---------------------------
စိတ်သည် မိမိတစ်ခုတည်း သီးခြားဖြစ်ရိုးမရှိ၊
စေတသိက်များနှင့်အတူ တကွ ပေါင်းယှဉ်လျက်သာ
ဖြစ်ပေါ်လေ့ရှိသည်
စေတသိက်များသည်လည်း သီးခြားဖြစ်ပေါ်ရိုးမရှိ၊ စိတ်၌
မှီတွယ်လျက် စိတ်နှင့်အတူတကွသာ ဖြစ်ပေါ်ကြသည်။
စိတ်သည် လောကကို ရှေ့ဆောင်လွမ်းမိုးနေသည့် တရား
ဖြစ်ပြီး စိတ်ကိုတဖန် စေတသိက်တို့က ခြယ်လှယ်နိုင်ကြ
သည့်အတွက် စေတသိက်တို့သည် ကမ္ဘာလောကကို
ခြယ်လှယ်နိုင်ကြသောတရားများ ဖြစ်ကြ၏။
သစ်လုံးကြီးများကိုဆွဲမ နိုင်အောင် ခွန်အားကြီးသော
ဆင်ပြောင်ကြီးကို ဆင်ဦးစီးက ထိန်းကွပ်၍ အလုပ်လုပ်ခိုင်း
သလို ခွန်အားကြီးသောစိတ်ကို စေတသိက်များက
ခြယ်လှယ်လွမ်းမိုး၍ အလုပ်လုပ်စေကြ၏။ သို့အတွက်
စေတသိက်တို့သည် အလွန်အရေးပါသော တရားများ
ဖြစ်ကြ၏။
စိတ်သည်အာရုံကို သိတတ်သော သဘောမျှသာဖြစ်ပါလျက်
အဘယ့်ကြောင့် စိတ်ဆိုးခြင်း၊ စိတ်ကောင်းခြင်း၊ စိတ်တိုခြင်း
စိတ်ရှည်ခြင်း၊ စိတ်ပျော့ခြင်း၊ စိတ်မာခြင်း၊ စိတ်ညစ်ခြင်း၊
စိတ်ကြည်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ချမ်းသာခြင်း
စသည်ဖြင့် စိတ်အမျိုမျိုးပြောင်းလဲ နေရသနည်း။
စေတသိက်များ ခြယ်လှယ်သောကြောင့် ဖြစ်ပါသည်။
မူလဖြူစင်သော စိတ်သည် ကြည်လင်သော ရေတစ်ခွက်နှင့်
တူ၏။ ရာဂ၊ ဒေါသ၊ မောဟ စသည့် ကိလေသာတရားတို့က
မင်နီ၊ မင်နက်၊ မင်ပြာ၊ မင်စိမ်း၊ စသည်တို့နှင့်တူ၏။
ကြည်လင်သောရေတစ်ခွက်တွင် မင်နီ တစက်ထည့်လိုက်
လျင် ရေတစ်ခွက်လုံးနီသွား၏။ မင်နက် တစ်စက်ထည့်
လိုက်လျင်လည်း တစ်ခွက်လုံးမည်းနက်သွား၏။ ထို့အတူ
ဖြူစင်နေသော စိတ်တွင် မောဟ ယှဉ်လျှင် မောဟမူစိတ်၊
လောဘယှဉ်လျှင် လောဘမူစိတ်ဖြစ်၏။ ဒေါသယှဉ်လျင်
ဒေါသမူစိတ်ဖြစ်၏။
ဒေါက်တာမင်းတင်မွန်၊ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် မှ
ကူးယူ ပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment