ဘာဝနာ ဆိုတဲ့ပါဠိစကားလုံးက
" ဖြစ်စေခြင်း၊ တိုးပွားခြင်း" လို့အဓိပ္ပာယ်ရပါတယ်၊
စိတ်ကောင်းစိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်၊
ဓာတ်ကောင်း ဓာတ်မြတ်တွေ တိုးပွားလာအောင်
ပြုလုပ်အားထုတ်တာကိုဘာဝနာလို့ခေါ်ပါတယ်။
စိတ်အစဉ်မှာ ဓာတ်ကောင်းဓာတ်မြတ်တွေ
တိုးပွားနေပြီဆိုရင်နှုတ်အမူအရာမှာလည်း ဓာတ်ကောင်း
ဓာတ်မြတ်တွေ ကိန်းဝပ်နေပါတယ်။ ကိုယ်အမူအရာမှာ
လည်း ဓာတ်ကောင်းဓာတ်မြတ်တွေ လွှမ်းခြုံနေပါတယ်။
ဘာဝနာကိုထိထိမိမိပွားသူတိုင်းရဲ့
ကိုယ်နှုတ်စိတ်အမူအရာသုံးမျိုးလုံးမှာ ကောင်းမြတ်တဲ့
ဓာတ်သဘော ပေါ်လွင်ထင်ရှားနေပါတယ်။
ဘာဝနာပွားနေပါလျက် ကိုယ်နှုတ်စိတ်အမူအရာ
ဆိုးယုတ်နေတယ်ဆိုရင်တော့ဘာဝနာကိုနှလုံးသားထဲ
အထိရောက်အောင်မပွားဘဲ အပေါ်ယံသာမန်ပွားနေလို့၊
ဒါမှမဟုတ်လူအထင်ကြီးခံရရုံ ပွားနေလို့၊ ဒါမှမဟုတ်
နည်းမှန်လမ်းမှန်မပွားဘဲ နည်းမှားလမ်းမှား ပွားနေလို့
ဖြစ်ပါလိမ့်မယ်. . . . ။
အရှင်ဆန္ဒာဓိက(အနှိုင်းမဲ့ဘာဝနာ)မှ
ကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment