***************************
**လူ့ဘဝ
အတ္တနဲ့မာနကိုပယ်ခွာချ
မောဟတရားလည်းကင်းပါစေ။
**လူ့ဘဝ
ဒေါသနဲ့သောကကိုပယ်ခွာချ
လောဘတရားလည်းကင်းပါစေ။
**မာနဒိဌိ ဝိစိကိစ္ဆာ
အဘိဇ္ဈာ ဗျာပါဒ
ဤကတရား ရှောင်ပယ်ရှား၍
မေတ္တာ ဂရုဏာ မုဒိတာ
ဥပေက္ခာတရားဤလေးပါးဟု
ရှစ်ပါးမဂ္ဂင် ပွားများလျှင်လည်း
ရင်တွင်းမုချ ``အပ္ပမာဒ´´နဲ့
မိမိနှလုံးသား ကိန်းအောင်းထားလျှင်
လောကတစ်ခွင် အလှဆင်သည်
လူအချင်းချင်း လှည့်ပတ်ခြင်းနဲ့
လူအချင်းချင်း အထင်သေးခြင်းနဲ့
ဆင်းရဲလိုခြင်း အချင်းချင်းလျှင်
ကင်းရှင်းဝေးကွာ ဝေမျှပါမူ
ကမ္ဘာ့လူသား လူအများ၏
လိုလားတောင့်တ လူ့ဘဝကို
မုချမသွေရမည်တည်း။။
မြန်မာသက္ကရာဇ်. ၁၃၇၈.၇၉.နှစ်သစ်ကိုကြိုဆိုလျှက်
မင်းကိုဦး(မိုးညှးင်)
၁၄.၄.၂၀၁၇
No comments:
Post a Comment