ဒေါသစိတ်ပြင်းထန်နေချိန်မှာ မိမိရုပ်ကိုပြန်ကြည့်ပါ
အရုပ်ဆိုးအကျဉ်းတန်ပါတယ်
အခန့်မသင့်ရင် ဒေါသအဟုန်ကြီးမားထိန်းမရရင်
ရုပ်ဟာဖောက်ပြန် ပျက်စီးပြီး သေဆုံးသွားနိုင်ပါတယ်
ရုပ်ခံညံ့တဲ့နှလုံးရောဂါ သည်မှာ ဒေါသစိတ် ထိမ်းမနိုင်ရင်
ရုပ်ပျက်စီးသွားနိုင်ပါတယ်
ကုသိုလ်ပြုလှူဒါန်းနေတဲ့အချိန်မှာ
ကြည်နူးပီတိစိတ်ဖြစ်ပေါ်ပါတယ် အဲဒီချိန်မှာဖြစ်ပျက်နေတဲ့
ရုပ်ကို ကြည့်ပါ
နူးညံ့သိမ်မွေ့နေတာကို တွေ့ရပါတယ်
ရုပ်ရဲ့သက်တောင့်သက်တာ ရှိမှုကိုလည်းသတိထား
မိကြမှာပါ
မိမိရဲ့ဘဝတလျောက်လုံးမှာ ရုပ် ကိုသက်တောင့်သက်သာ
ရှိစေဖို့ ဘယ်လိုစိတ်မျိုးအမြဲထားရမလဲဆိုတာ
ကျွန်တော်တို့အားလုံးသိသင့်ပါပြီ
No comments:
Post a Comment