Wednesday, April 12, 2017

ပုဂ္ဂိုလ်လေးမျိုး

ပုဂ္ဂိုလ်လေးမျိုး
အင်္ဂုတ္တိုရ်ပါဠိတော်၊ ပုဂ္ဂလဝဂ်၊ဥဂ္ဃဋိတညူသုတ်၌
လောကတွင် ပုဂ္ဂိုလ် ၄ မျိုး ရှိကြောင်းကို
မြတ်စွာဘုရားဟောကြားတော်မူသည်
(၁) ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်
(အကျဉ်းမျှ တရားဟောရုံဖြင့် တရားကိုသိ၍ အကျွတ်တန်းဝင်သူ)
(၂) ဝိပဉ္စိတညူ ပုဂ္ဂိုလ်
(အကျယ်ဟောကြားသောတရားကို နာကြားရသဖြင့် မဂ်ဖိုလ်ရသူ)
(၃) နေယျပုဂ္ဂိုလ်
(တရားတော်ကိုနာယူမှတ်သားပြီး သမထ-ဝိပဿနာ
ကျင့်ကြံ့ပွားများမှ မဂ်ဖိုလ်ရသူ)
(၄) ပဒပရမပုဂ္ဂိုလ်
(တရားနာယူရုံမျှသာဖြစ်၍ ယခုဘဝတွင် ကျင့်ကြံ့အားထုတ်သော်
လည်း ဈာန်မဂ် မရထိုက်သူ )
အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင်
(ဒေါက်တာမင်းတင်မွန်)
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင်ဟာ ပုဂ္ဂိုလ် လေးမျိုးရှိကြောင်းကို
ဟောကြားခဲ့တယ် လေးမျိုးထဲမှာ မိမိတို့ဟာ ဘယ်လိုအမျိုးအစား
ထဲမှာပါနေကြပြီလည်း ဥဂ္ဃဋိတညူ ပုဂ္ဂိုလ် မျိုးတော့ ယခုခေတ်မှာ
မရှိနိုင်တော့ဘူးထင်ပါတယ် ဝိပဉ္စိတညူ ပုဂ္ဂိုလ် မျိုးတော့ ရှိနိုင်ပါ
တယ် ဒါပေမယ့် တော်တော်လေးကိုရှားလိမ့်မယ်ထင်ပါတယ်
အရိယာပုဂ္ဂိုလ် မဂ်ဖိုလ် ရနိုင်တဲ့ ပါရမီ မျိုးပါလာသူတွေပဲဖြစ်နိုင်
မှာပါ အဲဒီပဂ္ဂိုလ် နှစ် မျိုးမှာတော့ မိမိမပါနိုင်တာကတော့ သေချာ
ပါတယ် နောက် နေယျပုဂ္ဂိုလ် သူကတော့ လူတော်တော်များများ
ဖြစ်နိုင်ပါတယ် သူကတရားတော်တွေကိုလည်း နာယူမှတ်သား
ရတယ် သင်ယူမှတ်သားထားတဲ့ အရာတွေကို မှီပြီး ကျင့်ကြံ့အား
ထုတ်ရတယ် အင်တိုက်အားတိုက် ရေကုန်ရေခမ်း ကျင့်ကြံမှ
တရားထူးရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပါ အဲဒီလိုပုဂ္ဂိုလ်မျိုးထဲမှာ မိမိပါပြီလား
ပြန်ဆန်းစစ်ကြည့်ရပါမယ် တရား ဓမ္မစာပေတွေကို
လေ့လာလိုက်စားတယ် လက်တွေ့ကျင့်ကြံအားထုတ်မှ
သာ နေယျပုဂ္ဂိုလ် ထဲမှာပါနိုင်ပါမှာ ဒီလိုမှ မဟုတ်ရင်တော့
နေယျပုဂ္ဂိုလ်ထဲမှာတောင်မပါနိုင်ပါဘူး
နေယျပုဂ္ဂိုလ်လိုမျိုး ကျင့်ကြံအားထုတ်ပေမယ့်လည်း တရားထူး
မဂ်ဖိုလ် မရရင်တော့ ပဒပရမပုဂ္ဂိုလ် ထဲပါနေလို့ပါပဲ
ဒါဆိုရင်ဘာလုပ်ရမလဲ တရားထူးမရနိုင်တော့လို့
အားလျော့လိုက်မယ်လို့မစဉ်းစားလိုက်ပါနဲ့ အပါယ်နဲ့ နီး နီး
သွားပါလိမ့်မယ် ယခုဘဝမှာ ပဒပရမပုဂ္ဂိုလ် အနေနဲ့ ကျင့်ကြံပါရမီ
ဖြည့်မှသာ နောင်ဘဝတွေမှာ နေယျပုဂ္ဂိုလ် ထဲရောက်မှာပါ
ဘယ်လိုပုဂ္ဂိုလ်မျိုးထဲပါပါ မိမိနိုင်သလောက်ကို ကျိုးစားလေ့လာ
အားထုတ်ကျင့်ကြံနေဖို့ က မိမိတို့ရဲ့တာဝန်တာဖြစ်တယ် ပါရမီ
ဖြည့်တာလည်းပဲဖြစ်ပါတယ် ဒီလိုမှမဟုတ်ရင်တော့ သံသရာမှာ
မြုပ်လိုက်ပေါ်လိုက်နဲ့ နောက်ဆုံး အောက်ဆုံးထိအောင်ပဲ နှစ်မြုပ်
သွားပါလိမ့်မယ်
သံသရာမျက်ရည် (မိုးညှင်း)

No comments:

Post a Comment