါင်းအုံးလေးဖြစ်စေ သင့်တော်မည့် အဝတ်စောင် စသည်တို့အား ထား၍ထိုင်မည်ဆိုပါက
အလိုအလျောက်ခါးမတ်လာပါလိမ့်မည်။ အာနာပါအားထုတ်သူသည်
ခါးမတ်ဖို့ကအလွန်အရေးကြီးပါတယ်၊ ခါးမတ်မှ လေကိုမှန်မှန်ဖြောင့်ဖြောင့်ရှူသွင်းရှူထုတ် လုပ်နိုင်ပါမယ်၊
အဝတ်အစားတို့အားလည်းတင်းကျပ်မနေဖို့လိုအပ်ပါတယ် ၊ ပြေလျော့သော အဝတ်တို့ကိုဝတ်သင့်ပါတယ် ၊ ရာသီဥတုကိုလိုက်ပြီး အဝတ်အစားကို ဝတ်သင့်ပါတယ် ။
တင်မလ္လင်ခွေထိုင်တဲ့နေရာမှာ ခြေထောက်နှစ်ချောင်းအားထပ်၍ မထိုင်သင့်ပါဘူး ၊ ဘယ်ဖြစ်စေ ညာဖြစ်စေ ရှေ့သို့တစ်ချောင်းထားနောက်သို့တစ်ချောင်းထား၍ ထိုင်ပါက
ကြာရှည်ထိုင်နိုင်ပါလိမ့်မယ် ။ လက်နှစ်ဖက်လည်း ဘယ်လက်ဖဝါးပေါ် ညာလက်ဖဝါးတင်၍
ထိုင်နိုင်ပါတယ် ၊ ဒါမှမဟုတ် အဆင်ပြေသလိုထားနိုင်ပါတယ်။ (လက်နှစ်ဖက် ထပ်ထားတဲ့နေရာမှာ လက်မနှစ်ခုအား ထိ၍အတင်းဖိတွန်းမထားရပါ) လက်သည်လိုရင်းမဟုတ်ပါ ခါးရှေ့သို့မငိုက်ရန်အထိန်းဖြစ်ပါတယ် ။ သင်ခန္ဓာကိုယ်သည် ကုလားထိုင်တစ်လုံးလိုဖြောင့်နေပါပြီ ။ရှေ့ခြေနှစ်ခြောင်း တင်ပါးနှစ်ခုတို့၏ လေးချောင်းထောင့်ထားသော ကုလားထိုင်ကဲ့သို့ မတ်နေပါပြီ ။ အာနာပါန စတင်အားထုတ်တော့မယ်
ရှေ့ကဖြစ်သော ဝမ်းသာစရာ ဝမ်းနည်းစရာ အတွေးတွေမဝင်အောင် စောင့်ထိန်းမယ်ဆိုပြီး စိတ်ကိုမွေးမြူပါ။
တရားအားလိုခြင်သော ဆန္ဒအားမွေးမြူကာ မလျော့သောဝီရိယ အစဉ်မပြတ်သောသတိဖြင့် အားထုတ်ပါ ။
_____________________________________________________
အာနာပါနအားထုတ်စ ယောဂီများတွင် ဖြစ်လေ့ဖြစ်ထရှိသော အခက်အခဲလေးများ
............................................................................................................
အသံသည် သမာဓိ၏ဆူးငြောင့် ဖြစ်သည်ဟုဆိုသည့် အတိုင်း ပတ်ဝန်းကျင်၏ အသံတို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။ ဒါကိုစိတ်ထဲတွင် မကျေမနပ်မဖြစ်သင့်ပါ ၊ တောတောင်ထဲသည်ပင် ကျေးငှက်
သားရဲ တိရစ္ဆာန်တို့၏ အသံပင်ရှိသေး၏ ။ မိမိစိတ်၌ မကျေမနပ်မှုကြောင့် ဒေါသစိတ်တို့ ဝင်ရောက်သဖြင့် ကမ္မဋ္ဌာန်း
ဆုတ်ယုတ်တတ်၏ ။ ဒီအသံတို့အားလည်း ကြားရကောင်းမလားဟု မိမိကိုယ်လည်း အပြစ်မတင်သင့်ပါ ။ ဒီအချိန်သည်
အသံများမကြားရလောက်အောင် ဖြစ်ပေါ်စေသော သမာဓိမျိုးကား မဟုတ်သေးပေ ။ ကြားသင့်သလောက်ကြားနိုင်သေး၏ ။
ငါသည် ခန္ဓီပါရမီ ဖြည့်သည်ဟူ၍ မိမိကိုယ်ကိုဆုံးမကာ သတိကြီးစွာဖြင့် လေကိုသာမှတ်နေပါ ။
ယောဂီများတွင်ဖြစ်တတ်ခြင်းမှာ နှာသီးအတွင်းကိုလိုက်မိ၍ တင်းကျပ်မှုကိုခံရတတ်ပါတယ် ။ ထိုသို့ဖြစ်လာလျှင် အတွင်းသို့
မလိုက်မိစေရန် သတိကြီးစွာထား၍ နှာသီးဖျား(သို့) အထက်နှုတ်ခမ်း၌သာ ဝင်လေထွက်လေကိုသာမှတ်နေပါ ။ ပူမှု အေးမှု
မာမှု တင်းမှု တို့အားနှလုံးမသွင်းရပါ ။ ဓာတ်ဘက်သို့ရောက်၍ ကမ္မဋ္ဌာန်းဆုတ်ယုတ်တတ်ပါတယ် ။ သမာဓိသည် အားကောင်းလာပါက တစ်ခါတစ်ရံ မျက်နှာပြင် ဒါမှမဟုတ် နှာသီးဖျားတို့၌ ပိုးရွတို့ သွားသကဲ့သို့ ဖြစ်တတ်ပါတယ် ။
ထိုသို့ဖြစ်ပေါ်လာပါက ကမ္မဋ္ဌာန်းကိုရပ်ပြစ်ခြင်း မပြုပါနှင့် ၊ စိတ်ရှည်သည်းခံစွာ လေကိုသာမှတ်နေပါ မကြာမှီပင် ပျောက်သွားတတ်ပါတယ် ။ ကမ္မဋ္ဌာန်းကိုရပ်ပြစ်ခြင်းပြုလိုက်ပါက အမြဲတစ်စေလာနေတတ်ပါတယ် ။ သတိကြီးစွာဖြင့် လေကိုသာမှတ်နေပါ ။
______________________________________________________
အာနာပါနသမာဓိကို အောင်မြင်ပေါက်မြောက်ခြင်း (ပထမပိုင်း)
**************************************
သမထပိုင်းရဲ့ အဆင့်လေးဆင့်( ၀င်လေ ထွက်လေ ရှစ်မျိုး)
သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်းလေးဆယ်ရှိတဲ့အနက် ကြိုက်တဲ့ကမ္မဋ္ဌာန်းနှင့် သမာဓိကို ထူထောင်နိုင်ပါ တယ်။ အာနာပါနကမ္မဋ္ဌာန်းကို အတိုချုပ်ပြီး သမာဓိထူထောင်ပုံပြောဖို့ ရည်ရွယ်ထားတယ်၊ ဒီတော့ ဘုရားရှင်က ဒီအာနာပါနကမ္မဋ္ဌာန်းကို ညွှန်ကြားတဲ့အချိန်အခါမှာ
နံပါတ်တစ် ဒီဃ - အရှည်၊
နံပါတ်နှစ် ရဿ - အတို၊
နံပါတ်သုံး သဗ္ဗကာယ- ပဋိသံဝေဒီ - အစအဆုံး အကုန်လုံး၊
နံပါတ်လေး ပဿမ္ဘယံ - ငြိမ်းအောင် ကျင့်ပါဆိုပြီး အဆင့် ဘယ်နှစ်ဆင့် ချမှတ်ပေးသလဲ၊ လေးဆင့်၊ ဒါ သမာဓိ ပိုင်း၊ ဒီတော့ အဲဒီလေးဆင့်စလုံးမှာ ယောဂါဝစရပုဂ္ဂိုလ်က ဘယ်လိုအားထုတ်ရမလဲ၊
သော သတောဝ အဿသတိ သတောဝ ပဿသတိ။ (မ-၁-၇၀။)
သတိမြဲဖို့ -
အရှည်မှာလည်း သတိမြဲရမယ်၊ အတိုမှာလည်း သတိမြဲ ရမယ်၊ အစအဆုံး အကုန်လုံးမှာလည်း သတိမြဲနေရမယ်၊ ငြိမ်းအောင်ကျင့် တဲ့နေရာမှာလည်း သတိမြဲရမယ်လို့ ဒီလိုဆိုလိုတယ်၊
ဒီတော့ အရှည်မှာလည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ အတိုကျတော့လည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ အစအဆုံးအကုန်လုံး ထင်ထင်ရှားရှား သိရာမှာလည်း ၀င်သက် ထွက်သက်က နှစ်မျိုး၊ ငြိမ်းအောင်ကျင့်တဲ့အပိုင်းမှာလည်း ၀င်သက် ထွက်သက် နှစ်မျိုးပဲ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးရှိသွားသလဲ၊ - ရှစ်မျိုး၊ ဒါက သမထပိုင်းအတွက် ကွက်ပြီး ပြောတာပါ။
ဒီတော့ အရှည်၊ အတို၊ အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပထမလေ့ကျင့်ရမှာဖြစ်တော့ ယောဂါဝစရပုဂ္ဂိုလ်က အဲဒီ ၀င်လေ ထွက်လေကို ရှုပွားသုံးသပ်တဲ့အပိုင်းမှာ ---
ထိမှုထင်ရှားရာမှာ စိတ်ထားပြီး လေကိုကြည့်ပါ
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ (၀ိသုဒ္ဓိ-၁-၂၇၁။) လို့ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက ညွှန်ကြားထားတဲ့အတိုင်း ---
ဝင်တဲ့လေ ထွက်တဲ့လေ ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီး တော့ စိတ်ကို ထားဖို့ လိုအပ်ပါတယ်။ ကြည့်ရမှာက ဘာကို ကြည့်ရမှာလဲ၊ ၀င်သက်လေ ထွက်သက်လေကို ကြည့်ရမယ်။ ထိတာကို ကြည့်ရမှာလား၊ ၀င်လေ ထွက်လေကို ကြည့်ရမှာလား၊ ၀င်လေ ထွက်လေကို ကြည့်ရမယ်။ အဲဒီလေသည် အထဲဝင်တော့ အထဲလည်း လိုက်မကြည့်နဲ့၊ အပြင် ထွက် တော့ အပြင်လည်း လိုက်မကြည့်နဲ့၊ ထိတဲ့နေရာက စောင့်ပြီး ဒီလေကလေး ကိုကြည့်ပါ၊ အဲဒီ လေကလေးမှာ စိတ်ကိုငြိမ်အောင် ကပ်ကြည့်၊ ကပ်လို့မှ မရဘူးဆိုရင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ ညွှန် ကြားထားပါတယ်။ --
ရေတွက်ခြင်းဂဏနာနည်း
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို .. တစ်
ဝင်လေ ထွက်လေ .. နှစ်
ဝင်လေ ထွက်လေ .. သုံး
ဝင်လေ ထွက်လေ ..လေး
ဝင်လေ ထွက်လေ .. ငါး
ဝင်လေ ထွက်လေ .. ခြောက်
ဝင်လေ ထွက်လေ .. ခုနစ်
ဝင်လေ ထွက်လေ .. ရှစ်
အဲဒီ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှမထွက်ရဘူးလို့ ဒီလို လေ့ကျင့်ရတယ်၊ လေ့ကျင့်ဖန် များလာပြီဆိုရင်တော့ တဖြည်းဖြည်း ငြိမ်သွား တတ်ပါတယ်။ တစ်ကနေ တစ်ဆယ်ထိလည်း ရေတွက်နိုင်တယ်။ တစ်ကနေ ငါးထိလည်း ရေတွက်နိုင်တယ်။ ငါးအောက် မလျော့စေနဲ့၊ တစ်ဆယ်ထက် လည်း မပိုစေနဲ့ ဒီလို သတ်မှတ်ချက် ရှိပါတယ်။ ရှစ်အထိကတော့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေနှင့် ဆိုပြီး ဆရာသမားများက ဒီလို ညွှန်ကြားပေးတဲ့အတွက် ဘုန်းကြီးလည်း ဒီဌာနမှာ ရှစ်အထိပဲ သင်ပေးပါတယ်၊ ဘုရားဂုဏ်တော်ကိုးပါးကို ပူဇော်တဲ့ အနေနဲ့ ကိုးအထိ ရေတွက်လည်းရတယ်၊ ကိုယ်တော်အား ဆယ်ပါး၊ ဉာဏ်တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်အား ပူဇော်တဲ့အနေတဲ့ တစ်ဆယ်အထိ ရေတွက်လည်း ရပါတယ်၊ ကိုယ်ကြိုက်သလို ယူလို့ရပါတယ်။ အဲဒီတော့ တစ်ကနေ ရှစ်အထိ ရေတွက်ပြီဆိုကြစို့၊ အဲဒီ တစ်ကနေ ရှစ်အထိ စိတ်ကို ဘယ်မှ မထွက်အောင် လေ့ကျင့်ရတယ်၊ လေ့ကျင့်တဲ့အခါ နာရီဝက်လောက် သို့မဟုတ် တစ်နာရီလောက်အထိတော့ ငြိမ်အောင် လေ့ကျင့်ရတယ်၊
အရှည် အတို (အသက်ရှုအနှေး အမြန်)
အောင်မြင်မှုရပြီဆိုရင်တော့ အရှည် အတိုကို ကူးနိုင်တယ်။
အရှည်ဆိုတာက အသက်ရှူနှေးတာ၊ အတိုဆိုတာက အသက်ရှူမြန်တာကို ဆိုလိုတယ်၊ နှေးလည်း နှေးတဲ့အတိုင်းသိ၊ မြန်လည်း မြန်တဲ့အတိုင်းသိ၊ နှေး အောင် မြန်အောင် ရှည်အောင် တိုအောင် သက်သက် မကြိုးစားပါနှင့်၊ အရှည်-အတိုလို့လည်း မမှတ်နှင့်၊ အနှေး-အမြန်လို့လည်း မမှတ်နှင့်၊ မမှတ်ဘဲ မနေနိုင်ရင်တော့ ဘယ်လိုသာမှတ်ရမလဲ၊ .. ၀င်လေ ထွက်လေ.. ဒါလောက်ပဲ မှတ်ပါ။ အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်အောင်ကပ်ထား၊ ရှည်လည်း ရှည်တဲ့အတိုင်းသိ၊ တိုလည်း တိုတဲ့အတိုင်းသိ၊
ဣရိယာပုထ်အနေအထား
အဲဒီလို ရှုရတဲ့အပိုင်းမှာ အာနာပါနရဲ့ စည်းကမ်းတစ်ခုကတော့ ရှေ့ နောက် ၀ဲ ယာ ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မလှုပ်အောင် ထိန်းရမယ်ဆိုတဲ့အချက်ပဲ၊ ဣရိယာပုထ် မပြင်ကောင်းဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ မခံနိုင်ရင်တော့ ပြင်ပါ၊ ဆင်းရဲ နေတဲ့ ဝေဒနာကို အောင့်အီးသည်းခံရမယ်လို့တော့ မဆိုလိုဘူး၊ ငြိမ်သက်မှု သမာဓိကို မရဘူးဆိုရင်တော့ ဣရိယာပုထ် ပြင်နိုင်တယ်။ ဒါပေမဲ့လို့ မိမိက နာရီဝက်အဓိဋ္ဌာန်ပြီးတော့ ငြိမ်အောင်ရှုရမယ်လို့ အဓိဋ္ဌာန်ပြီးထိုင်ခဲ့ရင် နာရီဝက်တော့ မလှုပ်ရှားဘဲ ထိုင်နိုင်ရင် ပိုကောင်းတယ်၊ တစ်နာရီအဓိဋ္ဌာန်ရင်လည်း တစ်နာရီထိုင်နိုင်ရင်တော့ ပိုကောင်းတယ်၊ အဲဒီတော့ ဒီအရှည် အတိုပေါ်မှာ စိတ်ကလေးငြိမ်အောင် ကပ်ထားလိုက်တဲ့အချိန် အခါမှာ ဒီအပိုင်းမှာ ထိုင်တိုင်း ထိုင်တိုင်း ၀င်လေ ထွက်လေ၊ အရှည် အတို အာရုံမှာ ဘာဝနာစိတ်က တစ်နာရီလောက် အနည်းဆုံး ကပ်အောင်တော့ လေ့ကျင့်ရပါတယ်၊ ထိုင်တိုင်း ထိုင်တိုင်း ကပ်ပြီဆိုရင်တော့ လေး၊ ငါး၊ ခြောက် ထိုင်အတွင်းမှာ၊ အချို့ ပါရမီရင့်ညောင်းရင်လည်း တစ်ထိုင် နှစ်ထိုင် အတွင်းလောက်မှာ နိမိတ် စပေါ်တတ်ပါတယ်။ ဆယ်ကြိမ်၊ တစ်ဆယ့်ငါးကြိမ်လောက်၊ နှစ်ရက်၊ သုံးရက်လောက် ဒီ အရှည်အတိုမှာ ရှုနေလို့မှ နိမိတ်က မပေါ်ရင်တော့ အစအဆုံးကျင့်စဉ်ကို ကူးကြည့်ပါ။
အစ အဆုံး အကုန်းလုံးတောက်လျှောက်သိပါ
ဝင်လေ-ထွက်လေက ရှည်ရင်လည်း ထိုလေရဲ့ အစ အဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့၊ ၀င်လေ-ထွက်လေက တိုရင်လည်း ထို လေရဲ့ အစအဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့ ကြိုးစားပါ။ အထဲ လည်း လိုက်မကြည့်ရဘူး၊ အပြင်လည်း လိုက်မကြည့်ရဘူး၊ ထိတဲ့နေရာက လေးမှာ စပြီး ထိတဲ့နေရာမှာ ဆုံးသွားတဲ့အထိ ထိတဲ့နေရာကလေးက စောင့် နေပြီး အစ အဆုံး တောက်လျှောက်သိအောင် ရှုရပါတယ်။ အဲဒီလို အစ အဆုံးကို တောက်လျှောက်သိအောင်ရှုတော့ - သဗ္ဗကာယ ပဋိသံဝေဒီ - လို့ ခေါ်ပါတယ်၊ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတာပဲ။
အဲဒီအပိုင်းမှာလည်း ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံး - ဒီလို မမှတ်နဲ့၊ မှတ်ရင်တော့ ဉာဏ်က မလိုက်နိုင်တော့ မောလာတတ်တယ်၊ မမှတ်ဘဲ မနေနိုင်ရင် ဘယ်လိုသာမှတ်မလဲ၊ ၀င်လေ ထွက်လေ ဒီလောက်ပဲမှတ်ပါ၊ ၀င်သက်လေ ထွက်သက်လေလို့ မှတ်ချင်လည်း မှတ်ရတယ်၊ အဲဒီတော့ ဒီ လေအာရုံပေါ်မှာ စိတ်က ကပ်နေဖို့လိုတယ်၊ မမှတ်ဘဲ မနေတတ်သူကိုသာ မှတ်ခိုင်းတာပါ၊ မမှတ်ဘဲ နေနိုင်ခဲ့ရင်တော့ မမှတ်နဲ့၊ လေပေါ်မှာ စိတ်က တောက်လျှောက် သိနေဖို့ လိုရင်းပဲ။
အလင်းရောင်နဲ့ နိမိတ်
အဲဒီလေကလေးမှာ တောက်လျှောက် သိနေတော့ လေကလေးမှာ ဘာဝနာစိတ်က ငြိမ်သက်စွာ ကပ်ပြီးတည်လာပြီ ဆိုရင်တော့ အရှည်အတိုအပိုင်းမှာပဲဖြစ်ဖြစ်၊ အခု အစအဆုံးအပိုင်းမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် အလင်းရောင်တွေ စပြီးပေါ်တတ်ပါတယ်၊ အဲဒီ အလင်းရောင်တွေကိုတော့ သွားပြီးမကြည့်ရဘူး။ အလင်းရောင်နှင့် နိမိတ်သည် တခြားစီဖြစ်တယ်၊ နိမိတ်ဆိုတာကတော့ အဲဒီ အာနာပါန လေကြောင်းလေးပဲ၊ များသောအားဖြင့် လေကြောင်းလို့ ပြောတာကတော့ အချောင်းစပေါ်တတ်လို့သာ ပြောတာပါ၊
ဘာဝနာသညာနှင့် နိမိတ်ပေါ်စအခြေအနေများ
ယောဂီပုဂ္ဂိုလ်တို့ရဲ့ နိမိတ်မပေါ်မီမှာ ဖြစ်ပေါ်နေတဲ့ အမှတ်သညာကို ဘာဝနာသညာလို့ ခေါ်တယ်။ ထိုဘာဝနာသညာကွဲပြားမှုကို အခြေခံပြီးတော့ နိမိတ်တွေက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်၊ ဒါကြောင့် ဒီအပိုင်းမှာ ယောဂီတို့ကို စိတ် မကစားဖို့ကိုတော့ သတိပေးထားရပါတယ်၊ လေပေါ်မှာ စိတ်ငြိမ်အောင်ကပ် ပါလို့သာ ဒီလောက်ပဲ သတိပေးရတယ်။ အဲဒီလို သတိပေးလိုက်တဲ့ အချိန် အခါမှာ လင်းရောင်ခြည်တွေက သိပ်အားကောင်းလာတော့ မျက်လုံးက ဒီလင်းရောင်ခြည်ရဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် မျက်ရည်တွေ ကျတတ်ပါတယ်၊ အောင့်အီးသည်းခံပြီးတော့ မျက်လုံးဘက်ကို အာရုံ မရောက်စေဘဲ လေပေါ်မှာသာ စိတ်ကလေးက ငြိမ်အောင်ကပ်နေပါ။ အဲဒီလို လေပေါ်မှာ စိတ်ကလေးက ငြိမ်အောင် ကပ်ထားလိုက်ပြီဆိုလို့ရှိရင် တဖြည်းဖြည်း ဒီလင်း ရောင်ခြည်စွမ်းအင် အကူအညီနှင့် ဒီလေကြောင်းကလေးကို စတွေ့တတ်ပါတယ်၊ အများအားဖြင့်တော့ မီးခိုးရောင်ကို စတွေ့တတ်ပါတယ်။ အဲဒီကနေ သမာဓိက ငြိမ်သထက် ငြိမ်လာပြီဆိုလို့ရှိရင် ၀ါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူကို တွေ့တတ်ပါတယ်။ အဲဒီဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူ ကလည်း အချို့လည်း အချောင်း၊ အချို့ကလည်း အ၀ိုင်း - စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိတတ်ပါတယ်။
နိမိတ်ပေါ်မှာ စိတ်ကပ်ရမယ့်အချိန်
အဲဒီလို ဖြူနေတဲ့အဖြူချောင်းကို တွေ့ပြီ ဆိုရင် တစ်ခါတစ်ရံ ယောဂီက အဲဒီ အဖြူချောင်းပေါ်မှာ တစ်ခါတစ်လေ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ တည်နေအောင် ကြိုးစားရင် ကြိုးစားလို့ ရပါတယ်၊ ဒါပေမဲ့ စပေါ်စမှာ သူက မခိုင်ဘူး၊ အများစုမှာ မခိုင်တဲ့အတွက် ပေါ်လိုက် ပျောက်လိုက် ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ဒီနိမိတ်ချောင်းပေါ်မှာ ဘာဝနာစိတ်ကို မကပ်ဘဲ မူလရှုမြဲ ဖြစ်တဲ့ ၀င်သက်လေ ထွက်သက်လေ အာရုံပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားရတယ်၊ အဲဒီလို ကြိုးစားရင်းကနေပြီး တော့ ဒီနိမိတ်ပေါ်လာလို့ နိမိတ်ပေါ်မှာ ဘာဝနာစိတ်က ကပ်နေပြီဆိုရင် လည်း မခွာချနဲ့၊ ကပ်မြဲသာ ကပ်ထားလိုက်တော့၊ အဲဒီ ဘာဝနာစိတ်က ဒီ နိမိတ်အာရုံပေါ်မှာ ကပ်နေတဲ့ အချိန်အခါမှာ ပကတိ ၀င်လေ ထွက်လေကို ပြန်မကြည့်နဲ့၊ ပကတိ ၀င်လေ ထွက်လေကို ကြည့်လိုက်၊ နိမိတ်ကို ကြည့်လိုက် ခေါက်တုံ့ခေါက်ပြန် ပြုလုပ်နေခဲ့ရင် ဒီသမာဓိသည် ငြိမ်ဝပ်မှုမရှိတဲ့အတွက် စိတ်သည် အာရုံတစ်ခုအပေါ်မှာ ကျရောက်နေတာ မဟုတ်တဲ့အတွက်ကြောင့် သမာဓိ ပျက်သွားတတ်တယ်။ အကယ်၍ ဒီနိမိတ်ချောင်းက မခိုင်သေးဘူးဆိုရင်တော့ ပကတိ ၀င်လေ ထွက်လေကိုသာ ရှုနေပါ၊ ရှုနေရာကနေ နိမိတ်က ခိုင်ပြီး နာရီဝက်လောက် တစ်နာရီလောက် မပျောက်တော့ဘူးဆိုရင်တော့ အဲဒီနိမိတ်မှာ ပြောင်းကပ်ပါ၊ ထိုနိမိတ်သည် ဝေးနေခဲ့ရင်တော့ အကပ်မခံဘူး၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ ပေါ်မှ များသောအားဖြင့် အကပ်ခံတယ်။ ပေါ်တဲ့ အချိန်အခါမှာလည်း နိမိတ်ချောင်းက သိပ်ရှည်နေရင်လည်း ရှည်တဲ့အတိုင်း တောက်လျှောက်လိုက်မကပ်နဲ့၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ တည်ရှိနေတဲ့ နိမိတ်ပေါ်မှာသာ စိတ်ကလေးကို ကပ်သာထားလိုက်။
ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်
အဲဒီလို ကပ်ထားလိုက်လို့ ဘာဝနာစိတ်က ဒီအာနာပါနနိမိတ်အာရုံမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ပြီး ကပ်လာပြီဆိုရင်တော့ တဖြည်းဖြည်း ဒီနိမိတ်သည် ဖြူရာကနေ ကြည်ပြီး တောက်လာတတ်ပါတယ်။ ဖြူနေတဲ့နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်၊ ကြည်ပြီး အရောင်ထွက်လာတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်၊ အဲဒီ ပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံမှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ထိုင်တိုင်း ထိုင်တိုင်း ရအောင် လေ့ကျင့်ရတယ်၊ ထိုအချိန်အခါမှာ သွားရင်လည်းရှု၊ ရပ်လည်းရှု၊ ထိုင်လည်းရှု၊ အိပ်လည်းရှု လေ့ကျင့်ပေးရပါတယ်။
ဈာန် နှင့် အဘိညာဏ်
အဲဒီလို လေ့ကျင့်လိုက်တဲ့အချိန်အခါမှာ သမာဓိက ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီး တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ၊ တစ်မိနစ်အဓိဋ္ဌာန်ရင် တစ်မိနစ် ရပြီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ရပြီ၊ အဓိဋ္ဌာန်တဲ့အတိုင်း အောင်မြင်မှု ရှိနေပြီဆိုရင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဈာန်အင်္ဂါကို ဆင်ခြင်လို့ရပြီ။ အားထုတ်စပုဂ္ဂိုလ်သည် ဈာန်အင်္ဂါ ဆင်ခြင်မှု နည်းပါစေ၊ ၀င်စားမှု များပါစေလို့ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက (၀ိသုဒ္ဓိ-၁-၁၄၈။ မဟာဋီ-၁-၁၇၈။) သတ်မှတ်ပေးထားတယ်။ အားထုတ်စပုဂ္ဂိုလ် အခုလို နိမိတ်ရစပုဂ္ဂိုလ်က နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် တည်နေအောင် လေ့ကျင့်ပေးရတယ်၊ အဲဒီလို လေ့ကျင့်တဲ့လုပ်ငန်းကို (စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် ဈာန်ဟုခေါ်သတတ်) ဒီလို လယ်တီဆရာတော် ဘုရားက မိန့်ဆိုထားတယ်၊ အာရမ္မဏူပနိဇ္ဈာနဈာန်လို့ ခေါ်ပါတယ်။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူးနှင့် မြဲမြဲမြံမြံ တည်တံ့နေအောင် စိတ်ကလေးကို တည်ပြီးကပ်နေ အောင် ရှုနေတဲ့လုပ်ငန်းဖြစ်လို့ ဒါကို ဈာန်လို့ ခေါ်တယ်။ မြေလျှိုး မိုးပျံနေတာကို ဈာန်လို့ခေါ်တာ မဟုတ်ဘူး၊ မြေလျှိုး မိုးပျံတဲ့ လုပ်ငန်းကတော့ အဘိညာဏ်နှင့် ဆိုင်တယ်၊ အဲဒါက အဘိညာဏ်ပိုင်း။ အခုပြောနေတာက ဈာန်ပိုင်းပဲ၊ အဲဒီတော့ ဈာန်ဝင်စားမှုများရမယ်၊ ဈာန် အင်္ဂါကို ဆင်ခြင်တာ နည်းရမယ်။
ပထမဈာန်သမာဓိ
ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ အနည်းဆုံး လေး ငါး ဆယ်ထိုင်လောက် ဘာဝနာစိတ်က အဓိဋ္ဌာန်တဲ့ အတိုင်း တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ငြိမ် ၀ပ်စွာ ကပ်ပြီးတည်နေပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်ဟာ ဈာန်အင်္ဂါကို ဆင်ခြင်နိုင်တယ်။ သို့သော် မှတ်ကျောက်တစ်ခုကတော့ အဲဒီ အာနာပါနပဋိဘာဂ နိမိတ်မှာ တစ်နာရီ အဓိဋ္ဌာန်ပြီး တစ်နာရီထိုင်လိုက်လို့ တစ်နာရီလုံး စိတ်က ကပ်နေတယ်ဆိုရင် အဲဒီအချိန်မှာ မိမိက ဘေးအသံတွေကို ကြား-မကြား နည်းနည်း အကဲခတ်ကြည့်ပါ။ ကြားနေသေးတယ်ဆိုရင်တော့ ဒီဈာန်သည် ဆက်တိုက် မရသေးဘူး၊ ကြိုးကြား ကြိုးကြား ဈာန်က လျှောလျှောနေတဲ့သဘော ရှိတယ်၊ ဆက်တိုက် ရပြီ၊ ဘာသံမှလည်း မကြားတော့ဘူး၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးနှင့် မိမိရဲ့ဘာဝနာစိတ် ဒီနှစ်ခုပဲရှိတော့တယ်လို့လည်း သိနေပြီ၊ ဘာဝနာစိတ်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ မှာပဲ ငြိမ်ဝပ်စွာကပ်ပြီး တည်နေပြီ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာပဲ ဘာဝနာစိတ်က နစ်မြုပ်နေပြီဆိုရင် တော့ ထိုအချိန်အခါမှာ ဈာန်အင်္ဂါကို ဆင်ခြင်လို့ ရနိုင်ပါပြီ။
( ဖားအောက်ဆရာတော်ကြီးဟောကြားသောတရားတော်မှ ဦးတေဇိန္ဒက ကောက်နုတ်တင်ပြခြင်းဖြစ်သည်..........)
ဖားအောက်တောရဆရာတော် ဘဒ္ဒန္တ္တအာစိဏ္ဏဟောကြားတော်မူသော
" အာနာပါနကျင့်စဉ် အလုပ်ပေးတရားတော် Mp3"
File size (85.08 MB).
တကယ်တန်းဖိုးရှိတဲ့ အလုပ်ပေးတရားဖြစ်လို့
Download ရယူစေချင်ပါသည်။
http://www.mediafire.com/?roaozrk9az8wupp
* ဖားအောက်တောရ ဆရာတော်ကြီး *
_____________________________________________________
တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး မသိသေးတဲ့သူတွေအတွက် မျှဝေပေးချင်တယ်။
ဝင်လေ ထွက်လေကို သေချာစောင့် ဖမ်းနေရပါတယ်။ ကိုယ်ခန္ဓာက ယားတယ်ဆိုလဲ ယားတဲ့ပေါ် ဖြစ်ပျက် မမှတ်ဘဲ။ အာရုံက နှာသီးဖျားပေါ်မှာ ရှိနေပေးပါ။
ဥပမာ- သီချင်းသံတွေ ဘယ်လောက်ဆူညံပါစေ အာရုံက တစ်ခြားနေရာရောက်နေတဲ့ သူတွေအနေနဲ့ ဘာစာသားတွေ ဆိုသွားတယ်ဆိုတာတွေ ကျယ်လောင်နေတာဘဲဆိုတာတွေ မသိနိုင်သလိုပါဘဲ။
တကယ် တရားထိုင်တဲ့အခါမှာ လူတော်တော်များများက ဘာကို ဘယ်လို ထိုင်ရမယ်ဆိုတာ မသိကြပါဘူး။ နားလည်သူတွေကို မေးမြန်းကြတာတွေလဲ နည်းပါတယ်။ ကြာကြာထိုင်ပေမယ့် သမာဓိမတက်။ ဒုံရင်းက ဒုံရင်းဖြစ်နေကြတာ။ မထိုင်တတ်ကြလို့ပါ။
နှာသီးဝမှာ ထားတယ်ဆိုရာမှာ စလုံးရေ စတဲ့ သူတွေအနေနဲ့ ပြဿနာ တစ်ရပ်က အတွေးလေးတွေ ဝင်လာတာပါဘဲ။
အတွေးတွေ မဝင်ရဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သတိကပ်လိုက်တဲ့အခါ အတွေးကို ဖျက်လိုက်ပါ။ ငါ အတွေးဝင်သွားပါလားဆိုတဲ့အတွေးနဲ့အပြိုင် ငါတရားထိုင်နေပါလားဆိုတာ သိပါ။
ပြီးရင် နှာသီးဖျားမှာ ဆက်ထားပါ။ အတွေးပေါ်မှာ ဖြစ်ပျက်လေး ဖြစ်သွားပါလားဆိုတဲ့ ဟာလေး နှလုံးသွင်းနိုင်ရင် ပိုကောင်းပါတယ်။ အက်မင်ကို တရားပြတဲ့အဘတစ်ယောက်ပြောဘူးသလို လူတွေက ငါခု ဘာလုပ်နေတယ်ဆိုတာ မသိကြဘူး။ သတိကပ်ပြီး သိခဲ့ရင်လဲ မကောင်းမှုနဲ့ မတရားမှုဆိုတာလဲ တော်တော်နည်းသွားမယ်ကွတဲ့။
အဘပြောချင်တာက ဒေါသထွက်နေချိန် ဒါမှမဟုတ် ထွက်ပြီးချိန်မှာ ငါဒေါသထွက်နေပါလား ပူလောင်လိုက်တာ ငါဒေါသထွက်လိုက်ပါလား အကျိုးမရှိလိုက်တာ မှားသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို သိတဲ့အသိပါ။ လူတွေက ဒေါသထွက်ပြီးလဲ ငါဘာဖြစ်ခဲ့တယ်ဆိုတဲ့ အသိမရှိ။ ထွက်တုန်းလဲ အသိဆိုတဲ့ သတိမရှိမှတော့ မဂ္ဂင်လမ်းနဲ့ အဝေးကြီးပါတဲ့။ ထားပါတော့။ ဆက်ပြောမယ်-
တရားနိမိတ်တွေ ပေါ်လာရင်လဲ ထူးဆန်းအံ့သြမှုတွေ ထဲမှာ မျောပါမသွားဘဲ။ ငါ တရားထိုင်နေတယ်ဆိုတဲ့ အတွေးလေးနဲ့ ဖြတ်ပစ်ရပါမယ်။
ဒီနေရာမှာ သမထနဲ့ ဝိပဿနာခွဲဖို့ လိုပါလိမ့်မယ်။ သမာဓိ ထူထောင်တဲ့အထိက သမထနည်းနဲ့တူတူပါဘဲ။ သမာဓိ အားကောင်းလာပြီဆို အာရုံထူး နိမိတ်ထူး ခံစားချက်ထူး ပုဂ္ဂိုလ်ထူးတွေနဲ့ တွေ့လာတဲ့အခါမှာ သမထက အဲ့အာရုံတွေပေါ်မှ နှစ်သက် မြောပါသွားပါတယ်။ ရလာတဲ့ ဈာန်သေးသေးလေးအပေါ်မှာ နှစ်သက်မြတ်နိုးတာက သမထပါ။
ဝိပဿနာက ဘာအာရုံတွေဘဲလာလာ အပျက်ဆိုတဲ့ ဘက်ကို ရှေ့ရှုရမှာပါ။ ပျော်ဝင်မသွားရပါဘူး။ အနတ္တမှာ လမ်းဆုံးမှ ဝိပဿနာပါ။
ဒီနည်းလေးက တန်ဖိုးသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဒီနည်းလမ်းလေးကို ရှေးကျမ်းစာ တစ်အုပ်ထဲမှာ ဖတ်ရတာပါ ဖြတ်လမ်းနည်းလေးပါ။
တစ်ခြားထိုင်နည်းတွေလဲ မှန်ပါတယ်၊တကယ်လဲ ထိရောက်ပါတယ်။
Credit - Original uploader.
ဓမ္မရေချမ်းစင် FB
ဇော
ဇော (၇) ကြိမ် အကျိုးပေးပုံ
✿✿✿✿✿✿✿✿✿✿
(ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်)
အားလုံးသောယောဂီ သူတော်စင် အပေါင်းနှင့် သံသရာဆွေတော်
မျိုးတော် ညီအကိုမောင်နှမ အပေါင်းတို့
မိမိတို့ အကုသိုလ်စိတ် တစ်စိတ်ပေါ်တိုင်း ပေါ်တိုင်း ဇော(၇)
ကြိမ်ပေါ်ရတယ် ဆိုတာမှတ်ထားပါ ။
ဒီ အကုသိုလ် စိတ်တွေဟာ မိမိ ရဲ့ပစ္စုပ္ပန် နဲ့သံသရာ နှစ်ဖြာ
အကျိုးကို များစွာသော ဝဋ် ဒုက္ခဘေး များ အဖြစ် ချက်ချင်း
လက်ငင်း အကျိုးပေးပါတယ် ။ ခုလို ဆုတ်ခေတ် ကာလမှာ ဆို
ဒိဋ္ဌဓမ္မဝေဒနိယကံ အဖြစ်နဲ့ ချက်ချင်း ဘဝ မကူး...၊ နောက်ဘဝမှ
မဟုတ်ပဲ .. ဒီဘက် ဘဝ မှာတင် အကျိုးပေးပါတယ် ။
ဇော(၇) ကြိမ်ဘယ်လိုပေါ်ပါလိမ့်မတုန်း ဆိုတော့...........
လောဘစိတ် ပဲဖြစ်ဖြစ်
ဒေါသစိတ် ပဲဖြစ်ဖြစ်
မောဟစိတ် ပဲဖြစ်ဖြစ်
ဝိစိကိစ္စာစိတ် ပဲဖြစ်ဖြစ်
ပျံ့လွင့်စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါး အသက် သတ်ချင်တဲ့စိတ် ပဲဖြစ်ဖြစ်..
သူတစ်ပါး လည်လှီး သတ်တဲ့ စိတ် ပဲဖြစ်ဖြစ်..
သူတစ်ပါးဥစ္စာ ငါ့ဟာဖြစ်စေလိုတဲ့ စိတ်ဖြစ်ဖြစ်..
သူတစ်ပါး သားမယား လင် သမီးပျိုစော်ကား စိတ်ပဲ ဖြစ်ဖြစ် စသည်
အားဖြင့်ပေါ့ ........။
💥(မိမိတို့ ရင်ထဲကအကုသိုလ် စိတ် တစ်စိတ်ပေါ်တိုင်း-ပေါ်တိုင်း
ဇောခုနစ်ကြိမ်ဖြစ်ပါတယ် ။)💥
.
.
.
မကောင်းတဲ့စိတ်ပေါ်-ပေါ် ၊ ကောင်းတဲ့ ကုသိုလ်စိတ်ပေါ်-ပေါ်
ဝိပဿနာဖြစ်ပျက်မြင်တဲ့ မဂ် ပဲပေါ်ပေါ်ပါ ။
စိတ် တစ်ချက်ပေါ်တိုင်းမှာ ဇောခုနစ်ကြိမ် ပါပြီးသားလို့ မှတ်ပါ ။
မိမိတို့ အကုသိုလ် တစ်ခါပြုရင် ဇောခုနစ်ကြိမ်တောင်ဖြစ်ပါပေါ့လားလို့
သိကြပါ ။ ဒါဆို သဘောပေါက်လောက်ရောပေါ့ ။
.
.
.
အကျိုးပေးကို ရှင်းပြပေးမယ်
~~~~~~~~~~~~~~~
ပထမအကုသိုလ်စိတ်ကလေးထဲမှာ စေတနာလဲပါတယ် ။
လုပ်ချင်တဲ့စိတ်ကလေးပါတယ် ။ ဒါကြောင့် လုပ်ဖြစ်အောင်လုပ်တယ် ။
ဒီထဲမှာပါတဲ့စေတနာက ဒီဘဝအကျိုးပေးရမယ်လို့မှတ်ထားပါ ။
ဒီဘဝဘယ်အချိန်ကစလို့ အကျိုးပေးမလဲလို့မေးလာရင်ဖြင့်
မိမိအကုသိုလ်စိတ်ပေါ်တဲ့အချိန်ကစပြီး ခုပေါ်ရင်ခုချိန်ကစပြီး ...
ခုနစ်ရက်အတွင်း..ခုနစ်လအတွင်း .... ခုနစ်နှစ်အတွင်း .....
အကျိုးပေးနိုင်စွမ်းတဲ့ သူ့စွမ်းရည်သတ္တိအကျိုးပေးပုံကို ကန့်သတ်တဲ့ရက်လို့
သဘောကျနားလည်ကြပါ ။
ဒါကြောင့် ဘုရား ၊ ရဟန္တာ ၊ အရိယာ သူတော်ကောင်းကြီးတွေက
မွေးကတည်းက စိတ်နဲ့နေ ပုထုဇဉ်အန္ဓ ၊ ပုထုဇဉ်ဗာလတွေကို အလွန် သနားတော်မူကြတာပေါ့ ။
အမေမွေး ၊ အဖေမွေး ၊ သာမန်သာမည စိတ်ကလေးနဲ့နေ
ဒီစိတ်နဲ့သာသေ ဒီဘက်ခေတ်မှာဆို သဲအင်းဆရာတော်ကြီးက
နတ်ဂတိ ၊ လူ့ကတိမှာ ဆယ်သိန်းသေလို့ တစ်ယောက်သုဂတိဘုံပြန်တယ်လို့
မမြင်ဘူးဆိုပြီး ရဲရဲကြီးမိန့်ထားတာပေါ့ ။
ဘာလို့လဲဆိုတော့ဇော (၇) ကြိမ်ထဲက ပထမဇောက
ဦးဆုံးပထမ ဒီဘဝချက်ချင်းအကျိုးပေးရတာဆိုတော့
သူတော်ကောင်းကြီးတွေ .... အကုန်အစင်သိမြင်တော်မူတဲ့ဘုရားရှင်တို့က
ဟောနိုင်ပြောနိုင်တာပေါ့ ။
မိမိတို့ ကုသိုလ်ဇောပြုတဲ့အချိန် (ဝိပဿနာဖြစ်ပျက်မြင်အောင် အားထုတ်နိုင်ကြတဲ့ ဇောအကြိမ်)နဲ့ အကုသိုလ်စိတ်နဲ့နေကြတဲ့ဇောအကြိမ်
အဘယ်ကများလဲ .... ဖြေကြည့်ပါလား ....
တစ်ခဏ တစ်အောင့်လောက် စဉ်းစားပြီးတော့ပေါ့ .... ။
အဖြေက ရှင်းပါတယ်....။တစ်နေကုန်အောင် ကုသိုလ်စိတ်နဲ့
မနေနိုင်ပါဘူးပေါ့ ...။ တစ်နေကုန်အောင်ဖြစ်ပျက် မဂ်ကိုက်အောင်
မပေါ်ဘူးပါဘူးဆိုတဲ့အဖြေပဲ ထွက်လာကြပါလိမ့်မယ် ။
ဒါပေမယ့်ဖြစ်ပျက် မဂ်ကိုက်နေအောင်ပေါ်တဲ့ ဇောများများပေါ်လေလေ
ထိုသူအတွက်တော့ စိတ်အေးရပြီမှတ်ကြပါ ။
လူအတော်များများကိုပြန်ကြည့်ကြပါ ..တစ်ကမ္ဘာလုံးပေါ့ ။
ဝိပဿနာဖြစ်ပျက်မြင်စိတ်နဲ့နေတဲ့သူနဲ့ အကုသိုလ်စိတ်နဲ့နေတဲ့သူ
အဘယ်သူကများသလဲပေါ့ ... ။
ဘုရားလက်မလက်သည်းပေါ်ကမြေမှုန့်နဲ့ ဟောဒီ .....
ကမ္ဘာမြေထုလောက် ကွာဟနေမှာအမှန်ပါ ။ ဒါလောက် သဘောပေါက်ကြရင်ဖြင့်
တို့ဘုရားရှင်ရဲ့ဥာဏ်တော်ကို အလွန်အတိုင်းထက် အလွန်ကြည်ညိုစိတ်ဖြစ်နေမှာ တစ်ကယ်ပါ ။
နီပေါလိုနိုင်ငံကြီး မကြာသေးသောကာလမှာ ယစ်နတ်ပူဇော်ကြတာကို
ပမာပုံပြုလို့ပဲ ဥပမာ ... ပေးပါရစေ.......။
ဒါ မဝေးသေးသော ကာလတစ်ခုရဲ့သက်သေတစ်ခုပါ .. ။
ဒီအပြုတွေ အမူအကျင့်တွေ လုပ်ကြတဲ့မြို့ ရွာဒေသတိုင်းပြည်များမှာ
အမြဲ ကပ်ဘေး ၊ သေခြင်းဆိုးဘေး ၊ ရန်သူမျိုးငါးပါးဘေး ၊ သဘာဝဘေး
စစ်ဘေါး လူအချင်းချင်းအသေခံသတ်ဖြတ်တဲ့ဘေး ၊ လူကို လူလို့
မမြင်ကြတော့ပဲ ..သားကောင်လို့မြင်လာကြတဲ့ဘေး ၊ အနာရောဂါဆန်းကြီး နဲ့ကြုံကြရတဲ့ဘေး ..........စသည် စသည့် ဘေးဆိုးကြီး အကုသိုလ်စိတ် အကျိုးပေးကြီးတွေ ကို မျက်ဝါးထင်ထင် မမြင်ချင်၊မကြားချင်မှအဆုံး
နေ့စဉ်လိုလို ၊ လစဉ်လိုလို ၊ နှစ်စဉ်လိုလို ကြားနေကြရတာတွေဟာ ..
ဒါဘယ်သူ့လက်ချက်လဲလို့ မမေးကြပါနဲ့ ...။
မေးလာရင်လဲ အဖြေကရှိနှင့်ပြီးသားပါ ။
ဒီကမ္ဘာပေါ်မှာရှိသမျှ လူသားအားလုံးတို့ရဲ့ အကုသိုလ်စိတ်တို့ရဲ့
ပထမဇောတွေပါပဲ ။
ဒီအကုသိုလ် ပထမဇောဟာ ယခုလက်ရှိလက်တွေ့ဘဝမှာ
လက်ငင်းအကျိုးပေးတာ ခံကြရတယ်နော် ။ လူကပ်တွေပြောချင်စရာတွေ
တော့ရှိတယ် ။ ဒို့ဒီဘဝကောင်းအောင် ဒီလောက်နေနေတာ ဘာလို့အသေ ဆိုးနဲ့သေကြရတာလဲ မေးဖို့မကောင်းလား ... ။
ဒီဇော (၇) ကြိမ်တရားသာ သဘောတွေ့ နားလည်နေရင်
ဒီမေးခွန်းတွေ ရပ်သွားပါလိမ့်မယ် ။
ပထမဇောက ခုဘဝချက်ချင်း ခုနစ်ရက်အတွင်း ၊
ခုနစ်လအတွင်း ၊ ခုနစ်နှစ်အတွင်းမှာ အကျိုးပေးမယ်လို့မှတ်ထားပါ ။
သတ္တမဇောက ခုဘဝပြီး ဒုတိယဘဝကနေစပြီး အကျိုးပေး
ခံစားရမယ်လို့ နားလည်ထားကြပါ ။
အလယ်ဇောငါးချက်ကတော့ တတိယဘဝကနေစပြီး ..
ဘုရား ၊ ရဟန္တာဖြစ်တဲ့နောက်ဆုံးဘဝအထိ အရိပ်ပမာထပ်ကြပ်မခွါ
(ဝဋ်ကြွေးကံလို့သာ မှတ်ပါ )။ နောက်ဆုံးဘဝထိအောင် ဆပ်ပြီးမှ
သေပေးရတဲ့ကံပါ ။
ဒါ လူတိုင်း မလွတ်နိုင်တဲ့ကံ ရှောင်ပုန်းမရတဲ့ကံတွေပါ ။
ဒါဆိုခုဒီဘဝမှာ ကောင်းအောင်နေပြီး အသေဆိုးနဲ့သေ ...
လည်လှီးခံရပြီးသေနေကြတွေ မီးလောင်ခံပြီးသေနေကြတာတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး သေနေကြတာတွေ အစုလိုက်အပြုံလိုက်သေနေကြတာတွေ ...
စတဲ့အသေဆိုးနဲ့သေနေကြတာတွေဟာ မိမိတို့ရဲ့ အတိတ်-အတိတ်က အကုသိုလ်ဇောတွေဖြစ်တဲ့ သတ္တမဇောနဲ့အလယ်ဇောငါးချက်
လို့သာ မှတ်ကြပါတော့ ။
ဒါဖြင့်ယခုဘဝမှာ အမျိုးမျိုးအဖုံဖုံသော ရောဂါတွေကြောက်ကြရ၊
ကပ်ဘေးတွေ အမျိုးမျိုးကြောက်ကြရ.....
စစ်ဘေးတွေ ၊ သူခိုးဘေးတွေ ၊ ဓါးပြဘေးတွေ ၊ သူပုန်ဘေးတွေ
မင်းအမှုထမ်းယုတ်ဘေးတွေ ၊ လူမျိုးယုတ်ဘေးတွေ ..... အဖုံဖုံကြောက်မနေကြရဘူးလား ...။
အေး....ဒါတစ်ခြားမတွေးနဲ့ .. ဒါ ..မိမိတို့ရဲ့ ဘဝ-ဘဝတွေ
များစွာက ပြုခဲ့တဲ့ ၊ လုပ်ခဲ့ကြတဲ့ အကုသိုလ်ဇောတွေ အကျိုးပေးဖို့
ကိုယ်နောက်က ကိုယ့်နားကိုကပ်ပါလာတယ် ။
အကျိုးပေးတော့မယ်ဆိုတာ ကြပ်ကြပ် သတိထားကြပါ ။ ဒီဘေးဆိုတာမျိုးဟာ မိမိတို့နောက်ဆုံးဘဝထိ အကျိုးပေးဖို့
စောင့်နေဦးမယ်ဆိုတာ မှတ်ထားကြပါ ။
ဒီဘေးကလွတ်ချင်တယ်ဆို ဝိပဿနာအလုပ် သန်သန် ၊
ထွားထွားကြီး လုပ်ကြပါ ။ ဖြစ်ပျက် ရှုပါ-ရှုပါ မှာနေတာ....
ဒါကသာ မိမိတို့ကို ဒီသံသရာဘေး ကပ်ဘေး ခန္ဓဝဋ် ဒုက္ခဘေးကြီးမှ
လွတ်ကင်းကြပြီးသကာလ မသေရာမြဲနေ နိဗ္ဗာန်ကိုရောက်ကြမှာ
ဧကန်မလွဲပါ ။
ဒါကြောင့် မိမိတို့အားကိုးရာအစစ်သည် ဝိပဿနာမဂ်
ဖြစ်ပျက်မြင်တဲ့မဂ်သာ အားကိုးရာဟု တိုက်တွန်းပါရစေ......။
━━━━━━━━━━━━━━━━━━━━
မိုးကုတ်ဆရာတော်ကြီး တရားတော်မှပြန်လည်ကောက်နုတ်
တင်ပြရခြင်းဖြစ်ပါသည်။
credit မူလ