Tuesday, November 1, 2016

အသုဘ

အသုဘ ရှူ့ တယ်ဆိုတာ
--------------------------------
သုဘ -- တင့်တယ်ခြင်း
အ - မရှိခြင်း
အသုဘ --မတင့်တယ်ခြင်း

အသုဘရှူ့ တယ်ဆိုတာ မတင့်တယ်တာတွေကို ရှူ့ ဖို့ ပြောတာပါ။ တကယ်တော့ မိုးလင်းကတည်းက မိမိ ခန္ဓာကိုယ်ရဲ့ ဒွါရ ကိုးပေါက်ကထွက်သမျှ အရာအားလုံးကို ရှူ့ မှတ်ဖို့ ပါ။ သေဆုံးသူ ပို့ တဲ့အခါကျတော့လည်း အလောင်း ကောင်ကြီးကို ရှူ့ ပေါ့။ ကျန်တဲ့အချိန်ကျ
တော့ မိမိခန္ဓာကိုယ်က ထွက်သမျှ ကျင်ကြီး ကျင်ငယ် မစင် ချွေး နှပ် စတဲ့
တင့်တယ်ခြင်းမရှိတဲ့ အရာတွေပါလား။ စက်ဆုပ် ဖွယ်တွေပါလား ဆိုတဲ့ သံဝေဂ ဥာဏ်လေးပါအောင်ကြည့်တာကို အသုဘရှူ့ တယ်လို့ ခေါ်တာပါ။

အခုကျတော့ မိုးလင်းကတည်းက ခန္ဓာက ထွက်တဲ့ မကောင်းတဲ့ အနံ့ အသက်
မကောင်းတဲ့အရာတွေကျတော့ အမွှေး အကြိုင်တွေနဲ့ လိုက်ဖုံးနေတယ်။ သံဝေဂ ဥာဏ်မယူပဲ လိုက်ကာကွယ်ပေးနေတယ်။

ခန္တာကိုယ်ကြီးက ငါ့ရဲ့သဘောတရားက ကောင်းတာတခုမှမရှိဘူး တကိုယ်လုံးက ထွက်တဲ့အရာမှန်သမျှက မတင့်တယ်ဘူး။
စက်ဆုပ်စရာတွေနဲ့ ပြည့်နေတယ်လို့  နေ့ တိုင်း နေ့ တိုင်း ပြနေတာတောင် ကိုယ်က အမွေးအကြိုင်တွေ အမွှေးနံ့ သာတွေနဲ့ လိုက်ပြီး ကာကွယ်ပေးနေတယ်ဆိုတော့ သံဝေဂဥာဏ်ကို ဘယ်လိုများယူကြမှာတုန်း။

ပြီးတော့ အလောင်းကောင်ကြီးကို သချိုင်းကုန်းပို့ ဆောင်တော့လဲ ဘယ်တုန်းက များ အလောင်းကောင်ကြီးကို စူးစိုက်ပြီး ရှု့ မှတ်ခဲ့ဘူးလည်း သူများတွေ ငိုတာ ကြည့်ပြီးပြန်လာ ပြီးတော့ ကားပေါ်မှာ တဟီးဟီးတဟားဟားနဲ့၊ ဒုက္ခရောက်ပြီး ပူလောင်နေတဲ့ မသာအိမ်က ရေဘူးနဲ့ ယပ်တောင်လေး ယူပြီး၊ ကိုယ့်အိမ်ကိုယ် ပြန်လာ
အပူသည်တွေကိုထပ်ပြီးဒုက္ခပေးသလိုပဲခေါ်းစဉ်တပ်တော့အသုဘရှူ့ သွားတာတဲ့။

ဗုဒ္ဓဘာသာတွေ ဘယ်တော့များမှ စနစ်တကျ လုပ်တက်ပါ့မလဲ မသိဘူး။

တကယ်တော့ အသုဘရှူ့ တယ်ဆိုတာ မိုးလင်းကတည်းက မိမိခန္ဓာကိုယ်ရဲ့
ဒွါရ ကိုးပေါက်က ထွက်ရှိတဲ့ မတင့်တယ်တဲ့ အရာ စက်ဆုပ်ဖွယ်ရာ အရာမှန်သမျှ ကို သံဝေဂဥာဏ်နဲ့ မြင်အောင်ကြည့်နိုင် ဖို့ ကို ပြောတာပါ။

ခန္ဓာကိုယ်က ပြတဲ့အတိုင်း မြင်အောင် ကြည့်တက်ဖို့ အဓိကပါ။

ဆန္ဒရှိမယ်ဆိုရင် နေ့ တိုင်း နေ့ တိုင်း ကိုယ့်အိမ်မှာ အသုဘ ရှူ့ လို့ ရပါတယ်။

အသုဘ (မတင့်တယ် ) ရှူ့ တာနဲ့  မသာပို့ တာကို ခွဲခြားနားလည်နိုင်ကြ ပါစေ။

credit: ငွေတာရီ
source: https://www.facebook.com/ngwetarye/photos/a.282551765258346.1073741828.276648355848687/498420757004778/?type=3&permPage=1
မူလ ဓမ္မရေချမ်းစင် fb

No comments:

Post a Comment