Tuesday, May 16, 2017

သာသနာကွယ်ခြင်း သုံးမျိုး
==============
"မင်းမြတ် သာသနာကွယ်တယ်ဆိုတာ
သုံးမျိုးရှိပေတယ်၊
(၁) မဂ်ဖိုလ်ရမှုကွယ်ခြင်း၊
(၂) အကျင့်ပဋိပတ်ကွယ်ခြင်း၊
(၃) ရဟန်းအသွင်ကွယ်ခြင်း ဟူ၍ သုံးမျိုးဖြစ်သည်။
မဂ်ဖိုလ်ရမှုကွယ်တယ်ဆိုတာ
ကောင်းစွာကျင့်ကြံအားထုတ်ပေမယ့်လည်း
မဂ်ဖိုလ်မရနိုင်တော့ဘူး၊ အကျင့်ပဋိပတ် ကွယ်တယ်
ဆိုတာကတော့ ပညတ်ထားတဲ့ ဝိနည်းသိက္ခာပုဒ်
တွေကွယ်တာကိုဆိုလိုတယ်။ သဘောကတော့
ရဟန်းတွေဟာ ဝိနည်းသိက္ခာပုဒ်နဲ့အညီ မကျင့်ကြံ
မလိုက်နာကြတော့ဘူးပေါ့။ သို့သော် ဒီအချိန်မှာ
ရဟန်းအသွင်တော့ ကျန်သေးတယ်။
နောက်ဆုံး ရဟန်းအသွင်ပါကွယ်တဲ့အခါမှာတော့
အစဉ်အနွယ်ပါပြတ်တော့တာပဲ။
ဒီအခါကျတော့ သာသနာအားလုံး ကွယ်တဲ့သဘော
ပဲမင်းမြတ်"

မိလိန္ဒ အမေး အဖြေ (ဦးကောင်းထွန်း)မှ
ကူးယူ ပူဇော်ပါသည်

သုံသရာမျက်ရည်

No comments:

Post a Comment