Friday, June 30, 2017

အရေခွာထားတဲ့ နွားမဟာ နံရံကိုမှီနေခဲ့လျှင်
နံရံမှာရှိနေတဲ့ သတ္တဝါတွေက ကိုက်ခဲကြတယ်၊
သစ်ပင်ကိုမှီနေလျှင် သစ်ပင်မှာရှိတဲ့ သတ္တဝါတွေက
ကိုက်ခဲကြတယ်၊
ရေထဲစိမ်နေလျှင် ရေထဲက သတ္တဝါတွေက
ကိုက်ခဲကြတယ်၊
လဟာပြင်မှာနေလျှင် လဟာပြင်မှာရှိနေတဲ့
သတ္တဝါတွေက ကိုက်ခဲကြတယ်၊
ဘယ်အရပ်မှာပင်နေနေ နေရာအရပ်ရှိ
သတ္တဝါတွေက နွားမကို ကိုက်ခဲကြတယ်၊
အဲဒီဥပမာအတိုင်း သောင်းကျန်းမှု
ကိလေသာအမျိုးမျိုး၊ ဆင်းရဲမှုအမျိုးမျိုးတို့ဟာ
ဖဿကိုစွဲမှီပြီးဖြစ်ကြတယ်၊
အကယ်၍ သတ္တဝါများမှာ ဖဿမရှိခဲ့လျှင်
ငရဲမီးလောင်သည့်တိုင်အောင် ပူတဲ့ဒုက္ခကို
မသိနိုင်ဘူး၊ ဖဿရှိတဲ့အတွက်ကြောင့်
ဆင်းရဲခြင်းအမျိုးမျိုး၊ ကိလေသာအမျိုးမျိုး
ဖြစ်ကြရတယ်၊
ဒီဖဿဟာရကို ပရိညာသုံးပါးဖြင့် ပိုင်းခြားသိခဲ့လျှင်
နိဗ္ဗာန်ချမ်းသာကို ဧကန်ဆိုက်ရောက်နိုင်တယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment