Friday, June 30, 2017

အာနန္ဒာ- သီလစောင့်ရှောက်ရတဲ့အတွက်
ဝမ်းမြောက်မှု(ပါမောဇ္ဇ) အကျိုးရှိတယ်၊
ဝမ်းမြောက်တော့ နှစ်သက်မှု (ပီတိ)အကျိုးရှိတယ်၊
နှစ်သက်တော့ ငြိမ်းချမ်းမှု (ပဿဒ္ဓိ)အကျိုးရှိတယ်၊
ငြိမ်းချမ်းတော့ ချမ်းသာမှု (သုခ) အကျိုးရှိတယ်၊
ချမ်းသာတော့ တည်ကြည်မှု (သမာဓိ) အကျိုးရှိတယ်
တည်ကြည်တော့ အမြင်မှန်မှု (ယထာဘူတဥာဏဒ
ဿန) အကျိုးရှိတယ်၊
အမြင်မှန်တော့ ရုပ်နာမ်အပေါ်ငြီးငွေ့မှု (နိဗ္ဗာန်ဥာဏ်)
ဖြစ်တယ်၊
ရုပ်နာမ်အပေါ် ငြီးငွေ့တော့ တက်မက်ခြင်းကင်းတဲံ
ဝိရာဂ အကျိုးဖြစ်တယ်၊
တက်မက်ခြင်းကင်းတော့ ကိလေသာမှ လွတ်မြောက်
မှု ဝိမုတ္တိအကျိုးရှိတယ်၊
ကိလေသာကလွတ်မြောက်တော့ လွတ်မြောက်မှုကို
သိတဲ့ ဥာဏ်အမြင်(ဝိမုတ္တိဥာဏဒဿန) အကျိုးရှိ
တယ်၊
အာနန္ဒာ- အပြစ်ကင်းတဲ့ သီလကိုဖြည့်ကျင့်ခဲ့လျှင်
အစဉ်အတိုင်း အရဟတ္တဖိုလ်ကို ရောက်နိုင်တယ်

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

လင်မယားနှစ်ယောက်တို့ဟာ အနည်းငယ်သော
ရိက္ခာမျှနှင့်သွားလာရန်ခက်ခဲတဲ့ ခရီးခဲကို
သွားကြသတဲ့၊ သူတို့လင်​မယားနှစ်​​ယောက်​မှာ
သားငယ်​​လေးကလည်းပါတယ်​တဲ့
သူတို့ဟာ ခရီးသွားရင်း ယူခဲ့တဲ့ရိက္ခာ ကုန်သွားသတဲ့၊
ခရီးကလည်း အဝေးကြီးကျန်သေးသတဲ့၊
ဒါကြောင့် ငါတို့ဟာ သုံးယောက်စလုံး မပျက်စီး
ရအောင် သားငယ်ကိုသတ်ပြီး သားရဲ့အသားကို
စားပြီး ခရီးကိုလွန်မြောက်သင့်တယ်လို့
တစ်ယောက်တည်းသော သားငယ်ကိုသတ်၊
အသားညှင်း အသားတုံးပြုပြီး သားချစ်ရဲ့ အသားကို
စားကြလျှက် ခရီးခဲကိုလွန်မြောက်ကြသတဲ့၊
အဲဒီ လင်မယားတို့ဟာ သားချစ်ရဲ့အသားကို
စားကြတဲ့အခါ စိတ်မချမ်းမသာ ရင်ကိုထုပြီး
စားကြရှာတယ် ၊ ဒီလို စားကြတဲ့အခါ မြူးတူးခြင်းငှာ၊
မာန်ယစ်ခြင်းငှာ၊ တန်ဆာဆင်ခြင်းငှာ၊ အပြေအပြစ်
ပြုခြင်းငှာ၊သုံးဆောင်ခြင်းမဟုတ်သလို
ကဗဠီကာရာဟာရကိုလည်း သားရဲ့အသားကို
စားသလို သဘောထားပြီး သုံးဆောင်ခဲ့လျှင်
ကာမဂုဏ်ငါးပါး၌ တပ်မက်တဲ့ကာမရာဂ ကိုပိုင်းခြားပြီး
သိနိုင်တယ်၊ ကာမရာဂကို ပိုင်းခြားသိခဲ့လျှင်
ကာမရာဂ သံယောဇဉ် က ကင်းလွတ်လို့
ဤကာမဘုံလောကကို တစ်ဖန် မလာရောက်နိုင်တဲ့
အနာဂါမ်အဖြစ်ကို ရောက်နိုင်သတဲ့ကွယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

အရေခွာထားတဲ့ နွားမဟာ နံရံကိုမှီနေခဲ့လျှင်
နံရံမှာရှိနေတဲ့ သတ္တဝါတွေက ကိုက်ခဲကြတယ်၊
သစ်ပင်ကိုမှီနေလျှင် သစ်ပင်မှာရှိတဲ့ သတ္တဝါတွေက
ကိုက်ခဲကြတယ်၊
ရေထဲစိမ်နေလျှင် ရေထဲက သတ္တဝါတွေက
ကိုက်ခဲကြတယ်၊
လဟာပြင်မှာနေလျှင် လဟာပြင်မှာရှိနေတဲ့
သတ္တဝါတွေက ကိုက်ခဲကြတယ်၊
ဘယ်အရပ်မှာပင်နေနေ နေရာအရပ်ရှိ
သတ္တဝါတွေက နွားမကို ကိုက်ခဲကြတယ်၊
အဲဒီဥပမာအတိုင်း သောင်းကျန်းမှု
ကိလေသာအမျိုးမျိုး၊ ဆင်းရဲမှုအမျိုးမျိုးတို့ဟာ
ဖဿကိုစွဲမှီပြီးဖြစ်ကြတယ်၊
အကယ်၍ သတ္တဝါများမှာ ဖဿမရှိခဲ့လျှင်
ငရဲမီးလောင်သည့်တိုင်အောင် ပူတဲ့ဒုက္ခကို
မသိနိုင်ဘူး၊ ဖဿရှိတဲ့အတွက်ကြောင့်
ဆင်းရဲခြင်းအမျိုးမျိုး၊ ကိလေသာအမျိုးမျိုး
ဖြစ်ကြရတယ်၊
ဒီဖဿဟာရကို ပရိညာသုံးပါးဖြင့် ပိုင်းခြားသိခဲ့လျှင်
နိဗ္ဗာန်ချမ်းသာကို ဧကန်ဆိုက်ရောက်နိုင်တယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Wednesday, June 28, 2017

ဘုရားရှင်ဟာ သက်တော်အလွန်တိုတော်မူတယ်၊
ဘုရားဖြစ်သည်ကပြီး၄၅ နှစ်ကြာအောင်
မနေမနား တရားဟောပြတော်မူခဲ့သော်လည်း
သာသနာတော်ဟာ မပျံ့နှံ့သေးဘူး
ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ် အတော်များများ
ကျန်နေသေးတယ်၊
ဒါကြောင့် ငါ ပရိနိဗ္ဗာန်ဝင်စံပြီးသည့်နောက်
ငါ့ရဲ့ခန္ဓာတော်ဟာ ဓာတ်တော်အစိပ်စိပ်ဖြစ်ပြီး
ငါ့ရဲ့သာသနာတော် မကွယ်သမျှ လူနတ်ဗြဟ္မာ
သတ္တဝါတို့ရဲ့ ကိုးကွယ်ရာ ဖြစ်ပါစေ လို့
အဓိဋ္ဌာန်တော်မူတယ်၊
အဲသည် အဓိဋ္ဌာန်ကြောင့်
မုန့်ညင်းစေ့မျှရှိ၍မြတ်လေးငုံအဆင်းရှိတဲ့
အငယ်စားဓာတ်တော်ခြောက်ပြည်သား၊
ဆန်ကျိုးခန့်ပမာရှိ၍ ပုလဲအဆင်းရှိသော
အလတ်စားဓာတ်တော် ငါးပြည်သား၊
ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းရှိသော
အကြီးစားဓာတ်တော် ငါးပြည်သား၊
ပေါင်းဓာတ်တော် ၁၆ ပြည်သား ကျန်ရစ်တော်မူ
တယ်။ (သုတ်မဟာဝါ အဋ္ဌကထာ)
ဘုရားရှင်ရဲ့ဓာတ်တော်များဟာ အဓိဋ္ဌာန်တော်
အတိုင်း ကိုးကွယ်မည့်သူရှိရာ ဌာနလှည့်လည်ပြီး
သာသနာတော် မကွယ်သမျှ ကာလပတ်လုံး
တည်တော်မူနေကြမယ်၊ သာသနာတော်ကွယ်လို့
ကိုးကွယ်မည့်သူမရှိတဲ့အခါမှာ ဓာတ်တော်အားလုံး
ဓာတုပရိနိဗ္ဗာန် ဝင်စံတော်မူကြမယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

အာနန္ဒာ- သီလစောင့်ရှောက်ရတဲ့အတွက်
ဝမ်းမြောက်မှု(ပါမောဇ္ဇ) အကျိုးရှိတယ်၊
ဝမ်းမြောက်တော့ နှစ်သက်မှု (ပီတိ)အကျိုးရှိတယ်၊
နှစ်သက်တော့ ငြိမ်းချမ်းမှု (ပဿဒ္ဓိ)အကျိုးရှိတယ်၊
ငြိမ်းချမ်းတော့ ချမ်းသာမှု (သုခ) အကျိုးရှိတယ်၊
ချမ်းသာတော့ တည်ကြည်မှု (သမာဓိ) အကျိုးရှိတယ်
တည်ကြည်တော့ အမြင်မှန်မှု (ယထာဘူတဥာဏဒ
ဿန) အကျိုးရှိတယ်၊
အမြင်မှန်တော့ ရုပ်နာမ်အပေါ်ငြီးငွေ့မှု (နိဗ္ဗာန်ဥာဏ်)
ဖြစ်တယ်၊
ရုပ်နာမ်အပေါ် ငြီးငွေ့တော့ တက်မက်ခြင်းကင်းတဲံ
ဝိရာဂ အကျိုးဖြစ်တယ်၊
တက်မက်ခြင်းကင်းတော့ ကိလေသာမှ လွတ်မြောက်
မှု ဝိမုတ္တိအကျိုးရှိတယ်၊
ကိလေသာကလွတ်မြောက်တော့ လွတ်မြောက်မှုကို
သိတဲ့ ဥာဏ်အမြင်(ဝိမုတ္တိဥာဏဒဿန) အကျိုးရှိ
တယ်၊
အာနန္ဒာ- အပြစ်ကင်းတဲ့ သီလကိုဖြည့်ကျင့်ခဲ့လျှင်
အစဉ်အတိုင်း အရဟတ္တဖိုလ်ကို ရောက်နိုင်တယ်

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Sunday, June 25, 2017

လောကမှာ သူတစ်ပါးအသက်သတ်မှု ၊
သူ့ဥစ္စာခိုးမှု ၊သူ့သားမယားကျူးလွန်မှု ၊
မုသားပြောမှု ၊ သေအရက်သောက်စားမှုတွေဟာ
အလွန်ကြီးလေးတဲ့အပြစ်တော့မှန်ပါတယ်။
သို့သော်လည်း
ဒီ သူ့အသက်သတ်မှု ၊ သူ့ဥစ္စာခိုးမှု စတဲ့
မကောင်းမှုတွေဟာ
အပြစ်မရှိဘူး၊ ကိုယ့်ဝမ်းရေးအတွက်
သတ်ခြင်း ခိုးမျှသာ ဖြစ်တယ်လို့ယူဆခဲ့လျှင်
အဲဒီမှားယွင်းတဲ့အယူအဆဟာ
သူ့အသက်သတ်ခြင်း၊ သူ့ ဥစ္စာခိုးခြင်းတို့ထက်
ပိုလွန်ပြီး အပြစ်ကြီးတယ် . . . ။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ကိလေသာတရားတို့ကို
ငြိမ်းစေတတ်တဲ့ တရားကို
သမထလို့ခေါ်တယ်. . ။
ကိလေသာတရား ငြိမ်းစေရုံမက
အမြစ်ပါ ပြုတ်ထွက်သွားစေတဲ့
တရားကိုတော့
ဝိပဿ နာ လို့ခေါ်တယ် . . . ။
သမထတရားက စိတ်ဓာတ်တည်ငြိမ်အောင်
အားထုတ်ရတဲ့တရား
ဝိပဿဿ နာတရားက မဂ် ဖိုလ်
နိဗ္ဗာန်ပေါက်အောင်
အားထုတ်ရတဲ့ တရားမျိုးဖြစ်တယ်. . . ။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ဒေ၀ဒတ် တောင်းဆိုချက် ငါးပါး
----------------------------------
(၁)ရဟန်းတော်အားလုံး အသက်ထက်ဆုံးတောကျောင်း
မှာနေကြပါစေ၊ ရွာဦးကျောင်းမှာနေတဲ့ ရဟန်း အာပတ်
သင့်စေ။
(၂)ရဟန်းတော်အားလုံး တစ်သက်လုံး ဆွမ်းခံစားကြပါ
စေ၊ ဒကာလှူသောဆွမ်း စားသောရဟန်း အာပတ်သင့်
စေ။
(၃)ရဟန်းတော်အားလုံး အသက်ဆုံးသည်အထိ ပံ့သကူ
သင်္ကန်းကို ဝတ်ကြပါစေ၊ ဒကာလှူတဲ့ သင်္ကန်းဝတ်တဲ့
ရဟန်း အာပတ်သင့်ပါစေ။
(၄)ရဟန်းတော်အားလုံး အသက်ဆုံးသည့်တိုင်အောင်
သစ်ပင်ရင်းမှာနေကြပါစေ၊ အမိုးရှိသောကျောင်းမှာ
နေသော ရဟန်း အာပတ်သင့်ပါစေ။
(၅)ရဟန်းတော်အားလုံး အသက်ထက်ဆုံး သက်သတ်
လွတ်သာစားပါစေ၊ ငါးအမဲစသော အသားစားသော
ရဟန်း အာပတ်သင့်ပါစေလို့ အချက်ကြီး ငါးချက်ကို
တောင်းဆိုခဲ့တယ်။
ဒီအခါ ဘုရားရှင်က ဒေဝဒတ် သင် လျှောက်ထားတဲ့
အချက်အားလုံးဟာ မသင့်လျှော်ဘူး။
(၁) ရဟန်းတော်အားလုံး သူတို့အလိုအတိုင်း တော
ကျောင်းမှာဖြစ်စေ၊ ရွာကျောင်းမှာဖြစ်စေ နေကြပါစေ။
(၂)ရဟန်းတော်အားလုံး သူတို့သဘောအတိုင်း ဆွမ်းခံ
စားချင်စားကြပါစေ၊ ဒကာလှူသော ဆွမ်းကို စားချင်
လည်းစားကြပါစေ။
(၃)ရဟန်းတော်အားလုံး ပံ့သကူ ဆောင်လိုက ဆောင်
ကြပါစေ၊ ဒကာများလှူသော သင်္ကန်းကို ဝတ်ချင်​လည်း
ဝတ်ကြပါစေ။
(၄) ရဟန်းတော်အားလုံး နေလိုပါက ရှစ်လတို့ပတ်လုံး
သစ်ပင်ရင်းမှာနေခွင့်ပြုပြီးဖြစ်တယ်။
(၅) မြင်ခြင်း၊ ကြားခြင်း ၊ ယုံးမှားခြင်း အစွန်း ၃ ပါးက
က ကင်းလွတ်တဲ့ ငါးအမဲ စသည်ကို စားသောက်ကြရန်
ငါ ခွင့်ပြုပြီးဖြစ်တယ် လို့ မိန့်တော်မူပြီး ဒေ၀ဒတ်
ရဲ့ တောင်းဆိုချက်များကို ပယ်ချခဲ့တယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Wednesday, June 21, 2017

ပတန္တာ ခုဒ္ဒကေနေဝ၊ ဗဟူဟိ ပုန ပီဠီတာ။
မောက္ခောကာသံ န ဝိန္ဒန္တိ၊ ပါပံ ခုဒ္ဒံ ပိ နာစရေ။
( လူ့ဘဝတုန်းက အနည်းငယ်မျှသော
အကုသိုလ်လေးပြုမိတဲ့အတွက် အပါယ်ကျသွားတယ်။
ကျားဖြစ်တယ်၊ခွေးဖြစ်တယ်၊ပြိတ္တ၊ဘီလူး ဖြစ်တယ်ပေါ့၊
ကျားဘဝ၊ခွေးဘဝ၊ ပြိတ္တာ ဘီလူးဘဝရောက်တော့
လူ့ဘဝက ပြုလုပ်ခဲ့တဲ့ အကုသိုလ်ထက် ပိုမိုကြီးမားတဲ့
အကုသိုလ်ကိုထပ်ပြီးပြုမိပြန်တယ်၊ ဒီလိုနှင့်
အဲဒီ ပုဂ္ဂိုလ်ဟာ
အပါယ်ဘုံက ကျွတ်လွတ်ခွင့်မရဘဲ ငရဲကျလိုက်
တိရစ္ဆာန်ဖြစ်လိုက် ပြိတ္တာဖြစ်လိုက်နှင့်
သံသရာလည်နေတတ်တယ်၊
ဒါကြောင့် အနည်းငယ်မျှသော အကုသိုလ်
ကိုသော်လည်း မပြုလုပ်ပါနှင့်လို့ ဆိုလိုတယ်)။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

လောကမှာ သူတစ်ပါးအသက်သတ်မှု ၊
သူ့ဥစ္စာခိုးမှု ၊သူ့သားမယားကျူးလွန်မှု ၊
မုသားပြောမှု ၊ သေအရက်သောက်စားမှုတွေဟာ
အလွန်ကြီးလေးတဲ့အပြစ်တော့မှန်ပါတယ်။
သို့သော်လည်း
ဒီ သူ့အသက်သတ်မှု ၊ သူ့ဥစ္စာခိုးမှု စတဲ့
မကောင်းမှုတွေဟာ
အပြစ်မရှိဘူး၊ ကိုယ့်ဝမ်းရေးအတွက်
သတ်ခြင်း ခိုးမျှသာ ဖြစ်တယ်လို့ယူဆခဲ့လျှင်
အဲဒီမှားယွင်းတဲ့အယူအဆဟာ
သူ့အသက်သတ်ခြင်း၊ သူ့ ဥစ္စာခိုးခြင်းတို့ထက်
ပိုလွန်ပြီး အပြစ်ကြီးတယ် . . . ။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Monday, June 19, 2017

ရဟန်းတော်များဟာ ဘာကြောင့် ဝါတွင်းမှာ အရပ်တစ်ပါးကို
မသွားရတာလဲ၊ အဲဒီအကြောင်းကိုလည်း အမိန့်ရှိပါဦးဘုရား
....................................................................
ဝိနယမဟာဝဂ် ဝဿုပနာယိကက္ခန္ဓကမှာ
ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူစဉ်ကာလက ရဟန်းတော်များကို
ဝါဆိုဝါကပ်ပညတ်တော်မမူသေးဘူးကွယ့်၊
ပညတ်ချက်မရှိသေးတော့
ရဟန်းတော်များလည်း ဆောင်း နွေ မိုးဥတု သုံးပါး
ဒေသစာရီကြွချီလှည့်လည်တော်မူနေကြတယ်၊
ဒီအခါ လူတွေက ကဲ့ရဲ့ကြသတဲ့၊
ရဟန်းတော်များဟာ ဘာကြောင့် ဆောင်း နွေ မိုး
ဥတုသုံးပါးလုံး၊ မြက် ကောက်ပဲသီးနှံပင်များကို နင်းချေဖျက်
ဆီးပြီး ခရီးသွားနေကြသလဲ၊ ဒီလိုမိုးရာသီမှာ သာသနာတော်
ပြင်ဘက်က တိတ္ထိများသော်လည်း ခရီးမသွားဘဲ တစ်နေရာ
တည်းမှာ စောင့်စည်းနေထိုင်ကြသေးတယ်၊
သည်ရဟန်းတော်များကတော့ မြက် သစ်ပင်နှင့်တကွ
များပြားလှသော ပိုးငယ်များကို နင်းချေဖျက်ဆီးပြီး ခရီးသွား
နေကြတယ်လို့ ကဲ့ရဲ့ကြတယ်၊ဒါယကာများသည်လို ကဲ့ရဲ့ကြ
တဲ့အကြောင်း ဘုရားရှင်ထံ လျှောက်ကြားကြတဲ့အတွက်
ဝါတွင်းသုံးလပတ်လုံး ဝါကပ်နေထိုင်ဖို့ ပညတ်ခြင်းဖြစ်တယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

"နွားဟာမွေးသည့်နေ့ကစပြီး သူ့အသက်ကို မသတ်ဘူး၊
မြက် သစ်ရွက်ကိုသာစားတယ်၊ ကုသိုလ်ဖြစ်သလား" ဆိုသော
မေးလျှောက်လွှာ
မြက် သစ်ရွက်စားတာနှင့် ကုသိုလ်ဖြစ်တာဟာ တခြားစီဖြစ်တယ်၊
ကုသိုလ်ဆိုတာ လောဘ-ရချင်မှု ၊ ဒေါသ-ပြစ်မှားမှု ၊
မောဟ-တွေဝေမှုဆိုတဲ့ အကုသိုလ် ဟိတ်ကင်းတဲ့
တရားကို ကုသိုလ်လို့ခေါ်တာပဲ၊
မြက်ကိုပဲစားစား၊ အသားကိုပဲစားစား လောဘစိတ်နှင့်စားလျှင်
အကုသိုလ်ဖြစ်တာပါပဲ၊ လောဘစိတ်နှင့်မစားပဲ
ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာစိတ်နှင့် စားလျှင် ကုသိုလ် ဖြစ်တာပဲ။
ဒါကြောင့် မြက် သစ်ရွက်စားတာနှင့်
ကုသိုလ်ဖြစ်စေတယ်လို့ မထင်ပါနှင့်၊
လောကမှာ ခွေးသတ္တဝါဟာ မစင်ကိုစားတယ်၊
အပုပ်အတိုးကိုစားတယ်၊
ဒီအကောင်ဟာ လူတို့ရဲ့ညစ်ညမ်းမှုကို ဖယ်ရှားပေးတဲ့အတွက်
ကုသိုလ်ရတယ်လို့မထင်ပါနှင့်
အဲဒီလိုထင်ရင်(သီလဗ္ဗတုပါဒါန်၊သီလဗ္ဗတပရာမသ)မိစ္ဆာဒိဋ္ဌိအတွင်း
သက်ဆင်းပါနေတဲ့အတွက် အဲဒီအယူအဆနှင့်သေလျှင်
ခွေး၊ နွား ဖြစ်တတ်တယ်။
အမှန်ကတော့ တိရစ္ဆာန်ဘဝဆိုတာ
ဆိုးညစ်တဲ့အကုသိုလ်ကံကြောင့်ဖြစ်တာပါ၊
ဆိုးညစ်တဲ့ကံကြောင့်ဖြစ်တဲ့ သတ္တဝါရဲ့ အစားအစာဟာလည်း
ကောင်းသောအစားအစာမဟုတ်၊ ဆိုးညစ်တဲ့အစားအစာသာဖြစ်တယ်၊
ဒါကြောင့် မြက်စားနေတဲ့အတွက် ကျွဲ၊ နွား၊ မြင်းတို့ကို
ကုသိုလ်မဖြစ်ဘူးလို့ ဖြေလိုက်ပါတယ် . . . ။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ(၅) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Thursday, June 15, 2017

ဘုရား ရဟန္တာများကလွဲရင်

တရားအလှူပေးလှူနေသူဟာ

ကိုယ့်ကိုယ်ကို ဆုံးမနေသူပါ. . . ။

သူတစ်ပါးကို တစ်ကြိမ် တစ်ခါ

ဆုံးမစကားပြောရင်

ကိုယ့်ကိုယ်ကိုအကြိမ်တစ်ရာမက

ဆုံးမစကား ပြောပြီးသား ဖြစ်နေပါတယ်. . . ။

သူတစ်ပါးကိုပြောဆိုဆုံးမနေရင်း

ကိုယ့်မှာ သံဝေဂဥာဏ်တွေ

အထွတ်အထိပ် ရောက်လာနိုင်သလို

တရားထူးတရားမြတ်တွေလည်း

ရရှိသွားနိုင်ပါတယ် . . . ။

ဒါဟာ တရားအလှူရဲ့ အဓိက အနှစ်သာရပါပဲ

တရားအလှူကြောင့် ကိုယ့်မှာ ရရှိမယ့် အဓိကအကျဆုံး

ပစ္စုပ္ပန်အကျိုးတရားပါပဲ . . . ။

အရှင်ဆန္ဒာဓိက-အနိုင်းမဲ့အလှူမှ

သတ္တဝါတစ်ဦးကို (က) သတ်ရန်ကြံစည်ခြင်း၊ (ခ) သတ်မည်
ဟု ခြိမ်းခြောက်ခြင်း၊ (ဂ)သတ်ခြင်း ဤ မနောကံ ဝစီကံ
ကာယကံသုံးပါးအနက် မည်သည့်ကံက အပြစ်ကြီးလေးပါ
သနည်း မေးလျှောက်သော စာလွှာဖြစ်ပါတယ်ဘုရား
--------------------------------------------------------
ကိုယ်တိုင်သတ်သည်ပင်ဖြစ်စေ၊ သူတစ်ပါးကိုစေခိုင်းသည်ပင်
ဖြစ်စေ အင်္ဂါ ငါးချက်နှင့်ညီညွတ်ပြီး သတ္တဝါသေသွားလျှင်
(ကမ္မပထမြောက်တယ်)လို့ ကျမ်းများမှာ ဆိုထားကြတယ်။
ကမ္မပထဆိုတာ ဤပါဏာတိပါတကံကြောင့် အပါယ်လမ်းကြီး
ပွင့်သွားပြီလို့ဆိုလိုတယ်၊
ကမ္မပထမြောက်တဲ့ ပါဏာတိပါတ အင်္ဂါက
(၁) သတ္တဝါဖြစ်ရမယ်
(၂) သတ္တဝါမှန်းသိရမယ်
(၃) သတ်လိုသောစိတ် စေတနာရှိရမယ်
(၄) လုံးလပြုရမယ်
(၅)ထိုလုံ့လကြောင့် သေရမယ်
ယခုပြောခဲ့တာက ပါဏာတိပါတကံရဲ့ အင်္ဂါ ငါးပါးကိုးကွယ့်
အမေးမှာ ပါဝင်တဲ့ သတ်ရန်ကြံစည်ခြင်း၊ သတ်မည်ဟု
ခြိမ်းခြောက်ခြင်းတို့ဟာ အင်္ဂါငါးပါး မပြည့်စုံတဲ့အတွက်
သတ်ခြင်းလောက် အပြစ်မကြီးဘူး၊ အင်္ဂါငါးပါး မစုံညီတဲ့
အတွက်ကြောင့်ကွယ့်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ဝိပဿ နာ တရားစတင်အားထုတ်ခဲ့ပြီးနောက်ပိုင်းမှာ
ရတနာသုံးပါးကို ပိုကြည်ညိုလာတယ်
ဒါကြောင့်ရဟန်းတော်များကိုလည်း ပိုမိုကြည်ညိုတတ်လာတယ်
ရဟန်းတွေ့တိုင်းလည်း ဦးထိပ်မှာမိုးလို့ အလိုလိုရှိခိုးလိုစိတ်
ဖြစ်ပါတယ်။
ဝိနည်းနဲ့မညီတဲ့ ရဟန်းတော်များကိုတွေ့ရင်လည်းပဲ
အရင်ကလို ဝေဖန်ပိုင်းခြားတာမျိုး သိပ်မမြင်မိတော့ပါဘူး၊
ဘုရားရှင်ရဲ့ သားတော် ရဟန်းတော် တွေပါလားဆိုပြီး
မြင်တတ်လာပါတယ်၊
အရင်ကဆိုရင်
ရဟန်းဝိနည်းနဲ့မညီရင် သာသနာဆုတ်ယုတ်နိုင်တယ်
သူများဘာသာခြားတွေ မြင်ရင် သိက္ခာကျတယ်၊
မြင့်မြတ်လှတဲ့ ဗုဒ္ဓဘာသာ ကို အကျည်းတန်စေတယ်
ဆိုပြီးမြင်မိတယ်၊
အခုနောက်ပိုင်းမှာတော့
သာသနာဆုတ်ယုတ်တယ် မဆုတ်
ယုတ်ဘူးဆိုတာ ထိုင်တွေး ဝေဖန်နေရမှာမဟုတ်ဘူး၊
မိမိကသာ သာသနာတော်မဆုတ်ယုတ်ဖို့အတွက်
အုတ်တချပ် ၊ သဲတပွင့် မျှ တတ်နိုင်သလောက်
လှူဒါန်းထောက်ပံ့ရမယ်ဆိုတဲ့ အတွေးမျိုးဝင်လာတယ်၊
ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ သာသနာဆုတ်ယုတ် ပျောက်ကွယ်သွားမယ်
ဆိုတာကိုလည်း ဝိနည်းနဲ့မညီတဲ့ ရဟန်းတော်တွေကြောင့်လို့
မထင်လာတော့ပဲ လူသားမှန်သမျှအားလုံးရဲ့
လောဘ၊ ဒေါသ ၊ မောဟ အကုသိုလ် စိတ်တွေတလောကလုံး
လွမ်းခြုံ လွမ်းမိုးသွားတဲ့အတွက်ကြောင့်သာ ဆုတ်ကပ်ဖြစ်ပြီး
သာသနာကွယ်သွားတာဖြစ်မယ်လို့တွေးမိလာတယ်၊
ဝိနည်းနဲ့မညီတဲ့ ရဟန်းတော်တွေကြောင့်
အများအမြင်နဲ့ ဘာသာခြားတွေရဲ့ အမြင်မှာ သိက္ခာကျစေတယ်
ဆိုပြီး မြင်မိခဲ့တာတွေက အခုနောက်ပိုင်းမှာ
ဒီအမြင်တွေဟာ အကုသိုလ်တရားတွေပါလား၊
မာန ၊ ဒေါသတွေ နဲ့ပူလောင်မိနေပါလား ဆိုပြီး
တွေးမိလာတတ်တယ်။
အရင်ကဆိုရင် လုပ်ငန်းမှာ မိမိစိတ်နဲ့ မတည့်ခဲ့ရင် စိတ်ဆိုး
အော်ဟောက် ဒေါသဖြစ်ပြီး တော်တော်နဲ့စိတ်ဆိုးမပြေနိုင်
ဖြစ်ခဲ့တယ်၊ အခုနောက်ပိုင်းမှာတော့ ဒေါသဖြစ်ရင် ခဏသာ
ဖြစ်ပြီး ထိန်းသိမ်းလာနိုင်တယ်၊ ဒေါသစိတ် ဖြစ်၊ ပျက် တာကို
သတိထားလာမိတယ်၊
ဘယ်ရဟန်း ဘယ်ဆရာတော် ဘယ်ဘုန်းတော်ကြီးကျောင်း
ရယ် လို့ အစွဲမရှိတော့ပဲ နီးစပ်ရာ မိမိနဲ့ သင့်တော်ရာ
ဘုန်းတော်ကြီးကျောင်းတွေမှာ ဘုရားသွားကျောင်းတက် ပြုလုပ်
လာမိတယ်။
ဝိပဿနာ တရားအကျင့်ကိုလည်း လူသားတွေရဲ့ စိတ်ကို
ထိန်းကြောင်းတည့်မှတ်ပေးနိုင်တဲ့ တရား၊ မဂ်ဖိုလ် ကိုမြင်နိုင်မယ့်
တရားဖြစ်တယ်ဆိုပြီးတော့ပိုလို့ ပိုလို့ အားကိုးလာမိပါတယ်။

သံသရာမျက်ရည်(မိုးညှင်း)

ပါဏာတိပါတကံ၌ အင်္ဂါငါးပါးရှိရာ အင်္ဂါတစ်ပါးပါးချို့တဲ့
လျက် သတ္တဝါသေသော် ပဝတ္တိအကျိုး ပဋိသန္ဓေအကျိုး
ပေးနိုင်မပေးနိုင် မေးလျှောက်သော စာလွှာပါ ဘုရား...။

ပါဏာတိပါတကံမှာ အင်္ဂါငါးပါးရှိပါတယ်၊
(၁) သတ္တဝါဖြစ်ရမယ်
(၂) သတ္တဝါမှန်းသိရမယ်
(၃) သတ်လိုသောစိတ် စေတနာရှိရမယ်
(၄) လုံးလပြုရမယ်
(၅)ထိုလုံ့လကြောင့် သေရမယ်

တစ်ပါးချို့တဲ့ပါလျက် သတ္တဝါသေသွားသော် ကမ္မပထအင်္ဂါ
မမြောက်လို့ အပါယ်ပဋိသန္ဓေတော့ မပေးဘူး၊ သို့သော်
ယခု ပဝတ္တိအခါမှာ အဖမ်းအဆီးခံရခြင်း၊ အရိုက်အနှက်ခံ
ရခြင်း၊ ဒဏ်ငွေအတပ်ခံရခြင်း စတဲ့ လောကီကျိုးများတော့
ပေးတတ်တယ်ကွယ့်

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Tuesday, June 13, 2017

ဘုရားရှင်ခွင့်ပြုတော်မူခဲ့သော ရှင်သာမဏေပြုနည်း
-----------------------------------------------------
ရှင်ပြုတယ်ဆိုလျှင် အဲဒီအနှစ်သာရကို မွန်းမံတဲ့ ရှင်လောင်းလှည့်တို့
ဧည့်ခံပွဲတို့ ကျွေးပွဲ မွေးပွဲတို့ဆိုတဲ့ ပကာသနအကာက ဖုံးလွှမ်းနေ
လို့ အစစ်အမှန် ရှင်ပြုမှုဟာ ပျောက်ကွယ်နေတယ်၊ ဘယ်အထိ
ပျောက်ကွယ်နေသလဲ ဆိုရင်အချို့ရှင်သာမဏေအတွက် သင်္ကန်း၊
သပိတ်၊ သင်ဓုန်းစတဲ့ ပရိက္ခရာတွေဟာ အတုသော်လည်းကောင်း
သုံးမဖြစ်တာတွေနှင့်သော်လည်းကောင်းဖြစ်နေတတ်ပြီး ပကာသန
အတွက်တော့ ရွှေမဏ္ဍပ်ကြီးတွေ အငြိမ့်ဇာတ်ပွဲကြီးတွေနှင့်ခြိမ့်ခြိမ့်
သဲမွမ်းမံနေတတ်ကြတယ်၊ ပြီးတော့ ကျွေးခန်း၊ မွေးခန်း၊
ပျော်ရွှင်ခန်းတွေမှာ
ကျွက်ကျွက်ဆူအောင် စည်ကားနေသလောက်
အမှန်တကယ် ရှင်ပြုတဲ့အချိန် ရေစက်ချတဲ့အချိန်တွေမှာတော့
အလှူရှင်လောက်သာ အနိုင်နိုင် ကျန်ရစ်တာကိုတွေ့ကြရတယ်။
ဒီတော့ မသိတဲ့လူတွေက သြော် . . . ရှင်ပြုတယ်ဆိုတာ ဒီလို
စားကြသောက်ကြ ပျော်ရွှင်ကြတာကိုးလို့ အထင်မှားသွားတတ်
ကြတယ်။
အမှန်တကယ် ရှင်ပြုတယ်ဆိုတာဟာ အဲဒီအတိုင်းအဝိုင်းပကာသန
တွေနှင့်အဆိုင်ပါဘူး၊ အင်္ဂါ ၃-ချက်နှင့် ညီညွှတ်ခဲ့လျှင် ရှင်သာမဏေ
ဖြစ်တာပါပဲ။
ဘုရားရှင်က
"ရဟန်းတို့ သင်တို့ကိုယ်တိုင် ရှင်လောင်း၊ ရဟန်းလောင်းများကို
ရှင်၊ ရဟန်းပြုပေးကြ" လို့ခွင့်ပြုတော်မူပြီး
ရဟန်းတို့ "ဤသို့ ရှင်၊ ရဟန်းပြုပေးကြရမည်။
(၁) ရှေးဦးစွာ ဆံ မုတ်ဆိတ်ကို ပယ်စေရမည်။
(၂) ဖန်ရည်ဆိုးသော သင်္ကန်းကိုဝတ်စေ၍ ပခုံးထက်၌ ကိုယ်ဝတ်ကို
စံပယ်တင်စေရမည်။
(၃) သရဏဂုံကို ပီသစွာ ရွတ်ဆိုစေရမည်. . . . ဤအင်္ဂါ ၃-ချက်
ဖြင့်ရှင်အဖြစ်၊ ရဟန်းအဖြစ် ခွင့်ပြုတော်မူတယ်" လို့ မိန့်ဆိုတော်
မူခဲ့တယ်။
ဒီအင်္ဂါသုံးချက်နှင့် ညီညွတ်လျှင် ဘုရားရှင်ရဲ့ပညတ်တော်နှင့်
ညီညွှတ်တဲ့ ရှင်သာမဏေ ပြုခြင်းဖြစ်တယ်လို့ မှတ်သင့်ပါတယ်

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ဘုရားရှင်​​ဟောကြား​တော်​မူခဲ့​သောဝေဒနာရှုနည်း
----------------------------------------------------
သတိပဋ္ဌာန်မှာ ဟောတော်မူတာက
" ရဟန်းတို့-

ယောဂီသည် သုခဝေဒနာကို ခံစားလျှင်လည်း
သုခဝေဒနာ ကိုခံစားသည်ဟု သိ၏။

ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို
ခံစားသည်ဟုသိ၏။

ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ဥပေက္ခာဝေဒနာကို
ခံစားသည်ဟု သိ၏။

ကာမဂုဏ်နှင့်စပ်သော သုခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။

ကာမဂုဏ်နှင့်စပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။

ကာမဂုဏ်နှင့်စပ်သောဥပေက္ခာဝေဒနာကိုခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို
ခံစားလျှင်လည်း၊ ခံစားသည်ဟုသိ၏။

ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ် ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။

သူတပါးတို့၏ ဝေဒနာကိုတို့၌မူလည်း အကြိမ်ကြိမ်ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။

မိမိ၊ သူတစ်ပါးတို့၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ်
ရှုလေ့ရှိသည် ရှိသည်ဖြစ်၍နေ၏

ဝေဒနာတို့၏ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဝေဒနာတို့၏ ပျက်ကြောင်းတရားနှင့်ပျက်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဝေဒနာတို့၏ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့်
ဖြစ်ခြင်း ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်
ဖြစ်၍ နေ၏။

ထို့ပြင် ဝေဒနာသည်သာလျှင် ရှိ၏ဟု သတိသည်
ရှေးဆောာင်၏၊ ထိုသတိသည် အဆင့်ဆင့် ဥာဏ် တိုးပွား
ခြင်းငှာ ဖြစ်၏၊

တဏှာ၊ ဒိဋ္ဌိ တို့ဖြင့် မငြိမတွယ်မူ၍
လောက၌ တစ်စုံတခုကိုမျှလည်း ငါ ငါ၏ ဥစ္စာဟု မစွဲလမ်း
ရဟန်းတို့-ဤသို့လျှင် ယောဂီသည် ဝေဒနာတို့၌ အကြိမ်
ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏ "

လို့ ဘုရားရှင်ဟောတော်မူတယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ဝိပဿ နာဆိုတာဘာလဲ
-----------------------------
သတ္တဝါများ သံသရာကျင်လည်နေကြရသည့်

ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ တို့၌

အမှန်တကယ်ရှိကြသော စိတ်၊ စေတသိက်၊

ရုပ်(ဝါ) နာမ်ရုပ် ၂ ပါး တို့ကို

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုမြင်တတ်သော

ဥာဏ်ပညာကို ဝိပဿ နာ ဟုခေါ်ဆိုကြောင်း

အဘိဓမ္မာသင်္ဂြိုလ်တွင် ဖော်ပြထားပါသည်။

ဒေါက်တာမင်းတင်မွန်၊ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ယ​နေ့ဗုဒ္ဓဝါဒ ပြဿ နာတစ်​ရပ်
---------------------------------
ရဟန်းတော်များသည် ကခြင်း၊ သီခြင်း၊တီးမှုတ်ခြင်း၊ ကြည့်ရှု
နားထောင်ခြင်းမပြုအပ်ပါ၊ လူကိုယ်တိုင်ကခြင်း၊ သီခြင်း၊
တီးမှုတ်ခြင်း မဟုတ်သော ကက်ဆက်၊ ဗွီဒီယို၊ တယ်လီဗေးရှင်း
တို့ကို ကျောင်းတိုက်၌ နားထောင်ကြည့်ရှုသော် အပ် မအပ်
မေးလျှောက်သောစာဖြစ်ပါတယ်ဘုရား....
----------------------------------------------
လောကမှာ ကျားတစ်ကောင်ဆိုးသွမ်းလာခဲ့လျှင် အားလုံးလူ
တွေက ဆိုးသွမ်းတဲ့ကျားတစ်ကောင်တည်းကို ကွက်မကြည့်ဘူး
အားလုံးကျားမှန်သမျှ ဆိုးတယ်၊ ကျားမှန်တမျှ သုတ်သင်ရမယ်
လို့ လူဆကြတယ်

အဲဒီ ဥပမာအတိုင်းပဲ သာသနာ တော်အတွင်းသားဖြစ်တဲ့
ရဟန်းတစ်ပါးအကျင့်ပျက်ခဲ့လျှင် ဒါယကာတွေက အကျင့်ပျက်
တဲ့ရဟန်း တစ်ပါးတည်းကွက်မကြည့်ဘူး၊ သင်္ကန်းဝတ်မှန်သမျှ
ဒီလိုချည်းပဲလို့ ယူဆတတ်ကြတယ်။

အဲဒီလို ဒါယကာတွေက ယူဆလာခဲ့လျှင် သာသနာတော်ကို
အထောက်အပံ့ပေးမည့် ပုဂ္ဂိုလ်ကင်းတဲ့အတွက် သာသနာတော်
ကြီး မကြာမီ ကျဆုံးရတတ်တယ်၊ ဒါကြောင့် ဘုရားရှင်ရဲ့ပညတ်
တော်သိက္ခာပုဒ်တွေဟာ ဒကာ၊ ဒကာမတို့ရဲ့ ကြည်ညိုလေးစား
မှုကို အဓိကထားပြီး ပညတ်တော်မူရခြင်းဖြစ်တယ်၊သိက္ခာပုဒ်
ပညတ်တဲ့အကြောင်းပြောပြီးလို့ ရဟန်းသာမဏေ ပွဲကြည့်တဲ့
ဘက်ကိုလှည့်ကြည့်ကြဦးစို့၊

ကပွဲ၊ ဆိုပွဲ ၊ တီးမှုတ်ပွဲတွေဟာ
ကမ္ဘာဦးကစပြီး ရှိနေကြတာတွေပဲ၊ အက၊ အဆို၊ အတီးဟာ၊
ဝမ်းတွင်းပါ ဝါသနာလို့ဆိုတယ်၊ လူတစ်ယောက်မွေးလာလို့
တစ်လသား၊ နှစ်လသားအရွယ်ရောက်ခဲ့လျှင် အဆို၊ အကကို
နှစ်သက်လာခဲ့ပြီကွယ့်၊ဒါကြောင့် အမေက တေးဆိုပြီးချော့ရတာ
ပေါ့၊ ကလေးလက်ကိုကိုင်ပေးပြီး တေးဆိုဆို ချိုပေးရင်း ကလေး
ဟာလက်ကလေးကိုဖြန့်ပြီး ကဟန်ပြတတ်လာပြီလေ။

သဘင်အတတ်ဟာ မွေးရာပါ ဝါသနာအတတ်မို့
ပုတုဇဉ်မှန်သမျှ နှစ်သက်တာချည်းပါပဲ။
ဒါကြောင့် အက၊ အဆို၊ အတီး၊ သဘင်အတတ်ကို လူတိုင်း
နှစ်သက်ကြတယ်၊ ကမ္ဘာဦးကစပြီး ကမ္ဘာပျက်သည်အထိ
သူ့အမျိုး၊ သူ့ဘာသာ၊ သူ့နည်းသူ့ဟန်နဲ့ တီထွင် ကပြနေကြမှာ
ဖြစ်တယ်၊

ဝဇ္ဇိပုတ္တထေရ်ဟာ ပါရမီရင့်ကျက်တဲ့ ပုဂ္ဂိုလ်ထူးကြီး
ပါပဲ၊ သို့သော်လည်း တီးမှုတ်သံကြားရတော့ စိတ်ဖေါက်ပြန်
တော်မူရသေးတယ်၊ ယခုခေတ် ရဟန်းသမဏေများမှာ
အဘယ်ဆိုဖွယ်ရှိပါ့မလဲ၊

သို့သော်လည်း လူတိုင်းနှစ်သက်တဲ့
ဒီကာမတရားတွေကို ဖြတ်ဖို့ဆိုပြီး သင်္ကန်းဝတ်လာကြတဲ့
ပုဂ္ဂိုလ်များအတွက်တော့ ဒီထက် တက်မက်ဖွယ်ကောင်းတဲ့
ရာဂတရားကိုတောင် တားဆီးစောင့်ရှောက်ခဲ့သေးတာပဲ၊
ဒီမျှလောက် ကာမကလေးကိုတော့ တားဆီးစောင့်ရှောက်သင့်
ကြတာပေါ့၊

အမှန်ကတော့ နစ္စ၊ ဂီတ၊ ဝါဒိတ ဆိုတဲ့ အကအဆို အတီး
သဘင်ဟာ ဒုစရိုက်တရား ဆယ်ပါးအတွင်းပါတဲ့ ဒုစရိုက်မျိုး
မဟုတ်ပါဘူး၊

ပဟာသငရဲကျတယ်ဆိုတာလည်း အလွန်ဝါသနာ
ထုံလွန်းလို့ ဖြစ်ပါတယ်၊ တစ်ခါကြည့်ရှုနားထောင်ရုံနှင့် ငရဲကြ
မယ်လျှင် ဘယ်သူမှ ငရဲက လွတ်ဖို့ မရှိပါဘူး၊

ကြည့်ရှုနားထောင်တဲ့အတွက် ရဟနးတော်များမှာ
ဒုက္ကဋ်အာပတ်သင့်တယ်၊ဒုက္ကဋ်အာပတ်ဟာ ခုဒ္ဒက အငယ်စား
မျှသာဖြစ်သော်လည်း ဒကာ၊ ဒကာမများမြင်လျှင် အကြည်ညို
ပျက်စရာဖြစ်တယ်၊

ဒါကြောင့် ရဟန်း သာမဏေများ အာရာမ်
အပမှာ ကပြတဲ့ ဇတ်၊ အငြိမ့်စတဲ့ သဘင်ပွဲများကို မကြည့်ရှု
ရဘူး၊ မိမိကိုယ်တိုင်လည်း ကခုန်၊ သီဆို၊ တီးမှုတ်ခြင်း၊ မပြုရ
ဘူး၊

သို့သော်လည်း ကျောင်းတိုက်အတွင်း ကြည့်ရှုနားထောင်
တဲ့အတွက်တော့ ဘာအာပတ်မျှ မသင့်ဘူး၊ ဒီကြောင်းကို
စူဠဝဂ်အဋ္ဌကထာမှာဖွင့်ပြထားတယ်။

အာရာမ်တွင်းမှာ လူကိုယ်တိုင် ကပြ သီဆို တီးမှုတ်တဲ့ပွဲသဘင်
ကို ကြည့်ရှုနားထောင်လို့ အာပတ်မသင့်ခဲ့သော် လူကိုယ်တိုင်
မဟုတ်တဲ့ ကက်ဆက်၊ ရေဒီယို၊ ဗွီဒီယို တယ်လီဗေးရှင်း၊ များကို
ကျောင်းတွင်းမှာ ကြည့်ရုံဖြင့် လူဒါယကာ၊ ဒါယိကာမများ
အကြည်ညိုပျက်ဖွယ် မရှိတဲ့အတွက် မအပ်ဘူးလို့ မဆိုသင့်ဘူး
ပေါ့၊

သို့သော်လည်း အတိုင်းအတာတော့ ရှိရမှာပေါ့၊ ကာမကို
အားပေးတဲ့ဇတ်လမ်းမျိုးတို့ နေ့ညမစဲ လူတသဲသဲ ပြနေတာမျိုး
ကိုတော့ အပ်တယ်လို့ မဆိုနိုင်ဘူး၊ မအပ်ဘူးလို့သာ ဖြေရမှာ
ပေါ့ကွယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ကြက် ဝက် ငါး တို့ကို သတ်၍ အလှူလုပ်သော် ကုသိုလ် ရ မရ
------------------------------------------------------------------
အလိုလိုပေါ်သော အသားဟင်းလျာ မဟုတ်ဘဲ ကိုယ်တိုင်
ကြက် ဝက် ငါး စသည်တို့ကို သတ်ဖြတ်အလှူလုပ်ခဲ့သော်
ထိုအလှူ ကုသိုလ်ရ မရ မေးလျှောက်သောစာဖြစ်ပါတယ်
ဘုရား...။

ကုသိုလ်တရား အကုသိုလ်တရားသည် တရားနှစ်ပါးတို့ဟာ
တူညီသောအကျိုးပေးခြင်းမရှိဘူးတဲ့၊
အဓိပ္ပါယ်က ကုသိုလ်ကံကကောင်းကျိုးကိုပေးတယ်၊
အကုသိုလ်ကံက မကောင်းကျိုးကိုပေးတယ်၊
အကျိုးပေးခြင်းမတူလို့ ဆိုလိုတယ်။ အကျိုးပေးမတူ
ရုံမျှသာမဟုတ်ဘူး၊ ပြိုင်တူလဲ အကျိုးမပေးနိုင်ဘူး။
ကုသိုလ်ကံအကျိုးပေးခိုက် အကုသိုလ်ကံက
အကျိုးမပေးနိုင်ဘူး၊
အကုသိုလ်ကံ က အကျိုးပေးခိုက် ကုသိုလ်ကံက
အကျိုးမပေးနိုင်ဘူး၊
တစ်မျိုးတစ်မျိုးစီသာ အကျိုးပေးနိုင်တယ်၊
ဘာကြောင့်ပြိုင်တူ အကျိုးမပေးနိုင်တာလဲဆိုတော့ ကံတရား
အားထုတ်စဉ်ကာလ ကုသိုလ်နှင့်အကုသိုလ်ကံကို ပြိုင်တူပြု
လုပ်လို့ မဖြစ်တဲ့ အတွက်ကြောင့်ပါပဲ၊
စိတ်ဖြစ်မှုက အလွန်လျင်မြန်တယ်၊ စိတ်တခုပြီးမှ
တစ်ခု ဖြစ်တယ်၊ စိတ်နှစ်ခုပြိုင်တူမဖြစ်နိုင်ဘူး၊
ဒါကြောင့် ကုသိုလ်ကံနှင့် အကုသိုလ်ကံဟာ
ပြိုင်တူမဖြစ်ဘူး။
သူ့အသက်သတ်တာက တစ်ကာလ ၊ ဒီတစ်ကာလက
အကုသိုလ်ဖြစ်တဲ့ကာလ၊
အလှူပေးတာက တစ်ကာလ၊ အဲဒီတစ်ကာလက ကုသိုလ်
ဖြစ်တဲ့ကာလ၊
ဒီကာလနှစ်ပါးကို တစ်ကာလတည်း ရောလို့ မရသလို
တစ်ကာလစီမှာဖြစ်တဲ့ ကုသိုလ်နှင့် အကုသိုလ်ကိုလည်း
ရောလို့မရဘူး၊
ဒါကြောင့် သူ့အသက်သတ်မှု ပါဏာတိပါတ အကုသိုလ်ကံ
ကြောင့် မကောင်းကျိုးကို ခံစားရမယ်၊
အလှူပေးတဲ့ ဒါနကုသိုလ်ကံကြောင့် ကောင်းကျိုးခံစားရ
လိမ့်မယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

မြတ်စွာဘုရား သာဝတ္တိပြည် ဇေတဝန်ကျောင်း ကိန်းအောင်း
စံပျော်စဉ်ကာလ တစ်ခုသော သန်းခေါင်ယံအခါမှာ
နတ်သားတစ်ယောက်ဘုရားရှင်ထံလာရောက်ပြီး ပြဿ နာကို
လျှောက်ထားတယ်၊ နတ်သားလျှောက်ထားတဲ့ပြဿ နာကတော့

အရှင်ဘုရား

"အဘယ်သူသည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်
တရားကို တိုးပွားနေပါသလဲ"

"အဘယ်သူတို့ဟာ တရား၌တည်ပါကုန်သလဲ"

"အဘယ်သူတို့ဟာ ဝတ်အကျင့်နှင့် ပြည့်စုံကြပါသလဲ"

"အဘယ်သူဟာ သေပြီးနောက် နတ်ပြည်ရောက်နိုင်ပါသလဲ" တဲ့

နတ်သားမေးတဲ့ ပြဿနာက လေးချက်ရှိတယ်၊ အဲဒီ ပုစ္ဆာ ၄- ချက်ကို
ဘုရားရှင်က တစ်ချက်တည်းနှင့် အဖြေပေးတော်မူလိုက်တယ်၊
ဘုရားရှင်ပေးတဲ့ အဖြေက-

- အကြင်သူဟာ အများ စိတ်ပျော်ရွှင်စေဖို့ သစ်သီးဥယျာဉ်၊
ပန်းဥယျာဉ်တို့ကိုစိုက်ပျိုးတယ်၊

- အရိပ်ခိုနားနေဖို့ ညောင်ပင်၊ ကုက္ကိုပင်စတဲ့ တောသစ်ပင်များကို
စိုက်ပျိုးတယ်၊

- လူအများသွားလာလွယ်ကူအောင်တံတားခင်းတယ်၊

- ခရီးသွားများသောက်သုံးဖို့ ရေအိုးစင်တည်တယ်၊

- ရေတွင်းရေကန်တူးတယ်၊

- ခရီးသွားအများရပ်နားဖို့ ဇရပ်တို့ ကျောင်းတို့ဆောက်လုပ်တယ်၊

အဲဒီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ နေ့ရောညဥ့်ပါ
ကုသိုလ်တရားတိုးပွားတယ်၊

အဲဒီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တရားတည်တယ်၊

အဲဒီပုဂ္ဂိုလ်ဟာ ဝတ်အကျင့်နှင့် ပြည့်စုံသူ ဖြစ်တယ်၊

အဲဒီ ပုဂ္ဂိုလ် ကွယ်လွန်လျှင် နတ်ပြည်ရောက်တယ် လို့

သဂါထာဝဂ္ဂသံယုတ်၊ အာစိတ္တဝဂ်၊ ဝနရောပသုတ်မှာ
ဘုရားရှင်ဟောတောမူတယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ဝိပဿ နာ တရားစတင်အားထုတ်ခဲ့ပြီးနောက်ပိုင်းမှာ
ရတနာသုံးပါးကို ပိုကြည်ညိုလာတယ်
ဒါကြောင့်ရဟန်းတော်များကိုလည်း ပိုမိုကြည်ညိုတတ်လာတယ်
ရဟန်းတွေ့တိုင်းလည်း ဦးထိပ်မှာမိုးလို့ အလိုလိုရှိခိုးလိုစိတ်
ဖြစ်ပါတယ်။
ဝိနည်းနဲ့မညီတဲ့ ရဟန်းတော်များကိုတွေ့ရင်လည်းပဲ
အရင်ကလို ဝေဖန်ပိုင်းခြားတာမျိုး သိပ်မမြင်မိတော့ပါဘူး၊
ဘုရားရှင်ရဲ့ သားတော် ရဟန်းတော် တွေပါလားဆိုပြီး
မြင်တတ်လာပါတယ်၊
အရင်ကဆိုရင်
ရဟန်းဝိနည်းနဲ့မညီရင် သာသနာဆုတ်ယုတ်နိုင်တယ်
သူများဘာသာခြားတွေ မြင်ရင် သိက္ခာကျတယ်၊
မြင့်မြတ်လှတဲ့ ဗုဒ္ဓဘာသာ ကို အကျည်းတန်စေတယ်
ဆိုပြီးမြင်မိတယ်၊
အခုနောက်ပိုင်းမှာတော့
သာသနာဆုတ်ယုတ်တယ် မဆုတ်
ယုတ်ဘူးဆိုတာ ထိုင်တွေး ဝေဖန်နေရမှာမဟုတ်ဘူး၊
မိမိကသာ သာသနာတော်မဆုတ်ယုတ်ဖို့အတွက်
အုတ်တချပ် ၊ သဲတပွင့် မျှ တတ်နိုင်သလောက်
လှူဒါန်းထောက်ပံ့ရမယ်ဆိုတဲ့ အတွေးမျိုးဝင်လာတယ်၊
ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ သာသနာဆုတ်ယုတ် ပျောက်ကွယ်သွားမယ်
ဆိုတာကိုလည်း ဝိနည်းနဲ့မညီတဲ့ ရဟန်းတော်တွေကြောင့်လို့
မထင်လာတော့ပဲ လူသားမှန်သမျှအားလုံးရဲ့
လောဘ၊ ဒေါသ ၊ မောဟ အကုသိုလ် စိတ်တွေတလောကလုံး
လွမ်းခြုံ လွမ်းမိုးသွားတဲ့အတွက်ကြောင့်သာ ဆုတ်ကပ်ဖြစ်ပြီး
သာသနာကွယ်သွားတာဖြစ်မယ်လို့တွေးမိလာတယ်၊
ဝိနည်းနဲ့မညီတဲ့ ရဟန်းတော်တွေကြောင့်
အများအမြင်နဲ့ ဘာသာခြားတွေရဲ့ အမြင်မှာ သိက္ခာကျစေတယ်
ဆိုပြီး မြင်မိခဲ့တာတွေက အခုနောက်ပိုင်းမှာ
ဒီအမြင်တွေဟာ အကုသိုလ်တရားတွေပါလား၊
မာန ၊ ဒေါသတွေ နဲ့ပူလောင်မိနေပါလား ဆိုပြီး
တွေးမိလာတတ်တယ်။
အရင်ကဆိုရင် လုပ်ငန်းမှာ မိမိစိတ်နဲ့ မတည့်ခဲ့ရင် စိတ်ဆိုး
အော်ဟောက် ဒေါသဖြစ်ပြီး တော်တော်နဲ့စိတ်ဆိုးမပြေနိုင်
ဖြစ်ခဲ့တယ်၊ အခုနောက်ပိုင်းမှာတော့ ဒေါသဖြစ်ရင် ခဏသာ
ဖြစ်ပြီး ထိန်းသိမ်းလာနိုင်တယ်၊ ဒေါသစိတ် ဖြစ်၊ ပျက် တာကို
သတိထားလာမိတယ်၊
ဘယ်ရဟန်း ဘယ်ဆရာတော် ဘယ်ဘုန်းတော်ကြီးကျောင်း
ရယ် လို့ အစွဲမရှိတော့ပဲ နီးစပ်ရာ မိမိနဲ့ သင့်တော်ရာ
ဘုန်းတော်ကြီးကျောင်းတွေမှာ ဘုရားသွားကျောင်းတက် ပြုလုပ်
လာမိတယ်။
ဝိပဿနာ တရားအကျင့်ကိုလည်း လူသားတွေရဲ့ စိတ်ကို
ထိန်းကြောင်းတည့်မှတ်ပေးနိုင်တဲ့ တရား၊ မဂ်ဖိုလ် ကိုမြင်နိုင်မယ့်
တရားဖြစ်တယ်ဆိုပြီးတော့ပိုလို့ ပိုလို့ အားကိုးလာမိပါတယ်။

သံသရာမျက်ရည်(မိုးညှင်း)

Tuesday, June 6, 2017

ဘုရားရှင်ခွင့်ပြုတော်မူခဲ့သော ရှင်သာမဏေပြုနည်း
-----------------------------------------------------
ရှင်ပြုတယ်ဆိုလျှင် အဲဒီအနှစ်သာရကို မွန်းမံတဲ့ ရှင်လောင်းလှည့်တို့
ဧည့်ခံပွဲတို့ ကျွေးပွဲ မွေးပွဲတို့ဆိုတဲ့ ပကာသနအကာက ဖုံးလွှမ်းနေ
လို့ အစစ်အမှန် ရှင်ပြုမှုဟာ ပျောက်ကွယ်နေတယ်၊ ဘယ်အထိ
ပျောက်ကွယ်နေသလဲ ဆိုရင်အချို့ရှင်သာမဏေအတွက် သင်္ကန်း၊
သပိတ်၊ သင်ဓုန်းစတဲ့ ပရိက္ခရာတွေဟာ အတုသော်လည်းကောင်း
သုံးမဖြစ်တာတွေနှင့်သော်လည်းကောင်းဖြစ်နေတတ်ပြီး ပကာသန
အတွက်တော့ ရွှေမဏ္ဍပ်ကြီးတွေ အငြိမ့်ဇာတ်ပွဲကြီးတွေနှင့်ခြိမ့်ခြိမ့်
သဲမွမ်းမံနေတတ်ကြတယ်၊ ပြီးတော့ ကျွေးခန်း၊ မွေးခန်း၊
ပျော်ရွှင်ခန်းတွေမှာ
ကျွက်ကျွက်ဆူအောင် စည်ကားနေသလောက်
အမှန်တကယ် ရှင်ပြုတဲ့အချိန် ရေစက်ချတဲ့အချိန်တွေမှာတော့
အလှူရှင်လောက်သာ အနိုင်နိုင် ကျန်ရစ်တာကိုတွေ့ကြရတယ်။
ဒီတော့ မသိတဲ့လူတွေက သြော် . . . ရှင်ပြုတယ်ဆိုတာ ဒီလို
စားကြသောက်ကြ ပျော်ရွှင်ကြတာကိုးလို့ အထင်မှားသွားတတ်
ကြတယ်။
အမှန်တကယ် ရှင်ပြုတယ်ဆိုတာဟာ အဲဒီအတိုင်းအဝိုင်းပကာသန
တွေနှင့်အဆိုင်ပါဘူး၊ အင်္ဂါ ၃-ချက်နှင့် ညီညွှတ်ခဲ့လျှင် ရှင်သာမဏေ
ဖြစ်တာပါပဲ။
ဘုရားရှင်က
"ရဟန်းတို့ သင်တို့ကိုယ်တိုင် ရှင်လောင်း၊ ရဟန်းလောင်းများကို
ရှင်၊ ရဟန်းပြုပေးကြ" လို့ခွင့်ပြုတော်မူပြီး
ရဟန်းတို့ "ဤသို့ ရှင်၊ ရဟန်းပြုပေးကြရမည်။
(၁) ရှေးဦးစွာ ဆံ မုတ်ဆိတ်ကို ပယ်စေရမည်။
(၂) ဖန်ရည်ဆိုးသော သင်္ကန်းကိုဝတ်စေ၍ ပခုံးထက်၌ ကိုယ်ဝတ်ကို
စံပယ်တင်စေရမည်။
(၃) သရဏဂုံကို ပီသစွာ ရွတ်ဆိုစေရမည်. . . . ဤအင်္ဂါ ၃-ချက်
ဖြင့်ရှင်အဖြစ်၊ ရဟန်းအဖြစ် ခွင့်ပြုတော်မူတယ်" လို့ မိန့်ဆိုတော်
မူခဲ့တယ်။
ဒီအင်္ဂါသုံးချက်နှင့် ညီညွတ်လျှင် ဘုရားရှင်ရဲ့ပညတ်တော်နှင့်
ညီညွှတ်တဲ့ ရှင်သာမဏေ ပြုခြင်းဖြစ်တယ်လို့ မှတ်သင့်ပါတယ်

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Monday, June 5, 2017

ဘုရားရှင်​​ဟောကြား​တော်​မူခဲ့​သောဝေဒနာရှုနည်း
----------------------------------------------------
သတိပဋ္ဌာန်မှာ ဟောတော်မူတာက
" ရဟန်းတို့-

ယောဂီသည် သုခဝေဒနာကို ခံစားလျှင်လည်း
သုခဝေဒနာ ကိုခံစားသည်ဟု သိ၏။

ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို
ခံစားသည်ဟုသိ၏။

ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ဥပေက္ခာဝေဒနာကို
ခံစားသည်ဟု သိ၏။

ကာမဂုဏ်နှင့်စပ်သော သုခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။

ကာမဂုဏ်နှင့်စပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။

ကာမဂုဏ်နှင့်စပ်သောဥပေက္ခာဝေဒနာကိုခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို
ခံစားလျှင်လည်း၊ ခံစားသည်ဟုသိ၏။

ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ် ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။

သူတပါးတို့၏ ဝေဒနာကိုတို့၌မူလည်း အကြိမ်ကြိမ်ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။

မိမိ၊ သူတစ်ပါးတို့၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ်
ရှုလေ့ရှိသည် ရှိသည်ဖြစ်၍နေ၏

ဝေဒနာတို့၏ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဝေဒနာတို့၏ ပျက်ကြောင်းတရားနှင့်ပျက်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ဝေဒနာတို့၏ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့်
ဖြစ်ခြင်း ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်
ဖြစ်၍ နေ၏။

ထို့ပြင် ဝေဒနာသည်သာလျှင် ရှိ၏ဟု သတိသည်
ရှေးဆောာင်၏၊ ထိုသတိသည် အဆင့်ဆင့် ဥာဏ် တိုးပွား
ခြင်းငှာ ဖြစ်၏၊

တဏှာ၊ ဒိဋ္ဌိ တို့ဖြင့် မငြိမတွယ်မူ၍
လောက၌ တစ်စုံတခုကိုမျှလည်း ငါ ငါ၏ ဥစ္စာဟု မစွဲလမ်း
ရဟန်းတို့-ဤသို့လျှင် ယောဂီသည် ဝေဒနာတို့၌ အကြိမ်
ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏ "

လို့ ဘုရားရှင်ဟောတော်မူတယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Sunday, June 4, 2017

အကျိုးပေးလှည့်အစဉ်
-----------------------
ဒီနေရာမှာ သတိပြုရမှာက အကျိုးပေးလှည့် အစဉ်ဆိုတဲ့
ကံလေးမျိုးပဲ၊ အကျိုးပေးလှည့်အစဉ် ဆိုတာကို သင်္ဂြိုလ်ဘုံပိုင်းမှာ
(ပါကဒါန ပရိယာယ )လို့ ဖော်ပြထားတယ်၊ နောက်ဘဝမှာ ဧကန်
အကျိုးပေးမည့် ကံလေးမျိုးအစဉ်လို့ ဆိုလိုတယ်၊ ကံလေးမျိုး အစဉ်
က (၁) ဂရုကံ (၂ ) အာသန္နကံ (၃) အာစိဏ္ဏကံ (၄) ကဋတ္တာကံ
တို့ ဖြစ်ကြတယ်။

(၁) ဂရုကံ ဆိုတာ အလွန်ကြီးလေးတဲ့ အနန္တရိယကံမျိုး ဖြစ်တယ်

(၂) အာသန္နကံဆိုတာ သေခါနီးပြုအပ် အောက်မေ့အပ်တဲ့ ကံမျိုး
ဖြစ်တယ်၊

(၃) အာစိဏ္ဏကံဆိုတာ နေ့စဉ်မပြတ် ပြုလုပ်အပ်တဲ့ ကံမျိုးဖြစ်တယ်၊

(၄)ကဋတ္တာကံဆိုတာ သာမန်ပြုအပ်တဲ့ ကံမျိုးဖြစ်တယ်၊

သတ္တဝါ တစ်ဦးရဲ့ သန္တာန်မှာ ဂရုကံ ရှိနေလျှင် ဂရုကံ ကဒုတိယဘဝ
အကျိုးပေးတယ်၊ ဂရုကံမရှိဘဲ အာသန္နကံရှိနေလျှင် အာသန္နကံက
ဒုတိယဘဝအကျိုးပေးတယ်၊ ထိုကံများမရှိဘဲ အာစိဏ္ဏကံ ရှိနေလျှင်
အာစိဏ္ဏကံက ဒုတိယဘဝ အကျိုးပေးတယ်၊ ဒီကံလေးမျိုးအနက်
အကုသိုလ် ဂရုကံဟာ သုဂတိဘဝမျှကိုသာ တားဆီးတတ်တာ
မဟုတ်ဘူး၊ ယခုဘဝ ရရှိမည့် ဈာန်တရား၊ မဂ်တရား ၊ ဖိုလ်တရား
များကိုလည်း တားဆီးတယ်၊ ဒါကြောင့် အကြင်ပုဂ္ဂိုလ်များမှာ
အကုသိုလ် ဂရုကံရှိနေလျှင် ဘယ်လောက်ကြီးကျယ်တဲ့ ကုသိုလ်
တရားတွေကိုပင် ပြုလုပ်စေကာမူ အပါယ်ကျမှာသေချာတယ်၊ယခု
ဘဝမှာလည်း ဘယ်လောက် သမထတရား အားထုတ်သော်လည်း
ဈာန်ရဖို့ မရှိဘူး၊ ဝိပဿနာအလုပ် မည်မျှ ကြိုးကုတ်သော်လည်း
မဂ် ဖိုလ် ရဖို့မရှိဘူး။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

Saturday, June 3, 2017

ကိလေသာ (၁၀) ပါး
----------------------
ကိလေသာတို့သည် စိတ်ကိုပူလောင်ဆင်းရဲစေကြ၏။
ယုတ်ညံ့စေကြ၏၊ အကုသိုလ် အမှုများကို
ပြုလုပ်မိအောင် လှုံ့ဆော်ကြပြီး အပါယ်သို့
တွန်းပို့တတ်ကြ၏။ ကိလေသာ (၁၀) ပါးမှာ-
(၁) လောဘ
(၂) ဒေါသ
(၃) မောဟ
(၄) မာန
(၅) ဒိဋ္ဌိ
(၆) ဝိစိကိစ္ဆာ
(၇) ထိန
(၈) ဥဒ္ဓစ္စ
(၉) အဟိရိက
(၁၀) အနောတ္တပ္ပ တို့ဖြစ်ကြ၏။

ဒေါက်တာမင်းတင်မွန်-အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင်မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

ဝါဆိုသင်္ကန်း
-----------------------
ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ၀ါဆိုသောအခါ
ဝတ်ရုံတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ ယခုအခါ
မှတ်ယူနေကြတယ်၊ သို့သော်လည်း ပါဠိတော်မှာ
လာတဲ့ ဝါဆိုသင်္ကန်းက ဝါဆိုရန်ဝတ်တဲ့ သင်္ကန်း
မဟုတ်ဘူး၊ ဝါဆိုရက်မှာ ဝါဆိုပြီး ဝါကျွတ်သည့်တိုင်
အောင် ဝါမပျက်တဲ့ ရဟန်းတော်အား လှူဒါန်းတဲ့
သင်္ကန်းကို(ဝါဆိုသင်္ကန်း)လို့ ဆိုလိုတယ်၊
ဒီအကြောင်းနှင့်ပတ်သက်ပြီး ပါတိမောက် နိဿဂ္ဂိယ
ပါစိတ် ပတ္တဝဂ်ကလာတဲ့ အစ္စေဝရအကြောင်း ပြော
ပြရဦးမယ်။
ဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ
သီတင်းသုံးတော်မူစဉ်အခါက အမတ်တစ်ယောက်
ဟာ စစ်တိုက်ထွက်ခါနီး ငါ့အသက်ဟာ
သိပ်မသေချာဘူး၊သေကောင်း နေကောင်းဖြစ်အောင်
ဝဿာဝါသိက ခေါ်တဲ့ ဝါဆိုသင်္ကန်းလှူဒါန်းဦးမှ
သင့်လျော်မယ်၊ သို့သော်လည်း ငါ့မှာ စစ်ထွက်ခါနီး
နေလို့ အမှုကိစ္စ များတယ်၊ ကိုယ်တိုင်သွားမလှူနိုင်
ဘူး၊ အရှင်ကောင်းများကို ပင့်လှူမှပဲလို့ အကြံဖြစ်ပြီး
အရှင်မြတ်တို့ကို တပည့်တော်အိမ် ကြွရောက်ပြီး
ဝါဆိုသင်္ကန်းအလှူခံတော်မူကြပါလို့ အလျှောက်ခိုင်း
တယ်၊ ရဟန်းတော်များလည်း ဝါကျွတ်သံဃာအား
ဝါဆိုသင်္ကန်းခံယူစေလို့ ဘုရားရှင်ခွင့်ပြုချက်မရှိသေး
ဘူးလို့ ယုံမှားမှု၇ှိကြတဲ့အတွက် သင်္ကန်းအလှူခံ
မကြွကြဘူး၊ အဲဒီအခါ အမတ်ကြီးက အရှင်မြတ်များ
ဟာ အပင့်လွှတ်ပါလျက် ဘာကြောင့်မကြွခဲ့ကြတာ
လဲ၊ ငါက စစ်တိုက်သွားရမှာ၊ အသက်သေမည်
ရှင်မည် မသိနိုင်ဘူး လို့ ကဲ့ရဲ့သတဲ့၊ ဒီသတင်းကို
ဘုရားရှင်ကြားတော်မူလို့ အဆောတလျင်လှူအပ်
သော အစ္စေကသင်္ကန်းကို ခွင့်ပြုတော်မူတယ်။
ဒီနေရာမှာ အစ္စေက သင်္ကန်းဆိုတာ အသက်ကို
စိတ်မချရတဲ့ စစ်ထွက်မည့်ပုဂ္ဂိုလ်မျိုး၊ ခရီးထွက်မည့်
ပုဂ္ဂိုလ်မျိုး၊ ကိုယ်ဝန်ဆောင်ပုဂ္ဂိုလ်မျိုးများနှင့် အသစ်
သဒ္ဓါတရား ဖြစ်ပွားတဲ့ ပုဂ္ဂိုလ်မျိုးများလှူဒါန်းတဲ့
သင်္ကန်းကိုဆိုလိုတယ်၊ ဒီသင်္ကန်းကို (ဝဿာသိက)
ဝါဆိုသင်္ကန်းလို့ပင်ခေါ်ခေါ်၊ ဝါကျွတ်သင်္ကန်းလို့ပင်
ခေါ်ခေါ်၊ အစ္စေက အဆောတလျင် ရှောင်တခင်
လှူဒါန်းအပ်သော သင်္ကန်းလို့ပင်ခေါ်ခေါ် သီးခြား
သင်္ကန်း မဟုတ်ပဲ သင်္ကန်းကိုးထည်အတွင်းက
တစ်ထည်ထည်သော သင်္ကန်းသာဖြစ်တယ်၊

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)