Friday, June 30, 2017

လင်မယားနှစ်ယောက်တို့ဟာ အနည်းငယ်သော
ရိက္ခာမျှနှင့်သွားလာရန်ခက်ခဲတဲ့ ခရီးခဲကို
သွားကြသတဲ့၊ သူတို့လင်​မယားနှစ်​​ယောက်​မှာ
သားငယ်​​လေးကလည်းပါတယ်​တဲ့
သူတို့ဟာ ခရီးသွားရင်း ယူခဲ့တဲ့ရိက္ခာ ကုန်သွားသတဲ့၊
ခရီးကလည်း အဝေးကြီးကျန်သေးသတဲ့၊
ဒါကြောင့် ငါတို့ဟာ သုံးယောက်စလုံး မပျက်စီး
ရအောင် သားငယ်ကိုသတ်ပြီး သားရဲ့အသားကို
စားပြီး ခရီးကိုလွန်မြောက်သင့်တယ်လို့
တစ်ယောက်တည်းသော သားငယ်ကိုသတ်၊
အသားညှင်း အသားတုံးပြုပြီး သားချစ်ရဲ့ အသားကို
စားကြလျှက် ခရီးခဲကိုလွန်မြောက်ကြသတဲ့၊
အဲဒီ လင်မယားတို့ဟာ သားချစ်ရဲ့အသားကို
စားကြတဲ့အခါ စိတ်မချမ်းမသာ ရင်ကိုထုပြီး
စားကြရှာတယ် ၊ ဒီလို စားကြတဲ့အခါ မြူးတူးခြင်းငှာ၊
မာန်ယစ်ခြင်းငှာ၊ တန်ဆာဆင်ခြင်းငှာ၊ အပြေအပြစ်
ပြုခြင်းငှာ၊သုံးဆောင်ခြင်းမဟုတ်သလို
ကဗဠီကာရာဟာရကိုလည်း သားရဲ့အသားကို
စားသလို သဘောထားပြီး သုံးဆောင်ခဲ့လျှင်
ကာမဂုဏ်ငါးပါး၌ တပ်မက်တဲ့ကာမရာဂ ကိုပိုင်းခြားပြီး
သိနိုင်တယ်၊ ကာမရာဂကို ပိုင်းခြားသိခဲ့လျှင်
ကာမရာဂ သံယောဇဉ် က ကင်းလွတ်လို့
ဤကာမဘုံလောကကို တစ်ဖန် မလာရောက်နိုင်တဲ့
အနာဂါမ်အဖြစ်ကို ရောက်နိုင်သတဲ့ကွယ်။

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။

သံသရာမျက်ရည်(မိုးညှင်း)

No comments:

Post a Comment