မင်းမြတ်. . . ကုသိုလ်ကံ အကုသိုလ်ကံတို့သည်
ပြုသူ၏ နောက်သို့ အရိပ်သဖွယ်
အစဉ်တစိုက်လိုက်ပါကြကုန်၏
အသီးမပေါ်လာသေးသော သစ်ပင်၌
ဤနေရာ ဤသစ်ကိုင်းတွင်
သစ်သီးရှိ၏ဟု ပြခြင်းငှာ မတတ်နိုင်သကဲ့သို့
ကုသိုလ်ကံ အကုသိုလ်ကံတို့သည်
သံသရာစက်တွင် အစဉ်တရစပ်
လည်ပတ်လာအပ်ခဲ့သောကြောင့်
ကုသိုလ်ကံပင်ဖြစ်စေ အကုသိုလ်ကံပင်ဖြစ်စေ
မည်သည့်နေရာတွင် ရှိသည်ဟု အတိအကျဖော်ပြခြင်းငှာ
မတတ်စကောင်းဖြစ်ပေတယ် . . . .
မိလိန္ဒ အမေး အဖြေ(ဦးကောင်းထွန်း)
သံသရာမျက်ရည် (မိုးညှင်း)မှ မျှဝေပူဇော်ပါသည်
No comments:
Post a Comment