Thursday, June 15, 2017

ဘုရား ရဟန္တာများကလွဲရင်

တရားအလှူပေးလှူနေသူဟာ

ကိုယ့်ကိုယ်ကို ဆုံးမနေသူပါ. . . ။

သူတစ်ပါးကို တစ်ကြိမ် တစ်ခါ

ဆုံးမစကားပြောရင်

ကိုယ့်ကိုယ်ကိုအကြိမ်တစ်ရာမက

ဆုံးမစကား ပြောပြီးသား ဖြစ်နေပါတယ်. . . ။

သူတစ်ပါးကိုပြောဆိုဆုံးမနေရင်း

ကိုယ့်မှာ သံဝေဂဥာဏ်တွေ

အထွတ်အထိပ် ရောက်လာနိုင်သလို

တရားထူးတရားမြတ်တွေလည်း

ရရှိသွားနိုင်ပါတယ် . . . ။

ဒါဟာ တရားအလှူရဲ့ အဓိက အနှစ်သာရပါပဲ

တရားအလှူကြောင့် ကိုယ့်မှာ ရရှိမယ့် အဓိကအကျဆုံး

ပစ္စုပ္ပန်အကျိုးတရားပါပဲ . . . ။

အရှင်ဆန္ဒာဓိက-အနိုင်းမဲ့အလှူမှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment