--------------------
အရှင်ဘုရား . . . စေတနာသည် အဘယ်သို့သော
လက္ခဏာ ရှိပါသနည်း
မင်းကြီး . . . စေတနာဟူသည် စေ့ဆော်တိုက်တွန်းခြင်း
သဘောရှိ၏
အကြင်သူတစ်ဦးသည် အဆိပ်ဆေးကိုစီရင်ဖော်စပ်ကာ
မိမိလည်းသောက်၏ သူတစ်ပါးကိုလည်းသောက်စေ၏
ထိုအခါ အကြင်သူ၏ စေ့ဆော်တိုက်တွန်းခြင်းသည်
မိမိတစ်ဦးတည်းသာမဟုတ် အခြားသူကိုပါ
နစ်နာဆုံးရုံးစေပေ၏
ထို့အတူပင် အချို့သောသူတို့သည်
မိမိတစ်ဦးတည်းသာမဟုတ်သေး အခြားသူများကိုပါ
မကောင်းမှုပြုရန် စေ့ဆော်တိုက်တွန်းလျက်
မကောင်းကျိုးသက်ရောက် ဖြစ်မြောက်စေတတ်၏
အချို့သောသူကမူ ထောပတ်၊ ဆီဦး၊ ဆီကြည်၊ ပျားရည်
တင်လဲတို့ကို စုပေါင်းရောနှောကာ မိမိလည်းသောက်၏
သူတစ်ပါးကိုလည်းသောက်စေ၏
ထို့အတူပင် ကောင်းမှုကုသိုလ်တို့ကို
မိမိပြုအပ်သည်သာမဟုတ် အခြားသူများကိုပါ
ပြုလုပ်ဖြစ်မြောက်စေရန် စေ့ဆော်တိုက်တွန်းခြင်းဖြင့်
နတ်ပြည် နတ်ရွာသို့ ရောက်ကြရ၏
ထို့ကြောင့်ပင်
စေတနာဟူသည် စေ့ဆော်တိုက်တွန်းခြင်း
ပြုပြင်တတ်ခြင်းသဘော ရှိပေသည်။
မိလိန္ဒ အမေး အဖြေ (ဦးကောင်းထွန်း)
သံသရာမျက်ရည်(မိုးညှင်း) မှ မျှဝေပူဇော်ပါသည်
No comments:
Post a Comment