စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှားမရှိ
ထို့ကြောင့် စိတ်ကိုဖြူသည် မည်းသည် ပိန်သည် ဝသည်ဟု
မဆိုနိုင် အာရုံကိုသိနိုင်သော သဘောသတ္တိမျှသာ ထင်ရှားရှိ၏
မြင်သိစိတ်သည် မျက်လုံးအတွင်းမှာဖြစ်၏
ကြားသိစိတ်သည် နားအတွင်းမှာဖြစ်၏
နံသိစိတ်သည် နှာခေါင်းအတွင်းမှာဖြစ်၏
အတွေ့သိသောစိတ်သည် ခန္ဓာကိုယ်ဝယ် ထိမိရာ
အရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တို့ကား
ရင်ချိုင့်အတွင်းရှိ ဟာဒယနှလုံးအိမ်မှာဖြစ်ကြသည်။
စိတ်တို့သည် အလွန်အဖြစ်အပျက်မြန်သောကြောင့်
၅ မိနစ်လောက်အတွင်းမှာပင် စိတ်ကောင်းစိတ်ဆိုး
(ကုသိုလ်၊ အကုသိုလ် စိတ်)ရောနှောလျက်ဖြစ်တတ်သည်
နံနက်စောစောအိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ်
ဖြစ်နေစဉ် အိမ်အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့်
ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏
ဘုရားအာရုံပြုနေစဉ် မခံချင်စဖွယ်ပြောလာသဖြင့်
ဒေါသစိတ်ဖြစ်ရ၏
ရောင်းမှုဝယ်မှု လောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်
သည့်အခါ (လှူမည်တန်းမည်ဟု ကြံမိသည့်အခါ) သဒ္ဒါစိတ်
(ကုသိုလ်စိတ်) ဖြစ်၏
တစုံတစ်ခုကို အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမား
တို့၏ အဆုံးအမကို သတိရ၍ သတိစိတ်(ကုသိုလ်စိတ်) ဖြစ်၏
ဤသို့ စသည်ဖြင့် စိတ်တို့၏ ပြောင်းလဲပုံလျင်မြန်သောကြောင့်
စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မိမိစိတ်ကို စိတ်ကောင်းလားစိတ်ဆိုးလား
ဟုခွဲခြား၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်း
များများဖြစ်အောင် ပြုပြင်ကြပါကုန်
ကိုယ်ကျင့်အဘိဓမ္မာ
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်
No comments:
Post a Comment