Sunday, May 21, 2017

တန်ခိုးစွမ်းထက် ကံစွမ်းထက်
===============
" အရှင်ဘုရား. . . မြတ်စွာဘုရားသခင်သည် ရှင်မောဂ္ဂလာန်
ကိုယ်တော်ကြီးအား တန်ခိုးအရာတွင် အမြတ်ဆုံးပုဂ္ဂိုလ်အဖြစ်
အသိအမှတ်ပြုတော်မူခဲ့သည်။ သို့သော် ထိုရှင်မောဂ္ဂလာန်
ကိုယ်တော်ကြီးသည်ပင်လျှင် လောက်လေးတို့ဖြင့် ပစ်ခတ်
ခြင်းခံရ၍ ပရိနိဗ္ဗာန်ပြုရသည်ဟု သိရပြန်ပါသည်။
အရှင်မြတ်ဘုရား တန်ခိုးအရာတွင် အမြတ်ဆုံးဖြစ်တော်မူ
သော ရှင်မောဂ္ဂလာန်သည် လောက်လေးဖြင့် ပစ်ခတ်ခံရခြင်း
အမှုကို မိမိ၏တန်ခိုးတော်ဖြင့် ဘာ့ကြောင့် မရှောင်ကွင်းနိုင်
ပါသနည်း ဘုရား. . . . ."

" မင်းမြတ် . . . ရှင်မောဂ္ဂလာန်ကိုယ်တော်ကြီးဟာ ဘုရားရှင်
ဆိုအပ်သည့်အတိုင်း တန်ခိုးတော်အရာမှာ အမြတ်ဆုံး
ပုဂ္ဂိုလ်ဖြစ်တာလည်းမှန်ပါတယ်။ လောက်လေးတို့ဖြင့် ပစ်ခတ်
ခံရ၍ ပရိနိဗ္ဗာန် ပြုတော်မူရသည်လည်း စင်စစ်မှန်ပေတယ်
ဒီလိုဖြစ်ရတာလည်း ရှင်မောဂ္ဂလာန်၏ အကုသိုလ်ကြောင့်ပင်
ပင်ဖြစ်ပေတယ် မင်းမြတ်"

"မှန်ပါ . . . အကုသိုလ်ပင် မှန်စေ၊ တန်ခိုးတော်ဖြင့် ပယ်ဖျက်
နိုင်ကောင်းသည်မဟုတ်ပါလား ဘုရား။ အရှင်မြတ်ဘုရား . .
သီးသီးကိုအလိုရှိသူသည် အပင်ထက်မှ သီးသီးကို မိမိလက်
တွင်းမှသီးသီးဖြင့်ပင် ပစ်ချ၍အပ်သကဲ့သို့ အကုသိုလ်ကံ
အစွမ်းကိုလည်း တန်ခိုးတော်အစွမ်းဖြင့် ပယ်ဖျောက်ပစ်နိုင်
ကောင်းသည်သာ မဟုတ်ပါလားဘုရား . . ."

"မင်းမြတ် . . . ကံတရားရဲ့ ဆန်းကြယ်မှုနှင့် တန်ခိုးတော်ရဲ့
ဆန်းကြယ်မှုဟာ မကြံစည်နိုင်သော အစိန္တေယျအရာ
များချည်း ဖြစ်ပါတယ်။ သို့သော် ကံအစွမ်းနှင့် တန်ခိုးတော်
အစွမ်းမှာ ကံအစွမ်းကသာ ပိုမို ထက်မြတ်စေတယ်မင်းမြတ်
မြေကြီးပေါ်မှာ ရပ်တည်နေကြသူချင်းကတော့မှန်ပါတယ်
သို့သော် ဒီလူတွေ အားလုံးအပေါ် မင်းအဖြစ် စိုးမိုးအုပ်ချုပ်သူ
ကတော့ ကျန်လူတွေအားလုံးကို လွှမ်းမိုးတယ်၊ အာဏာရှိ
တယ်။
ကံတရားဟာလည်း ထို့အတူပဲ မင်းမြတ် . . . အစိန္တေယျချင်း
အတူတူ မကြံစည်အပ်တာချင်း အတူတူဖြစ်ပေမယ့် ကံတရား
ကသာ ဒိပြင့်အားလုံးအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်။
အကုသိုလ်ကံလွှမ်းမိုးလာပြီဆိုရင် ဘယ်လိုမှ ပြုပြင်ပြောင်းလဲ
နိုင်ခွင့် မရှိဘူး ကံတရားရဲ့စီမံမှုကို ဘယ်လိုမှ မရှောင်ကွင်း
နိုင်ဘူး။
မင်းမြတ် . . . . လူတစ်ယောက်ဟာ မင်းပြစ်၊ မင်းဒဏ်သင့်တဲ့
အခါ မိဘဆွေမျိုးတွေ မြောက်မြားစွာရှိတယ်ထား ၊ ဘာမှ
မတတ်နိုင်ဘူး၊ အသာပဲ လက်လွှတ်ထားရတယ်။ အကြောင်း
ကတော့ အပြစ်ဒဏ်သင့်ခံရသူဟာ မင်းနှင့်ဆန့်ကျင်ဘက်
မကောင်းမှုတွေကို ပြုလုပ်ကျူးလွန်လာလို့ပဲ ဖြစ်တယ်။
တောမီး အကြီးအကျယ် လောင်တဲ့အခါလည်း ထို့အတူပဲ
ရေအိုးပေါင်းတစ်ထောင်နဲ့လောင်းသည့်တိုင်အောင် မီးမငြိမ်း
နိုင်ဘူး အကြောင်းကတော့ မီးအရှိန်အဟုတ်က ကြီးမားလွန်း
လို့ပဲဖြစ်တယ်။မီးအင်အားများနေတဲ့အခါ မီးကပဲ အနိုင်ရတဲ့
သဘောဖြစ်တယ်။
မင်းမြတ် . . . မကြံစည်အပ် မကြံစည်နိုင်သော အစိန္တေယျ
အပေါင်းမှာ ကံ၏အကျိုးပေးသာလျှင် အားလုံးအပေါ်မှာ လွှမ်း
မိုးနိုင်စွမ်းရှိတယ်။သြဇာအာဏာ သက်ရောက်နိုင်စွမ်းရှိ
ပေတယ်။
ရှင်မောဂ္ဂလာန်ကိုယ်တော်ကြီး ပရိနိဗ္ဗာန် ပြုရတာဟာ
ဒီသဘောပဲ မင်းမြတ်၊ တန်ခိုးတော်အရာမှာ ဧတဒဂ် ရတာ
တော့မှန်ပါတယ်။ သို့သော် တန်ခိုးတော်ရဲ့အစွမ်းက
ကံတရားရဲ့အစွမ်းကို မလွန်ဆန်နိုင်ဘူး။ မဖယ်ရှားနိုင်ဘူး။
ထို့ကြောင့်ပင် လောက်လေးပေါင်းများစွာနဲ့ ပစ်သတ်ခံရခြင်း
ဆိုတဲ့ အကုသိုလ်ကံအစွမ်းကို ခံယူသွားရခြင်း ဖြစ်ပေတယ်"

ဦးကောင်းထွန်း၊ မိလိန္ဒ အမေးအဖြေ မှ
ကူးယူပူဇော်ပါသည်

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment