Thursday, June 15, 2017

ပါဏာတိပါတကံ၌ အင်္ဂါငါးပါးရှိရာ အင်္ဂါတစ်ပါးပါးချို့တဲ့
လျက် သတ္တဝါသေသော် ပဝတ္တိအကျိုး ပဋိသန္ဓေအကျိုး
ပေးနိုင်မပေးနိုင် မေးလျှောက်သော စာလွှာပါ ဘုရား...။

ပါဏာတိပါတကံမှာ အင်္ဂါငါးပါးရှိပါတယ်၊
(၁) သတ္တဝါဖြစ်ရမယ်
(၂) သတ္တဝါမှန်းသိရမယ်
(၃) သတ်လိုသောစိတ် စေတနာရှိရမယ်
(၄) လုံးလပြုရမယ်
(၅)ထိုလုံ့လကြောင့် သေရမယ်

တစ်ပါးချို့တဲ့ပါလျက် သတ္တဝါသေသွားသော် ကမ္မပထအင်္ဂါ
မမြောက်လို့ အပါယ်ပဋိသန္ဓေတော့ မပေးဘူး၊ သို့သော်
ယခု ပဝတ္တိအခါမှာ အဖမ်းအဆီးခံရခြင်း၊ အရိုက်အနှက်ခံ
ရခြင်း၊ ဒဏ်ငွေအတပ်ခံရခြင်း စတဲ့ လောကီကျိုးများတော့
ပေးတတ်တယ်ကွယ့်

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment