-----------------------------------------
"အရှင်ဘုရား . . . ယောနိသောမနသိကာရ
(သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်မှု)သည်ပင်
ပညာမဟုတ်ပါလော့ . ."
" မင်းမြတ်. . . ယောနိသောမနသိကာရသည် ပညာမဟုတ်
ယောနိသောမနသိကာရသည် တစ်ပါးသောတရား ၊
ပညာသည် တစ်ပါးသောတရားသာတည်း၊
မင်းမြတ် . . . ဆိတ်၊ ကျွဲ ၊ နွား ၊ ကုလားအုတ်၊ မြည်းစသော
သတ္တ၀ါတို့သည်လည်း ယောနိသောမနသိကာရ ရှိကြကုန်၏
သို့သော် ထိုထို သတ္တဝါ တို့တွင် ပညာမရှိသည်သာတည်း"
"မြတ်သောမင်းကြီး . . . မနသိကာရ သည် စုစည်းခြင်း
လက္ခဏာရှိ၏၊ ပညာသည်ကား ပိုင်းခြားခြင်း လက္ခဏာရှိ၏
စပါးရိတ်သူသည် လက်ဝဲလက်ဖြင့် စပါးပင်ကိုစုစည်းကိုင်
တွယ်ကာ လက်ယာလက်ဖြင့် တံစဉ်ကိုကိုက်လျက် ရိတ်ဖြတ်
သကဲ့သို့ပင် ကမ္မဋ္ဌာန်း ဘာဝနာ၌ ယှဉ်သော ယောဂီ ပုဂ္ဂိုလ်
သည်လည်း နှလုံးသွင်းတတ်မှုဖြင့် မိမိစိတ်ကို စုစည်းပေါင်း
ရုံကာ ပညာဖြင့် ကိလေသာတို့ကို ဖြတ်အပ်ပေ၏
မနသိကာရ၏ စုစည်းခြင်း သဘောကိုလည်းကောင်း၊
ပညာ၏ပိုင်းခြားခြင်းသဘောကိုလည်းကောင်း
ထို့အတူသာလျှင် သိမှတ်အပ်ပေ၏"
ဦးကောင်းထွန်း ၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment