----------------------------------------------------
သတိပဋ္ဌာန်မှာ ဟောတော်မူတာက
" ရဟန်းတို့-
ယောဂီသည် သုခဝေဒနာကို ခံစားလျှင်လည်း
သုခဝေဒနာ ကိုခံစားသည်ဟု သိ၏။
ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို
ခံစားသည်ဟုသိ၏။
ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ဥပေက္ခာဝေဒနာကို
ခံစားသည်ဟု သိ၏။
ကာမဂုဏ်နှင့်စပ်သော သုခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။
ကာမဂုဏ်နှင့်စပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။
ကာမဂုဏ်နှင့်စပ်သောဥပေက္ခာဝေဒနာကိုခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို
ခံစားလျှင်လည်း၊ ခံစားသည်ဟုသိ၏။
ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ် ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။
သူတပါးတို့၏ ဝေဒနာကိုတို့၌မူလည်း အကြိမ်ကြိမ်ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။
မိမိ၊ သူတစ်ပါးတို့၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ်
ရှုလေ့ရှိသည် ရှိသည်ဖြစ်၍နေ၏
ဝေဒနာတို့၏ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာတို့၏ ပျက်ကြောင်းတရားနှင့်ပျက်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာတို့၏ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့်
ဖြစ်ခြင်း ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်
ဖြစ်၍ နေ၏။
ထို့ပြင် ဝေဒနာသည်သာလျှင် ရှိ၏ဟု သတိသည်
ရှေးဆောာင်၏၊ ထိုသတိသည် အဆင့်ဆင့် ဥာဏ် တိုးပွား
ခြင်းငှာ ဖြစ်၏၊
တဏှာ၊ ဒိဋ္ဌိ တို့ဖြင့် မငြိမတွယ်မူ၍
လောက၌ တစ်စုံတခုကိုမျှလည်း ငါ ငါ၏ ဥစ္စာဟု မစွဲလမ်း
ရဟန်းတို့-ဤသို့လျှင် ယောဂီသည် ဝေဒနာတို့၌ အကြိမ်
ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏ "
လို့ ဘုရားရှင်ဟောတော်မူတယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment