Tuesday, May 23, 2017

" မင်းမြတ် . . . အဝတ်အထည်ကို ဆေးဆိုးတဲ့
အခါ အနီဆေးဆိုးရင်အနီရောင်ထွက်ပေါ်လာ
တာပဲ။ အနက်ဆေးဆိုးရင် အနက်ရောင်ထွက်
ပေါ်လာတာပဲ။ အနီဆေးဆိုးပြီး အနက်ရောင်
လိုချင်လို့ ဘယ်လိုမှ မရနိုင် မဖြစ်နိုင်ဘူး"
" ကုသိုလ် အကုသိုလ် ဆိုတာလည်း ထို့အတူပဲ
မင်းမြတ်၊ ကုသိုလ်အလုပ်ကိုလုပ်ပြီး မကောင်း
တဲ့အကျိုးကိုမရနိုင်ဘူး။ အကုသိုလ် လုပ်ပြီးတော့
လည်း ကောင်းတဲ့အကျိုးကို မရနိုင်ဘူး။
အချို့သူတွေက အကုသိုလ်တွေလုပ်ပြီး ချမ်းသာ
ကြွယ်ဝနေတာကို လက်ညှိုးထိုးပြတတ်ကြတယ်"
" ဒါက ဒီဘဝမှာ လုပ်အပ်တဲ့အကုသိုလ်မှုကြောင့်
ဖြစ်ရတာ မဟုတ်ဘူး။ တွေ့ကြုံခံစားရတာ
မဟုတ်ဘူး။ နောက်နောက်က ပြုလာခဲ့တဲ့
ကုသိုလ်ကောင်းမှုများရဲ့ အကျိုးပေးအကြောင်း
ကံသာဖြစ်တယ်"

ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment