Monday, April 17, 2017

တရားစခန်း အတွက်အရေးကြီးသောအချက်များ

၁။ ။တရားထိုင်ခြင်း အဓိပ္ပါယ်
…ငုတ်တုပ်ထိုင်ခြင်းကိုမဆိုလိုပါတရားကို စတင်ရှုမှတ်သည့် အချိန်မှစတင်၍ တရားထိုင်ခြင်းဖြစ်ပါသည်။
၂။ ။ ထိုင်သောအရိယာပုတ်မှ လျှောက်လှမ်းသို့၎င်း
ရပ်ခြင်းသို့၎င်း ညလဲလျောင်းခြင်းသို့၎င်း ပြောင်းနေစေကာမူ
တရားရှုမှတ်ခြင်း မရပ်ပါကတရားထိုင်နေခြင်းသည်ဆက်နေပါသည်။
၃။ ။ အာရုံဆွမ်း နေ့ဆွမ်း အလှူ ခံစဉ်
(က ) သက္ကာယဒိဋ္ဌိ မကပ်ပါစေနှင့်။
(ခ ) ဟင်းလျာ၏ ပညတ်ကိုဖျောက်ပါ။
( ဂ) ပရမတ်ဖြစ်သောအဟာရကို ဤခန္ဓာတည်တန့်စေရန်
မှီဝဲပါ။
( ဃ) မှီဝဲစဉ်မိမိခန္ဓာတွင် ဖြစ်ပေါ်နေသော ရုပ်အရိပ်များ
ပြောင်းလဲ နေမှု ကိုမှတ်ပါ။
စကားချပ် { ရုပ်ရှင်ဖလင်သည် တစက္ကန့် ၃၇ပုံ ဖြတ်သန်းပေးပါမှ
လှုပ်ရှားမှု တခု ဖြစ်ပေါ်သော ဥပမာကိုယူ ပါ}
(က က) ကြည့်စိတ် မြင်စိတ် လှမ်းစိတ် ယူစိတ်
ပြန်ထားစိတ် ဝါးစိတ် ကြေနပ်စိတ်မျိုချိတ် တို့ကှို
တတ်စွမ်းသလောက်မှတ်ပါ။
(ခ ခ ) ငါဟုမထင်ပါနှင့် သူဟုမထင်ပါနှင့်
* သူဟုထင်က သက္ကာယ ငါက အပါယ်လား*
စကားအတိုင်း အဟာရမှီဝဲစဉ် တရား မထိုင်တော့ဘဲ
တရားမှ ထ သွားခြင်း ဖြစ်နေပါသည်။
၎။ ။ယောဂီအခြင်းခြင်း တရားမဆွေးနွေးပါနှင့်
မရှင်းလင်းက ဆရာတော်အားတိုက်ရိုက်လျှောက်ထားပါ။
၅။ ။သမာဓိ အားနဲစဉ်စိတ်ဟူသည် တွေ့ သိ ခဲ့ဘူးသောနေရာသို့ ခေါ်တတ်ပါသည်။ သတိပြုပါက ပြန်လာပါသည်။
၆။ ။ဖြစ်ပျက် ကုဋေ တသိန်းသည် ဘုရားကိုယ်တော်မြတ်၏ဥာဏ်တော်ဖြင့်သာသိနိုင်ပါသည်
ယောဂီ များအနေဖြင့် ကိလေသာကြားမခို ရန်သာအရေးကြီးပါသည်။
၇။ ။သတိ မလျှော့ပါနှင့်
ဘကြီးသန်း ဘကြီးသန်းဘကြီးသန်း
ဘဝတက္ကသိုလ်
မူလတင်သူ-ဖတ်ဖူးခဲ့သမျှ ဓမ္မစာပေများ

No comments:

Post a Comment