Friday, November 18, 2016

#၀ိပသာနာအလုပ်လုပ်တယ်ဆိုတာတမင်ရှာပြီးလုပ်နေရတာမဟုတ်ဘူး။ကိုယ့်ခန္ဓာကိုယ်ကြည့်နေရုံပါပဲ။ကြည့်တော့ ဖောက်ပြန်ပျက်စီးနေတာအမျိုးမျိုးခန္ဓာမှာ တွေ့ရမှာပဲ။ခန္ဓာအရှိကိုဥာဏ်အသိနဲ့ကိုက်ရင်ယထာဘူတဥာဏ်၊ဟုတ်တိုင်းမှန်စွာသိတဲ့ဥာဏ်၊နိဗ္ဗာန်ဆိပ်ဦး ရောက်ပြီလို့ဆိုနိုင်တယ်။
တဏှာကြောင့် ခန္ဓာဖြစ်ရတယ်။ ဒီခန္ဓာ ဘယ်မှာ အဆုံးသတ်ပါလိမ့် ဆိုရင် မသာမှာ အဆုံးသတ်တယ်။ ခန္ဓာရရင် မသာ ရတာပဲ။ ဒါဖြင့် ဘယ်ခန္ဓာ ရရပါလို၏ ဆိုရင် ဘယ်မသာ ရရပါလို၏ ဒီအဓိပ္ပါယ်ပဲ ဖြစ်နေတယ်။ ဒါ့ကြောင့် ဒကာ ၊ ဒကာမတွေ ဘယ်ခန္ဓာမှ မရချင်ကြပါနဲ့။ နိဗ္ဗာန် မရမီစပ်ကြားမှာဖြင့် နတ်ခန္ဓာ ရရပါလို၏ဆိုရင် နတ်မသာ ချရပါလို၏ ဒီအဓိပ္ပါယ်ပဲ ရတယ်။ ဗြဟ္မာခန္ဓာ ရရပါလို၏ဆိုရင်လဲ ဗြဟ္မာ မသာ ချရပါလို၏ လူ့ဘဝ ရရပါလို၏ ဆိုရင်လဲ လူမသာ ချရပါလို၏ ဒီအဓိပ္ပါယ်ပဲ ရောက်တယ်။ ဒီလိုဆိုတော့(၃၁)ဘုံမသာစုံ ဖြစ်ရပါလို၏။ဒီတဏှာမသေသရွေ့ခန္ဓာမျိုး ပြတ်မှာမဟုတ်ဘူး။

မိုးကုတ်ဆရာတော်ဘုရားကြီး

No comments:

Post a Comment