Thursday, November 17, 2016

စာသင်သားတစ်ပါးရဲ့ ရင်ဖွင့်သံ

ပညာမတတ်လို့ ဘုန်းကြီးဝတ်လာတာမဟုတ်ဘူး
သံသရာအတွက်မို့ ဘုန်းကြီးဝတ်လာတာ ။

ဓနမွဲလို့ ဘုန်းကြီးဝတ်လာတာမဟုတ်ဘူး
ကာမနည်းအောင်လို့ ဘုန်းကြီးဝတ်လာတာ။

အနေအစားချောင်လို့ ဘုန်းကြီးဝတ်လာတာမဟုတ်ဘူး
သာသနာကြာအောင်လို့ ဘုန်းကြီးဝတ်လာတာ။

သံသရာတစ်ခွင် အပြုံးပန်းဆင်နိုင်ဖို့ ဒေါသလက်နက်တွေကိုချရင်း
မောဟကင်းတဲ့ သာသနာမှာ အလင်းဝင်နေတာ။

တင်စလွယ် ဖန်ဝါဖုံးလို့ ဂတုံးကိုပြောင်အောင်တုံး
နေပူမိုးရွာမရှောင် ဆွမ်းလှည့်ခံ
သင်္ကန်းက တွန့်ကြေနေရင်လဲဝတ်
ပေါက်ပြဲနေရင်လည်း ချုပ်စပ်
ပိဋကတ်တွေကို လေ့ကျက်သင်ကြား
ငပိရည်တစ်ခွက် ချဉ်ပေါင်ရွက်တစ်ဖက်နဲ့စားရင်း
ခဏလောက်ဖြစ်ဖြစ် လာနေကြည့်လိုက်
မငိုကြကြေးပေါ့ ။

စာသင်သားပဲဗျာ
ဗိုက်ဆာလို့ ညခင်းအသိုးအပုတ်တွေရှိရင်စား
လူမသိစေနဲ့ ။

ပျင်းရင် သီချင်းဆိုအုံးမလား လူမကြားစေနဲ့

သင်္ကန်းကို ကတောင်းကြိုက် သင်္ကန်းစုက်ထုံးလေးနဲ့
ဘောလုံးကန်အုံးမလား တိတ်တိတ်လေးခိုးဆော့
လူမမြင်စေနဲ့ ။

ငါတို့ကလူငယ်
လှတာမြင်ရင်သဘောကျ
အနုအရွလေးတွေ ငေးချင်တယ်
ပျော်ရွှင် လွတ်လပ်တဲ့ဘဝလိုချင်တယ်
လောကနောက် အတင်းလိုက်ရင်
သဘာဝနောက် ကောက်ကောက်ပါသွားမှာကြောင့်
ထိမ်းသင့်တာ ထိမ်းရတယ်
လွယ်တယ်မမှတ်နဲ့ ။

ဘဝကိုသာသနာမှာအပ် အသက်ကိုသိက္ခာမှာပုံ
ရင်ခုန်တတ်တာကို မျိုသိပ် တိုးတတ်လာတဲ့ခေတ်ကိုဘေးချိတ်ထားတာတောင်

ငါးပါးသီလဖင်ပြဲနေတဲ့သူတွေ သရဏဂုံမပီသ သူတွေက
အပြစ်လေးနဲနဲမြင် အတုအယောင်လို့စွတ်စွဲ
နဂိုတည်းကမှ အလှူရှင်မွဲတဲ့ဘဝ ။

ကြာရင်တော့ သာသနာမှာ သံဃာကုန်တော့မယ် ။

အရှင်သုစိတ္တ ဗုဒ္ဓတက္ကသိုလ်

credit ဝေပုလ္လ

No comments:

Post a Comment