Friday, November 11, 2016

အတိတ်မေ့ရောဂါ

အတိတ်မေ့ရောဂါ
--------------------

မင်းတို့ လေးတွေ ဗိုက်ထဲ ရောက်လာပြီဆိုတာ
သိလိုက်ရတဲ့ အချိန်ကစလို့  စားချင်တာမစားခဲ့ရ
ပါဘူး မင်းတို့ နဲ့ မတည့်မှာစိုးလို့ 

လူ့ လောက ကို ပို့ ပေးတော့လည်း
အသက်နဲ့ လောင်းကြေးထပ်ပြီး ပို့ ခဲ့ရတာပါ

အခု အသက်ကြီးလာတော့လည်း မင်းတို့ က
မင်းတို့ သားသမီးလေးတွေနဲ့ ပဲ ပျော်မွေ့ နေကြတော့ ငါတို့ ကို သတိတောင်မရကြတော့ဘူး

အခုထိလည်း ငါတို့ မှာ စားချင်တာ မစားရတဲ့
ဘဝတွေပါပဲ ပြုစုပေးမဲ့ သားသမီး ဂရုစိုက်ပေးမဲ့
သားသမီး အနားမှာ မရှိလို့ 

မင်းတို့  ပိုက်ဆံရလာတဲ့အခါတိုင်း မင်းတို့ သားသမီး တွေဖို့  မင်းတို့ ရည်းစားတွေဖို့  ဆိုပြီး
သတိယ သလိုမျိုး ငါတို့ အပေါ်ကို သတိတယ
မရှိနိုင်ကြတော့ဘူးမလား

ငယ်ငယ်က မင်းတို့ ကို ထမင်းခွံ့ ကျွေးတဲ့အခါမှာ
ငါ့သားလေး ငါ့သမီး လေးများ ဝပြီလားဆိုပြီး
ဗို်က် ကလေးကိုစမ်းစမ်းကြည့် မဝမချင်း
ချော့မော့ပြီး ကျွေးခဲ့ရတာ အကြိမ်ပေါင်း
သောင်းနဲ့ ချီခဲ့ပါတယ်

အခုကျတော့လည်း ငါတို့ ကို အဲဒီလို ဂရုစိုက်ဖို့ 
တကြိမ်တခါတောင် မင်းတို့ သတိမရကြဘူးထင်ပါတယ်

ငယ်ငယ်က လက်ပေါ် ကျင်ကြီးကျင်ငယ်စွန့် တဲ့
အခါ ပေကျံ လိုနံစော်တာကို ငါတို့ တွေ ဂရုမစိုက်
အားပါဘူး ဝမ်းမှကောင်းရဲ့လားဆိုတဲ့ အတွေးက
ပေါ်လာပြီး စိုးရိမ်နေလို့ လေ

အခုကျတော့လည်း ငါတို့  ရဲ့ ကျင်ကြီးကျင်ငယ်ကို ဂရုစိုက်ဖို့ နေနေသာသာ
အမေတို့ အဖေတို့  နေကောင်းကြရဲ့လား လို့ 
တောင် မေးသံမကြားမိပါဘူး

မင်းတို့ ရဲ့ ပေကျံ နံစော်နေတဲ့ အဝတ်အစား
တွေကို အကြိမ်အခါခါ လျှော်ပေးဘူးပေမဲ့
ငါတို့ အသက်ကြီးလို့  နံစော်နေတဲ့အခါ တခါလောက်တောင် လျှော်ပေးဖို့  မင်းတို့ 
သတိမယကြဘူးမလား

တကယ်တော့

စားဝတ်နေရေး အဆင်မပြေတဲ့ မိဘတွေရဲ့
ဘဝတွေဟာ
တနေ့ တာ ကုန်လွန်ဖို့ တောင် ပင်ပမ်းကြီးစွာ
ဖြတ်သန်းနေရတာပါ

ငါတို့ လို မိဘတွေ လောကမှာ
ဘယ်လောက်တောင်များမလဲမသိဘူးနော်

ကိုယ့်မိဘ တွေဟာ
ကိုယ့်သားသမီးတွေကို
ဘယ်လောက်ထိ အားကိုးတယ်ဆိုတာ
မင်းတို့ တွေ မိဘနေရာ ရလာတဲ့တနေ့ 
သိကြရပါလိမ့်မယ်

ဘယ်မိဘမှ သားသမီးဆီမှာမမျော်လင့်ဘူး
ဆိုတာ မင်းတို့ တွေ ယုံကြည်သလား

မှားလိမ့်မယ်

တကယ်တော့ အဲဒါ မိဘတွေရဲ့
မာန နဲ့  မုသာဝါဒ ပေါင်းစပ်ထားတာလေ

ဂေါတမ ဘုရားရှင်က

မိဘများ သားသမီးများဆီမှ
မျှော်လင့်ခြင်းငါးမျိုး ထဲမှာ ငါတို့ သားသမီး
များသည် ငါတို့ အသက်ကြီးလာသောအခါ
တလှည့် လုပ်ကျွေးကြလိမ် မည် လို့ 
ဟောထားတာ ကြားဘူးကြလား

မိဘတွေ မတောင်းဆိုရက်မှန်းသိလို့ 
ဖေါ်ထုတ်ပေးထားတာ မင်းတို့ တွေ့  ကြဘူး
မှာပေါ့

ဒါပေမဲ့

သားသမီးဆီက တောင်းဆိုရင်
မိဘမေတ္တာ လျော့ကျသွားမှာစိုးလို့ 

အသက်သာ အသေခံသွားမှာပါ

ငါတို့ မှာ

အသက်ကကြီးလာလို့  လုပ်အားနဲ့ 
မရှာဖွေနိုင်တော့ပါဘူး

ရှိသမျှ အားတွေကလည်း မင်းတို့ ကို လုပ်ကျွေး
ခဲ့ရလို့  ကုန်ခမ်း ကုန်ပါပြီ

တရားရှာနိုင်ဖို့  နေနေသာသာ
ထမင်းတနပ်တောင် မနည်းရှာစားနေရတဲ့
ဘဝတွေကို ရောက်နေပါပြီ

စားချင်တာမစားရ စားသင့်တာတောင် မစားရတဲ့
ဘဝပိုင်ရှင်တွေဖြစ်နေပါပြီ

မင်းတို့ ကတော့ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်
လှပဖို့  ကြိုးစားနေကြတယ်
ကိုယ့်ချစ်သူနဲ့  အနာဂါတ် လှပဖို့ 
ပုံဖေါ်နေကြတယ်

အတိတ်မေ့ ရောဂါသည်တွေ
ဖြစ်နေကြပြီ

အဲဒီအချိန်မှာ

မင်းတို့ ရဲ့ မိဘတွေဟာ
မပြည့်စုံတဲ့ ဘဝတွေနဲ့ 
တနေရာရာမှာ ရှိနေကြတယ် ဆိုတာကိုတော့ဖြင့်

တကြိမ်တခါလောက်ကလေး
တွေးနိုင်ကြပါစေ

credit ဦးမြင့်ခိုင်

No comments:

Post a Comment