ဘုရားဖြစ်သည်ကပြီး၄၅ နှစ်ကြာအောင်
မနေမနား တရားဟောပြတော်မူခဲ့သော်လည်း
သာသနာတော်ဟာ မပျံ့နှံ့သေးဘူး
ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ် အတော်များများ
ကျန်နေသေးတယ်၊
ဒါကြောင့် ငါ ပရိနိဗ္ဗာန်ဝင်စံပြီးသည့်နောက်
ငါ့ရဲ့ခန္ဓာတော်ဟာ ဓာတ်တော်အစိပ်စိပ်ဖြစ်ပြီး
ငါ့ရဲ့သာသနာတော် မကွယ်သမျှ လူနတ်ဗြဟ္မာ
သတ္တဝါတို့ရဲ့ ကိုးကွယ်ရာ ဖြစ်ပါစေ လို့
အဓိဋ္ဌာန်တော်မူတယ်၊
အဲသည် အဓိဋ္ဌာန်ကြောင့်
မုန့်ညင်းစေ့မျှရှိ၍မြတ်လေးငုံအဆင်းရှိတဲ့
အငယ်စားဓာတ်တော်ခြောက်ပြည်သား၊
ဆန်ကျိုးခန့်ပမာရှိ၍ ပုလဲအဆင်းရှိသော
အလတ်စားဓာတ်တော် ငါးပြည်သား၊
ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းရှိသော
အကြီးစားဓာတ်တော် ငါးပြည်သား၊
ပေါင်းဓာတ်တော် ၁၆ ပြည်သား ကျန်ရစ်တော်မူ
တယ်။ (သုတ်မဟာဝါ အဋ္ဌကထာ)
ဘုရားရှင်ရဲ့ဓာတ်တော်များဟာ အဓိဋ္ဌာန်တော်
အတိုင်း ကိုးကွယ်မည့်သူရှိရာ ဌာနလှည့်လည်ပြီး
သာသနာတော် မကွယ်သမျှ ကာလပတ်လုံး
တည်တော်မူနေကြမယ်၊ သာသနာတော်ကွယ်လို့
ကိုးကွယ်မည့်သူမရှိတဲ့အခါမှာ ဓာတ်တော်အားလုံး
ဓာတုပရိနိဗ္ဗာန် ဝင်စံတော်မူကြမယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment