Sunday, June 25, 2017

ဒေ၀ဒတ် တောင်းဆိုချက် ငါးပါး
----------------------------------
(၁)ရဟန်းတော်အားလုံး အသက်ထက်ဆုံးတောကျောင်း
မှာနေကြပါစေ၊ ရွာဦးကျောင်းမှာနေတဲ့ ရဟန်း အာပတ်
သင့်စေ။
(၂)ရဟန်းတော်အားလုံး တစ်သက်လုံး ဆွမ်းခံစားကြပါ
စေ၊ ဒကာလှူသောဆွမ်း စားသောရဟန်း အာပတ်သင့်
စေ။
(၃)ရဟန်းတော်အားလုံး အသက်ဆုံးသည်အထိ ပံ့သကူ
သင်္ကန်းကို ဝတ်ကြပါစေ၊ ဒကာလှူတဲ့ သင်္ကန်းဝတ်တဲ့
ရဟန်း အာပတ်သင့်ပါစေ။
(၄)ရဟန်းတော်အားလုံး အသက်ဆုံးသည့်တိုင်အောင်
သစ်ပင်ရင်းမှာနေကြပါစေ၊ အမိုးရှိသောကျောင်းမှာ
နေသော ရဟန်း အာပတ်သင့်ပါစေ။
(၅)ရဟန်းတော်အားလုံး အသက်ထက်ဆုံး သက်သတ်
လွတ်သာစားပါစေ၊ ငါးအမဲစသော အသားစားသော
ရဟန်း အာပတ်သင့်ပါစေလို့ အချက်ကြီး ငါးချက်ကို
တောင်းဆိုခဲ့တယ်။
ဒီအခါ ဘုရားရှင်က ဒေဝဒတ် သင် လျှောက်ထားတဲ့
အချက်အားလုံးဟာ မသင့်လျှော်ဘူး။
(၁) ရဟန်းတော်အားလုံး သူတို့အလိုအတိုင်း တော
ကျောင်းမှာဖြစ်စေ၊ ရွာကျောင်းမှာဖြစ်စေ နေကြပါစေ။
(၂)ရဟန်းတော်အားလုံး သူတို့သဘောအတိုင်း ဆွမ်းခံ
စားချင်စားကြပါစေ၊ ဒကာလှူသော ဆွမ်းကို စားချင်
လည်းစားကြပါစေ။
(၃)ရဟန်းတော်အားလုံး ပံ့သကူ ဆောင်လိုက ဆောင်
ကြပါစေ၊ ဒကာများလှူသော သင်္ကန်းကို ဝတ်ချင်​လည်း
ဝတ်ကြပါစေ။
(၄) ရဟန်းတော်အားလုံး နေလိုပါက ရှစ်လတို့ပတ်လုံး
သစ်ပင်ရင်းမှာနေခွင့်ပြုပြီးဖြစ်တယ်။
(၅) မြင်ခြင်း၊ ကြားခြင်း ၊ ယုံးမှားခြင်း အစွန်း ၃ ပါးက
က ကင်းလွတ်တဲ့ ငါးအမဲ စသည်ကို စားသောက်ကြရန်
ငါ ခွင့်ပြုပြီးဖြစ်တယ် လို့ မိန့်တော်မူပြီး ဒေ၀ဒတ်
ရဲ့ တောင်းဆိုချက်များကို ပယ်ချခဲ့တယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment