ဖြစ်ပျက်ကို မျက်လုံးဖြင့် မြင်ရသည်မဟုတ်ပဲ ဉာဏ်ဖြင့် မှန်းပြီး သိရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်ပျက်မြင်သည့်ဉာဏ်ကို 'ဥဒယဗ္ဗယဉာဏ်' ဟု ဆိုထားခြင်းဖြစ်သည်။ စိတ်ဖြင့် ဖြစ်ပျက်သိရသည် မှန်သော်လည်း စိတ်သိသည့်အသိသည် ဉာဏ်ဖြစ်သွားရန်လိုပါသည်။ အသိဉာဏ်ဟုပြောကြပါသည်။ အသိသည် ဉာဏ်ဖြစ်သွားပါမှ အသိဉာဏ် ဖြစ်ပါသည်။ ပညာဉာဏ်ဟုလည်း ပြောကြပါသည်။ ပညာသည် အပြားအားဖြင့် သိခြင်းဖြစ်ပါသည်။ သိစရာရှိတာကို သိခြင်း ဖြစ်ပါသည်။ ထိုပညာသိသည် ဉာဏ်ဖြစ်သွားပါမှသာလျှင် ပညာဉာဏ်ဟု ဆိုရပါမည်။
မူလ - မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော်များ
No comments:
Post a Comment