---------------------------------
ရဟန်းတော်များသည် ကခြင်း၊ သီခြင်း၊တီးမှုတ်ခြင်း၊ ကြည့်ရှု
နားထောင်ခြင်းမပြုအပ်ပါ၊ လူကိုယ်တိုင်ကခြင်း၊ သီခြင်း၊
တီးမှုတ်ခြင်း မဟုတ်သော ကက်ဆက်၊ ဗွီဒီယို၊ တယ်လီဗေးရှင်း
တို့ကို ကျောင်းတိုက်၌ နားထောင်ကြည့်ရှုသော် အပ် မအပ်
မေးလျှောက်သောစာဖြစ်ပါတယ်ဘုရား....
----------------------------------------------
လောကမှာ ကျားတစ်ကောင်ဆိုးသွမ်းလာခဲ့လျှင် အားလုံးလူ
တွေက ဆိုးသွမ်းတဲ့ကျားတစ်ကောင်တည်းကို ကွက်မကြည့်ဘူး
အားလုံးကျားမှန်သမျှ ဆိုးတယ်၊ ကျားမှန်တမျှ သုတ်သင်ရမယ်
လို့ လူဆကြတယ်
အဲဒီ ဥပမာအတိုင်းပဲ သာသနာ တော်အတွင်းသားဖြစ်တဲ့
ရဟန်းတစ်ပါးအကျင့်ပျက်ခဲ့လျှင် ဒါယကာတွေက အကျင့်ပျက်
တဲ့ရဟန်း တစ်ပါးတည်းကွက်မကြည့်ဘူး၊ သင်္ကန်းဝတ်မှန်သမျှ
ဒီလိုချည်းပဲလို့ ယူဆတတ်ကြတယ်။
အဲဒီလို ဒါယကာတွေက ယူဆလာခဲ့လျှင် သာသနာတော်ကို
အထောက်အပံ့ပေးမည့် ပုဂ္ဂိုလ်ကင်းတဲ့အတွက် သာသနာတော်
ကြီး မကြာမီ ကျဆုံးရတတ်တယ်၊ ဒါကြောင့် ဘုရားရှင်ရဲ့ပညတ်
တော်သိက္ခာပုဒ်တွေဟာ ဒကာ၊ ဒကာမတို့ရဲ့ ကြည်ညိုလေးစား
မှုကို အဓိကထားပြီး ပညတ်တော်မူရခြင်းဖြစ်တယ်၊သိက္ခာပုဒ်
ပညတ်တဲ့အကြောင်းပြောပြီးလို့ ရဟန်းသာမဏေ ပွဲကြည့်တဲ့
ဘက်ကိုလှည့်ကြည့်ကြဦးစို့၊
ကပွဲ၊ ဆိုပွဲ ၊ တီးမှုတ်ပွဲတွေဟာ
ကမ္ဘာဦးကစပြီး ရှိနေကြတာတွေပဲ၊ အက၊ အဆို၊ အတီးဟာ၊
ဝမ်းတွင်းပါ ဝါသနာလို့ဆိုတယ်၊ လူတစ်ယောက်မွေးလာလို့
တစ်လသား၊ နှစ်လသားအရွယ်ရောက်ခဲ့လျှင် အဆို၊ အကကို
နှစ်သက်လာခဲ့ပြီကွယ့်၊ဒါကြောင့် အမေက တေးဆိုပြီးချော့ရတာ
ပေါ့၊ ကလေးလက်ကိုကိုင်ပေးပြီး တေးဆိုဆို ချိုပေးရင်း ကလေး
ဟာလက်ကလေးကိုဖြန့်ပြီး ကဟန်ပြတတ်လာပြီလေ။
သဘင်အတတ်ဟာ မွေးရာပါ ဝါသနာအတတ်မို့
ပုတုဇဉ်မှန်သမျှ နှစ်သက်တာချည်းပါပဲ။
ဒါကြောင့် အက၊ အဆို၊ အတီး၊ သဘင်အတတ်ကို လူတိုင်း
နှစ်သက်ကြတယ်၊ ကမ္ဘာဦးကစပြီး ကမ္ဘာပျက်သည်အထိ
သူ့အမျိုး၊ သူ့ဘာသာ၊ သူ့နည်းသူ့ဟန်နဲ့ တီထွင် ကပြနေကြမှာ
ဖြစ်တယ်၊
ဝဇ္ဇိပုတ္တထေရ်ဟာ ပါရမီရင့်ကျက်တဲ့ ပုဂ္ဂိုလ်ထူးကြီး
ပါပဲ၊ သို့သော်လည်း တီးမှုတ်သံကြားရတော့ စိတ်ဖေါက်ပြန်
တော်မူရသေးတယ်၊ ယခုခေတ် ရဟန်းသမဏေများမှာ
အဘယ်ဆိုဖွယ်ရှိပါ့မလဲ၊
သို့သော်လည်း လူတိုင်းနှစ်သက်တဲ့
ဒီကာမတရားတွေကို ဖြတ်ဖို့ဆိုပြီး သင်္ကန်းဝတ်လာကြတဲ့
ပုဂ္ဂိုလ်များအတွက်တော့ ဒီထက် တက်မက်ဖွယ်ကောင်းတဲ့
ရာဂတရားကိုတောင် တားဆီးစောင့်ရှောက်ခဲ့သေးတာပဲ၊
ဒီမျှလောက် ကာမကလေးကိုတော့ တားဆီးစောင့်ရှောက်သင့်
ကြတာပေါ့၊
အမှန်ကတော့ နစ္စ၊ ဂီတ၊ ဝါဒိတ ဆိုတဲ့ အကအဆို အတီး
သဘင်ဟာ ဒုစရိုက်တရား ဆယ်ပါးအတွင်းပါတဲ့ ဒုစရိုက်မျိုး
မဟုတ်ပါဘူး၊
ပဟာသငရဲကျတယ်ဆိုတာလည်း အလွန်ဝါသနာ
ထုံလွန်းလို့ ဖြစ်ပါတယ်၊ တစ်ခါကြည့်ရှုနားထောင်ရုံနှင့် ငရဲကြ
မယ်လျှင် ဘယ်သူမှ ငရဲက လွတ်ဖို့ မရှိပါဘူး၊
ကြည့်ရှုနားထောင်တဲ့အတွက် ရဟနးတော်များမှာ
ဒုက္ကဋ်အာပတ်သင့်တယ်၊ဒုက္ကဋ်အာပတ်ဟာ ခုဒ္ဒက အငယ်စား
မျှသာဖြစ်သော်လည်း ဒကာ၊ ဒကာမများမြင်လျှင် အကြည်ညို
ပျက်စရာဖြစ်တယ်၊
ဒါကြောင့် ရဟန်း သာမဏေများ အာရာမ်
အပမှာ ကပြတဲ့ ဇတ်၊ အငြိမ့်စတဲ့ သဘင်ပွဲများကို မကြည့်ရှု
ရဘူး၊ မိမိကိုယ်တိုင်လည်း ကခုန်၊ သီဆို၊ တီးမှုတ်ခြင်း၊ မပြုရ
ဘူး၊
သို့သော်လည်း ကျောင်းတိုက်အတွင်း ကြည့်ရှုနားထောင်
တဲ့အတွက်တော့ ဘာအာပတ်မျှ မသင့်ဘူး၊ ဒီကြောင်းကို
စူဠဝဂ်အဋ္ဌကထာမှာဖွင့်ပြထားတယ်။
အာရာမ်တွင်းမှာ လူကိုယ်တိုင် ကပြ သီဆို တီးမှုတ်တဲ့ပွဲသဘင်
ကို ကြည့်ရှုနားထောင်လို့ အာပတ်မသင့်ခဲ့သော် လူကိုယ်တိုင်
မဟုတ်တဲ့ ကက်ဆက်၊ ရေဒီယို၊ ဗွီဒီယို တယ်လီဗေးရှင်း၊ များကို
ကျောင်းတွင်းမှာ ကြည့်ရုံဖြင့် လူဒါယကာ၊ ဒါယိကာမများ
အကြည်ညိုပျက်ဖွယ် မရှိတဲ့အတွက် မအပ်ဘူးလို့ မဆိုသင့်ဘူး
ပေါ့၊
သို့သော်လည်း အတိုင်းအတာတော့ ရှိရမှာပေါ့၊ ကာမကို
အားပေးတဲ့ဇတ်လမ်းမျိုးတို့ နေ့ညမစဲ လူတသဲသဲ ပြနေတာမျိုး
ကိုတော့ အပ်တယ်လို့ မဆိုနိုင်ဘူး၊ မအပ်ဘူးလို့သာ ဖြေရမှာ
ပေါ့ကွယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment