နိဗ္ဗာန်မရသေးပဲလျက်
နိဗ္ဗာန်၏ ချမ်းသာအေးငြိမ်းခြင်းကို
သိနိုင်ပါအံ့လော
-------------------------------------
မင်းမြတ်. . နိဗ္ဗာန်ကို မရသေးစေကာမူ
နိဗ္ဗာန်၏ ချမ်းသာခြင်းကိုသိနိုင်ပေတယ်
အကြင်သူတစ်ဦးသည် လက်ခြေဖြတ်ခြင်း
မခံရသေး၊ လက်ခြေဖြတ်ခြင်းသည်လည်း
မရှိသေး သို့သော် အကယ်၍ လက်ခြေ
အဖြတ်ခံခဲ့ရလျှင် ပြတ်ခဲ့လျှင် မည်ရွေ့မည်မျှ
ဆင်းရဲဒုက္ခရောက်လိမ့်မည်ကို ကြိုတင်
မသိအပ်ပါသလော . . .
မိမိ အဖြတ်မခံရသေးသော်လည်း
တစ်ပါးသူတို့၏ အဖြတ်ခံရစဉ်
ငိုကြွေးမြည်တမ်းသံကို
ကြားရသဖြင့်လည်းကောင်း၊
လက်ခြေပြတ်နေသည့်အတွက်
အဘက်ဘက်မှ ဆင်းရဲပုံကိုလည်းကောင်း
သိမြင်ရခြင်းကြောင့် ဖြစ်သည်။
နိဗ္ဗာန်၏ချမ်းသာခြင်းကိုလည်း ထိုကဲ့သို့ပင်
နှိုင်းယှဉ်သိမှတ်အပ်ပေတယ်
မိမိကိုယ်တိုင်ပင် မရောက်ရသေးသော်လည်း
နိဗ္ဗာန်ကို မြင်တတ်သူတို့၏ စကားကို ကြားနာ
ရခြင်းအားဖြင့် နိဗ္ဗာန်၏ အခြင်းအရာ၊
နိဗ္ဗာန်၏ ချမ်းသာအေးငြိမ်းခြင်းကို
သိနားလည်နိုင်ပေတယ်
မိလိန္ဒ အမေးအဖြေ
ဦးကောင်းထွန်း
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်
No comments:
Post a Comment