Tuesday, April 11, 2017

ပုညကြိယဝတ္တု ၁၀ ပါး

ပုညကြိယဝတ္တု ၁၀ ပါး
(၁) ဒါန - ပေးကမ်းလှူဒါန်းမှု
(၂) ပတ္တိဒါန-မိမိ၏ ကုသိုလ်အဖို့ကို အမျှပေးဝေမှု
(၃) ပတ္တာနုမောဒန- သူတစ်ပါးပေးဝေသောကုသိုလ်အဖို့ကို
ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှု
(၄) သီလ - ၅ ပါး ၈ ပါး ၁၀ ပါးစသော သီလကို ဆောက်တည်မှု
(၅) အပစာယန-အသက် ၊ သိက္ခာ၊ ဂုဏ် ကြီးမြင့်သူတို့အားရိုသေမှု
(၆) ဝေယျာဝစ္စ-အနန္တငါးပါးနှင့် ကုသိုလ်ရေးကိစ္စများ၌ ပါဝင်ဆောင်
ရွက်မှု
(၇)ဘာဝနာ-သမထဘာဝနာ ဝိပဿနာဘာဝနာ စီးဖြန်းမှု
(၈) ဓမ္မဿဝန-သူတော်ကောင်းတရားကိုနာကြားမှု
(၉)ဓမ္မဒေသနာ-လာဘ်ကိုမငဲ့ဘဲ သူတော်ကောင်းတရားကို
ဟောကြားမှု
(၁၀)ဒိဋ္ဌိဇုကမ္မ-အယူကိုဖြောင့်မှန်စွာယူမှု
(အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင်)ဒေါက်တာမင်းတင်မွန်
အထက်ဖော်ပြပါ ပုညကြိယဝတ္တု ၁၀ ပါး ထဲကတခုခုကိုပြုလုပ်ရင်
မဟာကုသိုလ်စိတ်ဖြစ်ပေါ်ပါတယ်တဲ့
ကုသိုလ်ရေးရာတွေ မလုပ်နိုင်သေးဘူး မအားသေးဘူး
စီးပွားရေးအဆင်မပြေသေးလို့ အဆင်ပြေမှပဲလုပ်ချင်တယ်
စတဲ့ စတဲ့ ကုသိုလ်အရေးအရာမှာ နှောင့်နှေးနေသူများ
ပုညကြိယဝတ္တု ၁၀ ပါး ထဲက
ပတ္တာနုမောဒန ရှိနေတာကို သတိပြုသင့်ပါတယ်
သူတစ်ပါးပေးဝေသောကုသိုလ်အဖို့ကို
ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှု ဆိုတဲ့- ပတ္တာနုမောဒန
ပဲဖြစ်ပါတယ် မိမိရဲ့လူမှုပတ်ဝန်းကျင်မှာ အလှူပြုနေကြတဲ့သူတွေ
တရားဘာဝနာအားထုတ်နေတဲ့သူတွေ များစွာများစွာရှိပါတယ်
သူတို့ပြုလုပ်နေတဲ့ ကုသိုလ်ရေးရာတွေကို သွားရင်းလာရင်း
နဲ့မကြာခဏဆိုသလိုပဲ တွေ့မြင်နေရပါတယ် အဲဒီ သူများတွေ
ပြုလုပ်နေတဲ့ကုသုလ်တွေကို ဝမ်းမြောက်ဝမ်းသာ
သာဓု ခေါ်ဆိုနိုင်ခဲ့ရင် မိမိမှာလည်း မဟာကုသိုလ်စိတ်ကြီး
ဖြစ်ပေါ်မှာပဲဖြစ်ပါတယ်
ဒါကြောင့် သာဓု ခေါ်ဆိုမှုလေးတော့ပြု ကြပါလို့ တိုက်တွန်း
လိုက်ရပါတယ်
သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment