Tuesday, August 1, 2017

ငယ်စဉ် ကလေးဘ၀က စပြီး သင်ယူလေ့လာ
ခဲ့ရတဲ့ ကျောင်းပညာ ကို ဘွဲ့ရပြီးတဲ့အခါမှာ
ကျွန်တော် မေ့ထားခဲ့ပါပြီ ။

အလယ်တန်းကျောင်းသားဘ၀ထဲက စပြီး သင်ယူ
လေ့လာခဲ့တဲ့ ဂီတပညာ ကိုလည်း စားဝတ်နေရေး
လုံးပန်းနေတဲ့ လက်ရှိဘ၀မှာ ကျွန်တော်
မေ့နေပါပြီ ။

အသက်မွေးဝမ်းကြောင်း ဖို့အတွက်
သင်ယူလေ့လာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းမှု
ပညာဟာလည်း ကျွန်တော် အိုမင်းမစွမ်း
ဖြစ်တဲ့အခါ မေ့ပျောက်သွားမှာ သေချာပါတယ် ။

တချိန်မှာ ပညာရပ်တွေအားလုံး ကို
ကျွန်တော်မေ့ထားခဲ့နိုင်ပါတယ်၊

ဒါပေမယ့်
ကျွန်တော် သေခါနီး အသက်ထွက်တဲ့အချိန်အထိ
မေ့ထားလို့မရ လေ့ကျင့်အားထုတ်မှုကို
ရပ်တန့်လို့မရတဲ့ အရာ တခုတော့ရှိပါတယ်

အဲဒါ ကတော့
သံသရာ ဘ၀ အဆက်ဆက်
ပါရမီ လက်ဆင့်ကမ်း သယ်သွားရမယ့်
တရား ဓမ္မ လေ့ကျင့်အားထုတ်မှုပဲ ဖြစ်ပါတယ် ။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment