Saturday, May 6, 2017

နာမ်တရားတို့သည် ဆွဲတွယ်ရာအာရုံနှင့် မှီရာဝတ္ထုမရှိဘဲ
ဖြစ်ပေါ်ရိုးမရှိကြချေ။
မသန်စွမ်းသောလူနာတစ်ဦးသည်
ကြိုးတန်းကိုဆွဲတွယ်၍ တောင်ဝှေးကိုထောက်မှီ၍
ထကြွလှုပ်ရှားရသကဲ့သို့ နာမ်တရားတို့သည်
အာရုံကိုဆွဲတွယ်၍ ဆိုင်ရာဝတ္ထုရုပ်အသီးသီးကို
ထောက်မှီ၍ ဖြစ်ပေါ်ကြရ၏
အာရုံတစ်ခုခုက ဒွါရတစ်ခုခု၌ ထိတိုက်သည့်အခါ
ထိုအာရုံကိုယူ၍ ထိုဒွါရ၌ ရှိသည့် ဝတ္ထုရုပ်ကိုမှီလျက်
စိတ်စေတသိက် ဖြစ်ပေါ်ကြရ၏။
သို့ဖြစ်၍ နာမ်တရားကို ရှုမှတ်လိုသော ယောဂီသည်
အာရုံဝင်ရောက်ရာဒွါရ၌ စောင်းဆိုင်း၍ အာရုံနှင့်ဒွါရတို့
ထိတိုက်သည့်အခါ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်
တစ်ခုခုမှ စိတ်စေတသိက်တို့ကို ရှုမှတ်ရမည်ဖြစ်သည်။

ဒေါက်တာမင်းတင်မွန်
အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်

သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်။

No comments:

Post a Comment