---------------------------
လူတို့၏ အသက်သည် နည်းပါးလှ၏ တိုးတောင်းလှ၏
သစ်ပင်ဖျား၌ ကျရောက်သော ဆီးနှင်းပေါက်သည်
နေထွက်လာလျှင် ပျောက်ကွယ်သကဲ့သို့
ရေထဲ၌ တုတ်ဖြင့် ရိုက်ခတ်သည်ရှိသော် ပေါ်လာသော
အရေးအကြောင်းသည် လျင်မြန်စွာ ကွယ်ပျောက်
သကဲ့သို့ တည်း
လူတို့သည် မွေးဖွားလာပြီးနောက် မုချ သေဆုံးကြ၏
မသေဆုံးခြင်းဟူ၍ မရှိပေ
အသတ်ခံရမည့် နွားမသည် သားသတ်ရုံသို့
ဆွဲငင်ယူဆောင်ခြင်းခံရရာ၌ ခြေလှမ်းတိုင်းသည်
သားသတ်ရုံနှင့် နီး၍နီး၍ လာသကဲ့သို့
လူတို့သည်လည်း
မီးနေခန်းမှသည် သုသာန်ကုန်းသို့ နီး၍နီး၍ လာသည်
သာဖြစ်၏။
ဗုဒ္ဓ၏ဥပမာတစ်ထောင်(လေးမြိုင်)
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်။
No comments:
Post a Comment