သောကမကင်းပြီ
သမီးကဆူ ၊ မြေးကပူ
အယူမဖြောင့်ပြီ´´
------------------------
လင်္ကာလေးဟာ အကြောင်းအမျိုးမျိုးကြောင့်
တရားအလုပ်မလုပ်နိုင်တဲ့ မိဘတွေကို ရည်ညွှန်းတာပါ
တချို့ဆို ပုတီးစိပ်၊ ဘုရားရှိခိုး စတဲ့ ကောင်းမှုတွေ
လုပ်ခွင့်မရရှာကြဘူး
ပုတီးစိပ်ရမယ့်အစား မြေးတွေကို ထိန်းနေရတယ်
မြေးတွေကလည်းဆိုးတော့ စိတ်ဆင်းရဲတာပေါ့
အသက်ကြီးလာပြီဆိုရင် အေးအေးဆေးဆေးပဲ
နေချင်ကြတာ။ နားပူတာတွေ ပူပင်ရတာတွေ
စိုးရိမ်ရတာတွေ မခံချင်တော့ဘူး။ ငယ်ငယ်တုန်းကလို
လူတွေနဲ့ ရောနှောပျော်ပါးချင်တော့တာ မဟုတ်ဘူး
ဒီကြားထဲ မြေးတွေတစ်ခုခု ဖြစ်ပြီဆိုရင်
အဖေက ဂရုမစိုက်ဘူး၊ အမေက ဂရုမစိုက်ဘူး၊
ကြည့်မထားဘူးဆိုပြီး သမီးက ဆူပူကြိမ်းမောင်းတာကို
လည်းခံရပြန်တယ်
အဲဒီတော့ ဒီမိဘတွေရဲ့စိတ် ဖြောင့်နိုင်ပါဦးမလား
စိတ်ချမ်းသာနိုင်ပါဦးမလား ၊ သေခါနီးမှာ
အယူမဖြောင့်ဘဲရှိရင် အပါယ်ငရဲ ကျသွားနိုင်တယ်နော်
သတိထားကြပါ။ ကိုယ့်အတွက်နဲ့ မိဘတွေ အပါယ်
ငရဲမကျကြပါစေနဲ့
ဒေါက်တာအရှင်ကောဝိဒ(မဇ္စျိမဂုဏ်ရည်)
အမွေခံထိုက်သူဖြစ်ပါစေ
သံသရာမျက်ရည် (မိုးညှင်း) မှ ကူးယူပူဇော်ပါသည်
No comments:
Post a Comment