Thursday, November 3, 2016

ဘာတွေလည်း
***********

ဗုဒ္ဓဘာသာဝင် အများစုဟာ ပါးစပ်ကသာ
ဗုဒ္ဓဘာသာဝင်ပြောကြတာ တကယ့်လက်တွေ့ မှာတော့ လွဲချော်မှု့တွေ ရှိနေပြီး တကယ့်ထေရဝါဒ ဗုဒ္ဓဘာသာဝင် မဖြစ်သေးပါဘူး

ကုသိုလ်လိုချင်လို့ သွားတယ် ဘုရားရောက်တော့
မရှိခိုးသေးဘူး ဘာနေ့ သား ဆိုပြီး မိမိမွေ့ နေ့ နဲ့ 
နေ့ သင့်နံသင့် ဂြိုဟ်တိုင်လိုက်ရှာတယ် ပြီးမှ ဘုရားရှိခိုးတယ် ဂြိုဟ်တိုင်က အကျိုးပေးတာလား
စေတနာက အကျိုးပေးတာလား ခုထိ မကွဲသေးဘူး

အကြံပေးချင်ပါတယ် ဂြိုဟ်တိုင်ရှိခိုးဖို့ သွားတာဆိုရင် ဘုရားကိုသွားမနေပါနဲ့ 
သွားလို့ ကုန်မဲ့ ခရီးစရိတ်ကို မုန့် ဝယ်စားလိုက်ပါ
ဗိုက်ပြည့်ပါတယ်

ဒက္ခိဏသာခါ ဘုရားက မီးကွင်း တယ်ဆိုပြီး ပူဇော်တယ် ဘုရားကို မိမိအိမ်မီးမလောင်ဖို့  မီးကင်းစောင့်ခိုင်းသလိုဖြစ်နေတယ်

အကြံပေးပါ့မယ် မီးလောင်မခံချင်ရင် မီးသတ် နဲ့ 
အနီးဆုံးမှာ အိမ်ဝယ်ပြီးသွားနေပါ လောင်ခဲ့ရင်တောင် အချိန်မီငြိမ်းသတ်
နိုင်ပါလိမ့်မယ်

နေ့ ချင်း ညချင်း ကြီးပွားအောင်ဆိုပြီး ပုဂံနှစ်ချပ်မှာ ဂျင်းတက်တွေတင်ထားပြီး မီးထွန်းတယ် ယုတ္ထိရှိပါ့မလား ဂေါတမဗုဒ္ဓလမ်းစဉ်က ကိုယ်လုပ်မှ ကိုယ်ရမှာ
ကိုယ်လုပ်သလောက်ရမှာ ဆိုတော့ လွဲမနေဘူးလား

အကြံပေးချင်ပါတယ် နေ့ ချင်း ညချင်း ကြီးပွားချင်ရင် ဘဏ်ကို ဓားပြ သွားတိုက်ပါ
အဲဒါ ပိုပြီးသေချာပါတယ်

ဖရဲသီး ဘုရားကို ကပ်ရင် ဖရိုဖရဲုဖြစ်တတ် တယ်
ဆိုပြီး မကပ်ကြဘူး ဆိုတော့ ဂေါတမ ဗုဒ္ဓက
ဖရဲသီး ဘုန်းပေးပိုင်ခွင့် မရှိတော့ဘူးလားလို့ 
မေးချင်ပါတယ်

အကြံပေးချင်ပါတယ် ဖရိုဖရဲ
မဖြစ်ချင်ရင် တဦးနဲ့ တဦး ကြိုးနဲ့ ကပ်ပြီး တုပ်ထားကြပါ အဲဒါ ဖရိုဖရဲ မဖြစ်တော့ပါဘူး

အောင်သပြေ ကပ်တိုင်း
အောင်မြင်မယ်ဆိုရင်

ကံ့ကော်ကပ်တိုင်း
ကံကောင်းမယ်ဆိုရင်

ကြံကပ်တိုင်း
အကြံအစည်အောင်မြင်မယ် ဆိုရင်

အကြံပေးပါရစေ
ဘာအလုပ်မှ မလုပ်ပဲ
အဲဒီပန်းတွေ စိုက်ပြီး ရောင်းကြပါလား

ဒါပေမဲ့
သူများဘာသာတွေကမေးရင်
ဗုဒ္ဓဘာသာလို့ တော့
မပြောကြပါနဲ့ နော်

ဗုဒ္ဓဘာသာဆိုတာ
အချောင်လိုချင်တဲ့ ဘာသာ များလား ဆိုပြီး
သူများတွေ အထင်လွဲသွားမှာစိုးလို့ ပါ

အော် - - - ဘုရားရှင်တောင် မိမိဘဝအောင်မြင်ဖို့ အတွက် အဖြည့်ခံဖြစ်နေရတာ
တော်တော်လေးကို နေရာမကျတာပဲ

လေးအသင်္ချေ ကမ္ဘာတစ်သိန်း
ပေးဆပိခဲ့ရတာတွေကို
အားနာဖို့ တော့ ကောင်းပါတယ်

ဦးမြင့်ခိုင်
မူလ ဦးမြင့်ခိုင် FB

No comments:

Post a Comment