Tuesday, November 15, 2016

အရွယ်ကောင်းတုန်းမှာ

မသေချင်ရင်လည်း တနေ့သေရမှာပါပဲ
ရောဂါဝေဒနာခံစားရချိန်မှာ စိတ်ဝေဒနာဟာ
ဘယ်လိုဖြစ်တည်နေမလဲဆိုတာ စဉ်းစားမိကြရဲ့လား
ကျန်းမာချိန်တုန်းက မအားထုတ်ပဲ
ဒီအချိန်မှာမှ ဘဝနာပွားများရင် တရားရနိုင်ဖို့ဆိုတာ
အလှမ်းကွာဝေးလှပါတယ်
ဒါကြောင့် ကျန်းမာတုန်း ကျင့်ကြံထားရပါမယ်
အသက်အရွယ် ကောင်းတုန်းမှာ စီးပွားရှာရပါတယ်
အဲသလိုပါပဲ
အသက်အရွယ်ကောင်းတုန်းမှာ တရားလည်းရှာရပါတယ်
စီးပွားရှာရတာက အိုကြီးအိုမ အချိန်မှာ
သက်တောင့်သက်သာ နေရဖို့
တရားရှာရတာက
အိုကြီးအိုမနဲ့ သေရတော့မယ့်အခါ
သတ္တိရှိဖို့ပါ
တရားရနိုင်ကြပါစေဗျာ
သံသရာမျက်ရည်ဓမ္မစာစုများ

No comments:

Post a Comment