-----------------------
ဒီနေရာမှာ သတိပြုရမှာက အကျိုးပေးလှည့် အစဉ်ဆိုတဲ့
ကံလေးမျိုးပဲ၊ အကျိုးပေးလှည့်အစဉ် ဆိုတာကို သင်္ဂြိုလ်ဘုံပိုင်းမှာ
(ပါကဒါန ပရိယာယ )လို့ ဖော်ပြထားတယ်၊ နောက်ဘဝမှာ ဧကန်
အကျိုးပေးမည့် ကံလေးမျိုးအစဉ်လို့ ဆိုလိုတယ်၊ ကံလေးမျိုး အစဉ်
က (၁) ဂရုကံ (၂ ) အာသန္နကံ (၃) အာစိဏ္ဏကံ (၄) ကဋတ္တာကံ
တို့ ဖြစ်ကြတယ်။
(၁) ဂရုကံ ဆိုတာ အလွန်ကြီးလေးတဲ့ အနန္တရိယကံမျိုး ဖြစ်တယ်
(၂) အာသန္နကံဆိုတာ သေခါနီးပြုအပ် အောက်မေ့အပ်တဲ့ ကံမျိုး
ဖြစ်တယ်၊
(၃) အာစိဏ္ဏကံဆိုတာ နေ့စဉ်မပြတ် ပြုလုပ်အပ်တဲ့ ကံမျိုးဖြစ်တယ်၊
(၄)ကဋတ္တာကံဆိုတာ သာမန်ပြုအပ်တဲ့ ကံမျိုးဖြစ်တယ်၊
သတ္တဝါ တစ်ဦးရဲ့ သန္တာန်မှာ ဂရုကံ ရှိနေလျှင် ဂရုကံ ကဒုတိယဘဝ
အကျိုးပေးတယ်၊ ဂရုကံမရှိဘဲ အာသန္နကံရှိနေလျှင် အာသန္နကံက
ဒုတိယဘဝအကျိုးပေးတယ်၊ ထိုကံများမရှိဘဲ အာစိဏ္ဏကံ ရှိနေလျှင်
အာစိဏ္ဏကံက ဒုတိယဘဝ အကျိုးပေးတယ်၊ ဒီကံလေးမျိုးအနက်
အကုသိုလ် ဂရုကံဟာ သုဂတိဘဝမျှကိုသာ တားဆီးတတ်တာ
မဟုတ်ဘူး၊ ယခုဘဝ ရရှိမည့် ဈာန်တရား၊ မဂ်တရား ၊ ဖိုလ်တရား
များကိုလည်း တားဆီးတယ်၊ ဒါကြောင့် အကြင်ပုဂ္ဂိုလ်များမှာ
အကုသိုလ် ဂရုကံရှိနေလျှင် ဘယ်လောက်ကြီးကျယ်တဲ့ ကုသိုလ်
တရားတွေကိုပင် ပြုလုပ်စေကာမူ အပါယ်ကျမှာသေချာတယ်၊ယခု
ဘဝမှာလည်း ဘယ်လောက် သမထတရား အားထုတ်သော်လည်း
ဈာန်ရဖို့ မရှိဘူး၊ ဝိပဿနာအလုပ် မည်မျှ ကြိုးကုတ်သော်လည်း
မဂ် ဖိုလ် ရဖို့မရှိဘူး။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment