Monday, May 22, 2017

(မေတ္တာတရား အပေါ်ယုံမှားသံသယ ဖြေဖျောက်ခြင်း)
မေတ္တာတရား၏ အားအစွမ်း
==============
"အရှင်ဘုရား . . . ဘုရားရှင်သည် မေတ္တာပွားများခြင်းနှင့်
စပ်လျဉ်း၍ ဤသို့ ဟောတော်မူခဲ့ပါသည်"
"ချစ်သားရဟန်းတို့ . . . မေတ္တာစိတ်ကို အဖန်တလဲလဲ
ပွားစေအပ်သည်ရှိသော် ပြန့်ပြောစေခြင်း၊ မှီရာ တည်ရာ
ဖြစ်စေခြင်း ၊ ဆည်းပူးခြင်း၊ အားထုတ်ခြင်းများ ဖြစ်စေသည်
ရှိသော် တဆယ့် တစ်ပါးသော အကျိုးတရား တို့ကို ရရှိ
ခံစားအပ်ပေ၏"
(၁) ချမ်းသာစွာ အိပ်ရခြင်း
(၂) ချမ်းသာစွာ နိုးရခြင်း
(၃) မကောင်းသော အိမ်မက်ကို မမြင်မက်ရခြင်း
(၄) လူတို့ ချစ်အပ်ခြင်း
(၅) နတ်တို့ချစ်အပ်ခြင်း
(၆) နတ်တို့စောင့်ရှောက်ခြင်း
(၇) မီးဘေး၊ အဆိပ်ဘေး၊ လက်နက်ဘေး ကင်းခြင်း
(၈) စိတ်နှလုံး တည်ကြည်ငြိမ်သက်ခြင်း
(၉) မျက်နှာသွင်ပြင် ကြည်လင်သန့်စင်ခြင်း
(၁၀) မတွေမဝေ သေရခြင်း
(၁၁) လောကုတ္တရာတရားကို ထိုးထွင်း၍ မသိသော်ငြား
ဗြဟ္မာ့ပြည် တိုင်အောင် ရောက်နိုင်ခြင်း
"အရှင်ဘုရား . . . မြတ်စွာဘုရားသည် မေတ္တာအကျိုးတရား
ကို ဤသို့ ဟောတော်မူခဲ့ပြီးနောက် . . . .
"မေတ္တာတရားဖြင့်သာ အစဉ်နေလေ့ရှိသော သုဝဏ္ဏသာမ
သတို့သားသည် သမင်အပေါင်းတို့နှင့် ရေခပ်သွားစဉ်
ပီဠိယက္ခမင်း၏ အဆိပ်လူးမြားထိမှန်၍ မေ့မြောနေလေ၏"
ဟူ၍ အရှင်ဘုရားတို့က တစ်ဖန်ဆိုတော်မူကြပြန်ပါသည်။
"အဘယ်သို့ ပါလဲ ဘုရား . . . ပထမဆိုတော်မူတာက
မေတ္တာတရားဟာ ဘေးရန်ကင်းဝေးတယ်၊ ဒုတိယဆိုအပ်
တာက မြားပစ်ခံရတယ်။ ရှေ့နောက် ယုတ္တိမတန်ပါဘုရား
သို့လော . . သို့လော . . . တွေးတောယုံမှားဖွယ် ဤဖြစ်ရပ်
ကိုလည်း အကြောင်းအကျိုး ယှဉ်စပ်တော်မူပါဦး ဘုရား"

" မင်းမြတ် . . . မေတ္တာပွားများရခြင်း၏ အကျိုးတရား
ဘုရားဟောတော်မူခဲ့တာ မှန်ပါတယ်။ သို့သော် မေတ္တာ၏
အခြင်းအရာကလည်း ဤသို့ ဖြစ်ပေတယ် မင်းမြတ်
မေတ္တာဆိုတာ ပွားများသူရဲ့ အစွမ်းမဟုတ်ဘူး၊ မေတ္တာရဲ့
အစွမ်းသာ ဖြစ်တယ်၊ သဘောကတော့ ချပ်ဝတ်တန်ဆာ
ဆင်မြန်းထားတဲ့ စစ်သည်သူရဲကောင်းကို တဖက်ရန်သူက
မြားတွေနဲ့ဝိုင်းပစ်တဲ့အခါ သူရဲကောင်းက
တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်းမရှိ ဖြစ်တယ်
အကြောင်းကတော့ ချပ်ဝတ်တန်ဆာ ကာကွယ်
ထားလို့ဖြစ်တယ်။ ဒီတော့ သူရဲကောင်းကိုမြား
မစူးနိုင်တာဟာ ပုဂ္ဂိုလ်ရဲ့ အစွမ်းမဟုတ်ဘူး။
ချပ်ဝတ်တန်ဆာရဲ့ အစွမ်းသာ ဖြစ်တယ်။
သုဝဏ္ဏသာမသတို့သားဟာလည်း ဒီအတိုင်းပါပဲ
နေ့စဉ်မေတ္တာပွားများနေတာတော့မှန်တယ်။
သို့သော် ရေအိုးကိုပင့်လိုက်တဲ့အခါမှာ မေတ္တာ
မပွားမိဘူး၊ ကင်းကွာသွားတယ်။ မေ့လျော့သွား
တယ်လို့ သိရပါတယ်။ ဒါကြောင့် ပီဠိယက္ခ
မင်းကြီးရဲ့မြားထိမှန်သွားရခြင်းဖြစ်တယ်"
"စင်စစ်တော့ မေတ္တာတရားပွားများမှုဆိုတာ
အလွန်ကောင်းမြတ်လှပါတယ်။ မေတ္တာပွားနေ
ခဲ့ရင် ဘုရားရှင်ဟောတော်မူတဲ့ အကျိုးတရား
တစ်ဆယ့်တစ်ပါးကိုလည်း မိမိက လိုချင်သည်
ဖြစ်စေ မလိုချင်သည်ဖြစ်စေ မုချရရှိခံစားရမှာ
ဖြစ်တယ်"

ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment