Sunday, April 23, 2017

ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒတရားတော်
--------------------------------
အို. . .အချင်းကာလာမအနွယ်တို့ သင်တို့သည်
အယူဝါဒတစ်ခုကို တဆင့်ကြားဖြင့်လည်း အမှန်လို့
မယူကြနဲ့

ရှေးအစဉ်အလာ စကားဖြစ်ရုံနှင့်လည်း အမှန်လို့မယူကြနဲ့

ဤသို့ဖြစ်ဖူးသတဲ့ ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့

ကျမ်းဂန်နှင့်ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့

နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့

အကြောင်းခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်ဆိုရုံဖြင့်လည်း
အမှန်လို့ မယူကြနဲ့

မိမိတို့ ကြံစည်နှစ်သက် လက်ခံထားသောအယူနှင့် ကိုက်ညီသည်
ဆိုရုံနှင့်အမှန်လို့ မယူကြနဲ့

လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့

မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံဖြင့် အမှန်လို့မယူကြနဲ့

သင်တို့သည် မိမိတို့ကိုယ်တိုင် ဤတရားတို့သည်
အကုသိုလ်တရားတို့တည်း
ဤတရားတို့သည် အပြစ်ရှိသောတရားတို့တည်း၊
ဤတရားတို့သည်
ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း
ဤတရားတို့နှင့်ပြည့်စုံလျှင်
ဤတရားတို့ကို တည်ဆောက်လျှင် အကျိုးမဲ့ခြင်း
ဆင်းရဲခြင်းငှာဖြစ်ကုန်၏ဟုသိကြသောအခါ
ထိုတရားတို့ကိုပယ်ကုန်လော့

ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊
ဤတရားတို့သည် အပြစ်မရှိသော
တရားတို့တည်း ဤတရားတို့ကိုဆောက်တည်လျှင်
အကျိုးခြင်းငှာ၊ ချမ်းသာခြင်းငှာ
ဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို
ဆောက်တည်ကျင့်သုံးကြကုန်လော့ ဟူ၍
ဟောကြားတော်မူခဲ့ပါသည်။
မျက်ရည်မကျခင်သိစေချင်(မေတ္တာရှင်)

သံသရာမျက်ရည်(မိုးညှင်း)မှ မျှဝေပူဇော်ပါသည်

No comments:

Post a Comment