သူတော်ကောင်းတရားကို သိရ၍ မြင့်မြတ်၏
လောကနီတိ
လူဆိုးလူမိုက်နဲ့ အမြဲအပေါင်းအဖော်လုပ်ရင်
သူတို့ရဲ့ အကျင့်တွေလည်း
မိမိ ထံကိုလည်း ကူးစက်နိုင်ပါတယ်
အနည်းဆုံးကတော့ မိမိပတ်ဝန်းကျင်က
မိမိကို လူဆိုးလူမိုက်လို့ ထင်သွားနိုင်ပါတယ်
မူးယစ်ဆေးသုံးဆွဲသူနဲ့ ပေါင်းရင်
မိမိက မူးယစ်ဆေးမသုံး ပေမယ့်လည်း
ပတ်ဝန်းကျင်ကတော့ ဆေးသုံးသူလို့ပဲ
ထင်ပါတယ် မိတ်ဆွေအပေါင်းအသင်းကြောင့် ရလာတဲ့
အကျိုးရလဒ်တွေပေါ့
အများကောင်းကျိုး ပရဟိတ အလုပ်တွေလုပ်နေတဲ့
မိတ်ဆွေတွေနဲ့
အမြဲပေါင်းသင်းဆက်ဆံရင်
သူတို့တွေလုပ်နေတဲ့ ပရဟိတ အလုပ်တွေပေါ်မှာ
မိမိလည်း အလိုလိုစိတ်ပါလုပ်ချင်စိတ်
ပေါက်လာပါတယ် သူတို့တွေနဲ့ပေါင်းလို့
မိမိစိတ်ထားတွေလည်း ပရဟိတ အလုပ်တွေ
ဘက်ကို စိတ်ညွတ်သွားတာကြောင့်
ကုသိုလ် အလုပ်တွေလုပ်ဖြစ်သွားပါတယ်
မိမိတယောက်ထဲ နေရင် လုပ်ချင်စိတ်မရှိပေမယ့်လည်း
မိတ်ဆွေတွေကြောင့်
ရောရောင်လုပ်ဖြစ်သွားတာကြောင့်
မိတ်ဆွေကြောင့် အကျိုးဖြစ်ထွန်းလာတာပါ
တရားဓမ္မအားထုတ်တဲ့ မိတ်ဆွေတွေနဲ့ အပေါင်းအသင်းလုပ်ရင်
သူတို့ထံကနေ တရားဓမ္မတွေ အမြဲကြားနေရတာကြောင့်
မိမိကိုယ်တိုင်တရားဓမ္မစာပေတွေကို
မလေ့လာမလိုက်စားပေမယ့်လည်း
မိတ်ဆွေအပေါင်းအသင်းကြောင့် တရားဓမ္မစာပေ တွေကို
သိရှိ သွားပါတယ်
မိတ်ဆွေ ကြောင့် မိမိဟာလည်း မြင့်မြတ်လှတဲ့
မြတ်ဗုဒ္ဓတရားတော်တွေကို
သိရှိလာရပါတယ် တရားမသိရင် ကုသိုလ် အကုသိုလ် ကို
မသိနိုင်ပါဘူး
မိမိကောင်းတယ်ထင်တဲ့အရာတွေဟာ
အကုသိုလ်တွေဖြစ်နေတတ်တာကို
တရားမသိရင် တော့ မသိနိုင် မမြင်နိုင်ပါဘူး
တရား မိတ်ဆွေတွေရဲ့ ပြောဆိုဆွေးနွေးမှုကို
အမြဲကြားနေ ရတာကြောင့်
ဘယ်ဟာ ကုသိုလ် အကုသိုလ် ကို တော့ သိရှိနိုင်ပါလိမ့်မယ်
သူတော်ကောင်းမိတ်ဆွေတွေကြောင့်
အကျိုးဖြစ်ထွန်းရတာပဲဖြစ်ပါတယ်
မိဆွေကောင်းများနဲ့ပေါင်းဖက်နိုင်ကြပါစေဗျာ
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment