သူတိုင်း အချိန်အနည်းငယ်ပေး၍ ဖတ်သင့်ပါသည်
=========================
အသက်ဘေးနှင့် ပရိတ်တော်တန်ခိုး
*************************
" အရှင်ဘုရား . . . သေခြင်းတရားမည်သည်
မည့်သည့်နေရာတွင်မျှမလွတ်။ တောင်ခေါင်းထဲတွင်
ပုန်းအောင်းနေသည်ဖြစ်စေ၊ သမုဒ္ဒရာထဲသို့
ဆင်းနေသည်ဖြစ်စေ သေရခြင်းကိုကား မည်သို့မျှ
မရှောင်ကွင်းနိင်ဟု ဘုရား ရှင်ဟောတော်မူခဲ့သည်။
သို့သော် ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်ဆိုသည့်
ပရိတ်တ်ာများကို ရွတ်ဆိုပွားများခြင်းအားဖြင့်
ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပပျောက်စေ
သည်ဟူ၍လည်း ဟောတော်မူပြန်ပါသည်။
အရှင်မြတ်ဘုရား ၊ သေခြင်းတရားကို မည်သူမျှ
ရှောင်ကွင်း၍ မရဆိုသည်မှန်ပါက
ပရိတ်တော်ကြောင့် သေဘေးလွတ်ကင်း၏ ဆိုသော
စကားမှားပါလိမ့်မည်။ အကယ်တည့် ထိုစကားမှန်
ပေသည်ဆိုခဲ့လျှင် လည်း သေခြင်းတရားကို
ရှောင်ကွင်း၍ မရဆိုသည်မှာ မှားပါလိမ့်မည် နက်နဲ
သည်နှင့်အမျှ ရှုပ်လည်းရှုပ်ထွေးစွာသော အစွန်းနှစ်
ဖက် ထွက်နေသော ဤပြဿနာအတွက် အရှင်မြတ်
၏ အမှန်တရား ရိပ်မြုံတွင် ခိုလှုံခွင့်ပေးတော်မူပါဦး
ဘုရား"
"ဒကာတော်မင်းကြီး . . . အဆိုအမိန့် နှစ်ရပ်လုံးပင်
လျှင် ဘုရားရှင် ထုတ်ဖော်ဆိုညွှန်းခဲ့တာ မှန်ပါတယ်
ပရိတ်တော်များ အသက်အန္တရာယ် ကင်းပျောက်စေ
တယ်ဆိုတာက ဒီလိုပါ။ အသက်ကြွင်းကလည်း
ကျန်သေးတယ်၊ အရွယ်ကလည်း ရှိသေးတယ်၊
အင်မတန်ကြီးမားတဲ့ အကုသိုလ်ကံများကလည်း
ကင်းစင်တယ်ဆိုသုတွေမှာ ပိရိတ်တော်ရဲ့တန်ခိုးက
အကျိုးသက်ရောက်စေပါတယ်။
မင်းကြီး . . . သေပြီးသောသစ်ပင်ကို ရေအိုးပေါင်း
တစ်ထောင်လောင်းငြားသော်လည်း အသစ်တစ်ဖန်
ပြန်၍ မရှင်လာနိုင်သကဲ့သို့ ကံအားလျော်စွာ
အသက် ကုန်ပြီးသူတွေ ကုန်ရမယ့်သူတွေကျတော့
လည်း ပရိတ်တော်ကြောင့် အကျိုးမသက်ရောက်နိုင်
ဖြစ်တယ်။ ဆေးကြောင့်လည်း အသက်မရှင်နိုင်
ဖြစ်ပေတယ်"
" မင်းကြီး . . . လောကမှာ ဆေးအပေါင်းမြောက်
များစွာရှိနေတာပဲ၊ ဆေးနည်းပေါင်း မြောက်များစွာ
လည်း ရှိနေပေတာပဲ။ သို့သော် ဒီဆေးပေါင်းမြောက်
များစွာဟာ အသက်ကုန်ခါနီး လူတွေအတွက်
မဟုတ်ဘူး၊ အသက်ကုန်ရတော့မယ့်
လူတွေအတွက် မဟုတ်ဘူး။
ထို့အတူပဲ ပရိတ်တော်ရဲ့ တန်ခိုးအာနိသင်ဆိုတာ
လည်း အသက်ကြွင်းကလည်း ကျန်ရှိသေးတယ်။
အရွယ်ကလည်း ရှိသေးတယ် အကုသိုလ်က
လည်း မကြီးမားဘူး ဆိုသူများအတွက် အရံအတား
အစောင့်အရှောက် ဖြစ်နိုင်စွမ်းပါတယ်။ ဒါကြောင့်
လည်း ဘုရားရှင်က ထုတ်ဖော်ဆိုညွှန်းခဲ့ခြင်း
ဖြစ်ပါတယ်"
ဦးကောင်းထွန်း(မိလိန္ဒ အမေး အဖြေ) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment