Sunday, May 14, 2017

ဒုတိယစိတ် သောတာပန်
=============
"မင်းကြီး. . . . သောတာပန်ကျတော့ အပါယ်တံခါးပိတ်ပြီး
အပါယ်ငရဲမှာ ဒုက္ခခံရမှာကို ကြောက်စရာမလိုတော့ဘူး၊
သစ္စာလေးပါးကိုလည်း အမှန်အတိုင်း သိအပ်တာနဲ့အမျှ
နိဗ္ဗာန်ရောက်ဖို့ သေချာနေပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်
ပြီ၊ ထိုသောတာပန်များရဲ့စိတ်ဓာတ်ဟာ အကြောင်းသုံးပါး
မှာလျင်မြန်တယ်၊ လျင်မြန်စွာ ဖြစ်စေနိုင်တယ်"
"အထက်မဂ်-အထက်ဖိုလ်များကျတော့ နှေးကွေးတယ်၊
လေးလန်တယ်၊ အကြောင်းကတော့
အကုသိုလ် ဒိဋ္ဌိ ဝိစီကိစ္ဆာ ဆိုတဲ့ အကြောင်းသုံးပါးမှာသာ
သန့်ရှင်းစင်ကြယ်အပ်သေးလို့လည်း တစ်ကြောင်း၊အထက်
မဂ်ဖိုလ်တို့၏အရာ ကိလေသာတွေကို မပယ်ရသေးလို့
လည်းတစ်ကြောင်းဖြစ်တယ်"
" ဥပမာ ဆိုရရင်တော့ အောက်ခြေသုံးပိုင်းလောက်သာ
ရှင်းလင်းပြီး ကျန်အပိုင်းမှာ ရှုပ်ထွေးနေတဲ့ ၀ါးရုံထဲက
ဝါးတစ်လုံးကို ဆွဲထုတ်တဲ့အခါ အပေါ်ပိုင်းမှာ အခက်အခဲ
အကျဉ်းအကျပ် ရှိနေသလိုဖြစ်တယ်"

မိလိန္ဒ အမေးအဖြေ(ဦးကောင်းထွန်း)မှ
ကူးယူမျှဝေပါသည်

သံသရာမျက်ရည်

No comments:

Post a Comment