<><><><><>
ကိုယ်အဆင်မပြေတာ ကိုယ်ခံစားရတာ ကိုယ့်ဒုက္ခဆိုတာ
လူသိရှင်ကြား ရင်ဖွင့်ပြရမှာမဟုတ်ဘူး..
အထူးသဖြင့် အင်တာနက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ပြတာမျိုးပေါ့..
ကိုယ့်ဒုက္ခကို အများသိသွားတော့လည်း
ဒုက္ခက ယုတ်လျော့သွားမှာမှမဟုတ်တာ..
လူသိရှင်ကြား ခံစားပြပေမယ့်
စာနာသနားတဲ့သူက နည်းနည်း
ကျိတ်ပြီး ဝမ်းသာနေမယ့်သူက ပိုများတယ်..
လူဆိုတာ သူများအရေးထက်
ကိုယ့်အရေးကို ဦးစားပေးတာက များတယ်..
တစ်ခါတစ်ခါ ကိုယ့်ခံစားချက်က
ကိုယ့်အားနည်းချက် ဖြစ်သွားတတ်တယ်..
ခံစားချက်ကို နားလည်ပေးနိုင်တဲ့သူက
ကိုယ့်ကို အားပေးတတ်ပေမယ့်
ခံစားချက်ကို အပြစ်မြင်နေတဲ့သူကတော့
ဖိစရာလက်နက်တစ်ခုအဖြစ် အသုံးချသွားတတ်တယ်..
သူများဆိုတာ ကိုယ်ထင်သလို ကိုယ့်အပူကို
ဖေးမကူမယ့်သူချည်းတော့ မဟုတ်ကြဘူးလေ..
တစ်ကယ်တော့ ဘဝမှာ ကိုယ့်ဒုက္ခ ကိုယ်လျှော့
ကိုယ့်သောက ကိုယ်ဖြေမှ ပြေတာပါ..
လူသိရှင်ကြား ရင်ဖွင့်မယ့်အစား
ကိုယ့်တရားနဲ့ကိုယ်နေ ကိုယ့်အခြေအနေ ကိုယ်ဆင်ခြင်ပြီး
အကြောင်းကြောင့် အကျိုးဖြစ်လာတဲ့သဘောမှာ
အဆိုးတွေ ထပ်မရောအောင် သတိပြုဆင်ခြင်ဖို့ပဲမဟုတ်လား..
ကိုယ့်ခေါင်း မီးလောင်နေရင် အဲဒီမီးကို
ကိုယ်ကိုယ်တိုင်ပဲ အရင်ငြိမ်းရမှာပေါ့..
မငြိမ်းပဲ လောင်နေတဲ့ခေါင်းကို သူများလိုက်ပြနေတော့
အပူက ဘယ်သက်သာမှာလဲ..
ဒါကြောင့် ကိုယ့်အထုပ် ကိုယ်သိပ်ဖြည်မနေနဲ့..
ဘယ်သူမှ ဖြေဆည်ရာပေးမှာ မဟုတ်ဘူး..
သူ့ဒုက္ခနဲ့သူ ရှုတ်နေကြတာ..
သူများဆိုတာ သနားပေးရုံလောက်ပဲ..
ကိုယ့်အရှုပ် ကိုယ်ရှင်း ကိုယ့်ဒုက္ခ ကိုယ်ဖြည်
တရားနဲ့ဖြေတာ အကောင်းဆုံးပဲ..
မနာပဒါယီ အရှင်ဝိစိတ္တ
#shwe kyar
စေတနာမေတ္တာ အရင်းခံဖြင့် မျှဝေပူဇော်ပါသည်..
ohmarshin
No comments:
Post a Comment