Sunday, March 5, 2017

သူဌေးသား ဘောင်းဘီအပြဲဝတ်ထားရင်
စတိုင်လ်ပေါ့ .
ဆင်းရဲသား အပြဲဝတ်တော့
စုတ်ပြတ်နေတာပေါ့..

စာတော်တဲ့ ကျောင်းသား
ပုစ္ဆာအမှားကြီးတွက်ထားတော့ လျှံသွားတယ်ပေါ့ 
စာညံ့ တဲ့ ကလေး မှားတွက်တော့
ညံ့ လွန်းတယ်ပေါ့ ..

ပိုက်ဆံရှိတဲ့ သူဝတ်ထားတဲ့ လက်စွပ်က
ရွှေအစစ်ပေါ့ 
ပလတ်စတစ်ကောက်တဲ့ သူဝတ်ထားတဲ့ လက်စွပ်က
ရွှေအတုပေါ့ ..

သမီးအရင်း ချက်တဲ့ ထမင်းပျော့ရင်
ဝါးရလွတ်ပြီး အစာကြေလွယ်တာပေါ့ 
ချွေးမ ချက်တဲ့ ထမင်းပျော့ရင်
အိမ်ထောင်ရှင်မ မပီသတဲ့သူပေါ့ ..

တစ်ခါတစ်ခါ အထင်မကြီးတဲ့ မျက်လုံးနဲ့ 
ကြည့်လိုက်ရင် အရာအားလုံးက အပြစ်ပိုကြီးသွားသလိုဖြစ်သွားရော..
ခင်ဗျားတို့ ကျုပ်တို့ လွှင့်ပစ်မိလိုက်တဲ့ 
အမှိုက်ပုံးထဲက အမှန်တရားတွေဟာ
သိပ်နှမြောဖို့ ကောင်းနေတတ်တယ်။

ဘယ်လိုပြောရမလဲဆိုတော့
''မချစ်ရင် အပြစ်ကြီးဘဲ '' ပေါ့ ဗျာ။

Credit.  ဖတ်ခဲ့ဖူးသမျှ ဓမ္မစာပေများ
မူလ ဓမ္မရေချမ်းစင်
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅

No comments:

Post a Comment