-----------------------------
"အရှင်နာဂသေန၏ နာမည် နာဂသေန ဆိုရာ၌ အဘယ်
သည်လျှင် နာဂသေနတည်း၊
အရှင်ဘုရား၏ ဆံပင်သည်ပင် နာဂသေနမည်ပါသလော၊
မွေးညင်းသည်ပင် နာဂသေနလော၊
ရူပက္ခန္ဓာသည် နာဂသေန မည်သလော
အရှင်ဘုရား . . .အရှင်ဘုရားကို အဆင့်ဆင့်မေးလာခဲ့
ရာ၌ မည်သည်ကိုမျှ နာဂသေန"ဟု မမြင်သိရပါ။
ရှင်နာဂသေနသည် ဤသို့ တုံ့ပြန် ဆိုတော်မူ၏
"ယခု သင်မင်းကြီးလာခဲ့သည်ကား ခြေလျင်ပင်ဖြစ်
သလော၊ ဆင်ယာဉ် . . မြင်းယာဉ် . . . တစ်ခုခုဖြင့်
လာခဲ့လေသလော"
"အရှင်ဘုရား . . . တပည့်တော် ရထားစီး၍ လာခဲ့ပါ
သည်"
"ကောင်းလှပြီမင်းမြတ် . . . သို့ဆိုလျှင် ရထား၏
သဘောကိုငါ့အား ပြောပြစမ်းပါလော့၊ ရထား၏ ဝင်းရိုး
သည်ရထားလော"
"အရှင်ဘုရား . . . ဝင်ရိုးသည် ရထားမဟုတ်ပါ"
"သို့ဖြစ်လျှင် ရထားဘီးသည်ပင်ရထားလော့"
"အရှင်ဘုရား . . ရထားဘီးသည်လည်း ရထားမဟုတ်ပါ"
"သို့ဆိုလျှင် ရထားဘီး လက်တင်သည်ပင် ရထားလော"
ရှင်နာဂသေနသည် ဤသို့လျှင် ရထား၏အစိတ်အပိုင်း
အဆင်းတန်ဆာများနှင့်စပ်လျဉ်း၍ ရထားမောင်းသော
နှင်တံတိုင်အောင် အစဉ်အတိုင်း ဝေဖန်ဆစ်ပိုင်းကာ
မေးလာပြီးသည့်အဆုံး၌ . . . .
"အဘယ်သို့ပါနည်း မင်းကြီး ငါသည် သင်မင်းကြီးကို
ရထားနှင့်စပ်လျဉ်း မေးမြန်းလာခဲ့ရာ၌ မည်သည်ကိုမျှ
ရထားဖြစ်သည်ဟူ၍ မသိမမြင်ရပါတကား၊ ရထားဟူ
သည် အဘယ်မှာ ဖြစ်လေသနည်း"
"မလိန္ဒမင်းကြီးသည် ငါမေးသောကာလ၌ ရထားဖြင့်
လာခဲ့သည်ဟု ဆိုအပ်သည်ဖြစ်ပါလျက် ယခုအခါ
ရထားမည်သည်ကို တပ်အပ် သေချာပြည့်စုံစွာ မဖော်
နိုင်သည်တကား"
"အရှင်ဘုရား . . တပည့်တော်သည် ရထား ဟု ခေါ်ဆို
သိမှတ်ရာ၌ ရထားဝင်ရိုးကိုစွဲ၍လည်းကောင်း၊ ရထားဘီး
လက်တင်၊ ရထားထောက်တို့ကို စွဲ၍ လည်းကောင်း
ရထားဟူ၍ ခြုံလွှမ်းခေါ်ဆိုအပ်သော ဝေါဟာရ
နာမပညတ်သာဖြစ်ပါသည်"
"ကောင်းပြီ မင်းကြီး၊ သင်မင်းကြီး ယခုဆိုအပ်သည်ကို
ပင် နာဂသေနဆိုအပ်သော ငါသည်လည်း ဆံပင်ကို
စွဲ၍လည်းကောင်း၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း
စသည်တို့ကို စွဲ၍လည်းကောင်း နာဂသေနဟူသော
ဝေါဟာရ နာမပညတ်မျှသာ ဖြစ်တော့သည်"
ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment