Friday, May 12, 2017

ရာဂ မကင်းသူနှင့်ကင်းသူ
---------------------------
``အရှင်ဘုရား. . . ရာဂ မကင်းသူနှင့် ရာဂကင်းသူ
တို့သည် အဘယ်သို့ ကွဲပြားခြားနားပါသနည်း´´

``မြတ်သောမင်းကြီး . . . ရာဂမကင်းသူသည်
အာရုံငါးပါး၌ တပ်မက်မောခြင်း၊ မြတ်နိုးခြင်းရှိ၏
ရာဂကင်းသူသည် အာရုံငါးပါး၌
တပ်မက်မောခြင်း
မြတ်နိုးခြင်း မရှိသည်သာတည်း´´

``အရှင်ဘုရား . . . တပ်မက်ခြင်း၊ မတပ်မက်ခြင်း
ဟူသည် အဘယ်သို့သော အမူအရာ
ရှိပါသနည်း´´

``မင်းမြတ် . . တပ်မက်သူသည်
လိုချင်တောင့်တသော အမူအရာရှိ၏
မတပ်မက်သူသည်ကား လိုချင်တောင့်တဟန်
မရှိသည်သာတည်း´´

``အရှင်ဘုရား . . . တပည့်တော် သိရသည်ကား
လိုချင်တောင့်တသူပင်ဖြစ်စေ၊ လိုချင်တောင့်တမှု
ကင်းသူပင်ဖြစ်စေ ကောင်းမွန်သော
အစားအသောက်ကို လိုချင်တပ်မက်ကြသည်
ချည်းသာဖြစ်ပါသည် ၊ မကောင်းသော
အစားအစာနှင့် မကောင်းသော အသုံးအဆောင်
ကိုကား ရာဂ မကင်းသူပင်ဖြစ်စေ ကင်းသူပင်
ဖြစ်စေ လိုလားတပ်မက်ခြင်းမရှိပါ ဘုရား. . ´´

``မှန်ပေသည် မင်းကြီး မင်းကြီးဆိုအပ်သည့်
အတိုင်းပင် ရာဂ မကင်းသူသည်လည်းကောင်း
ကင်းသူသည်လည်းကောင်း ကောင်းမြတ်သည်
တို့ကို သုံးဆောင်စားသောက်ကြသည်မှန်၏
သို့သော် ရာဂမကင်းသူသည် အရသာ၌
တပ်မက်စွဲလန်းခြင်းနှင့်တကွ ခံစား၏
သုံးဆောင်၏
ရာဂကင်းသူသည်ကား ချိုချဉ်စပ်ငန် အဖန်အခါး
ဟူသော အရသာကို သိသည်မှတစ်ပါး
အထူးအခြား တပ်မက်စွဲလန်းမှု အာရုံခံစားမှု
မရှိသည်သာတည်း´´

မိလိန္ဒ အမေး အဖြေ (ဦးကောင်းထွန်း) မှ
ကူးယူမျှဝေပါသည်

သံသရာမျက်ရည်ဓမ္မစာစုများ

No comments:

Post a Comment