သံသရာဝဋ်ဆင်းရဲလွတ်ဖို့ တရားနာကြွကြပါစို့
နံနက် အိပ်ယာနိုးနိုးခြင်း ကြားလိုက်ရတာက
ဘုန်းတော်ကြီးကျောင်းပေါ်က ဖွင့်ထားတဲ့ သီချင်းသံ
လေးပါ သင်္ကြန်အကြတ်နေ့ မနက်ခင်းမှာ ဒီလိုသီချင်း
သံလေးကြားလိုက်ရတာ စိတ်ကြည်နူးစရာ မင်္ဂလာရှိ
လှပါတယ် မနက်နိုးနိုးခြင်းမှာပဲ မင်္ဂလာရှိတဲ့
သီချင်းသံကြားလိုက်ရသလို အပူမီးတွေ
လောင်မြိုက်နေသူတွေကိုလည်း
မြင်မိကြားမိလိုက်ပါတယ်
အမှုအခင်းတွေ ရင်ဆိုင်နေကြရတဲ့သူတွေကိုပါ
သူ့တို့မှာလည်း သင်္ကြန်အကြတ်နေ့ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးတွေရဲ့အခါကြီးရက်ကြီး နေ့မျိုးတွေမှာ
တောင် ဘုန်တော်ကြီးကျောင်းသွား တရားနာ ရမှာ
ကိုတောင် မေ့နေကြပါတယ်
ကိလေသာမီးကြီး လောင်မြောက်နေတာ ကို မိမိကိုယ်
တိုင်မငြိမ်းနိုင်ရင် တခြားဘယ်သူမှ လာပြီးငြိမ်းအောင်
လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး
ပြုသူအသစ် ဖြစ်သူအဟောင်း နှလုံးမသွင်းနိုင်သရွေ့
တော့ မီးကြီးက ရှိုန်ဟုတ်ပြင်းပြင်းလောင်မြောက်နေပါ
လိမ့်မယ်
အရိယာ မဂ် ဖိုလ် မရသရွေ့တော့ မီးကြီး
လောင်မြောက်နေမှာမို့ အရိယာ ပုဂ္ဂိုလ် မဟုတ်သူ
တိုင်း အနည်းနဲ့အများဆိုသလို ကိလေသာမီးကြီး
လောင်မြောက်နေမှာပါ သတိတရားကို
လူတိုင်းအားထုတ်နေမှသာ လောင်မြောက်နေတဲ့
မီးအရှိုန်အဟုန် အပူဒဏ်ကို အနည်းငယ်မျှခံနိုင်မှာပါ
ဝဋ်ကြွေးပါရင်တော့ ခံနိုင်ရည်ရှိ မရှိ သတ္တဝါတိုင်း
ခံကြရမှာဖြစ်ပါတယ်
လတ်သလော အပူမီးအကြီးအကျယ်လောင်မြိုက်တာ
ကို ခဏလောက်မေ့ပြီး တရားနာသွားကြပါစိှု့ဗျာ
ဘုန်းတော်ကြီးကျောင်းက လွင့်ပျံနေတဲ့
ဓမ္မတေးသီးချင်းသံ ထဲကလို
သံသရာဝဋ်ဆင်းရဲလွတ်ဖို့ တရားနာကြွကြပါစို့
သံသရာဝဋ်ဆင်းရဲလွတ်ဖို့ တရားနာကြွကြပါစို့
သံသရာဝဋ်ဆင်းရဲလွတ်ဖို့ တရားနာကြွကြပါစို့
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment