မသွားရတာလဲ၊ အဲဒီအကြောင်းကိုလည်း အမိန့်ရှိပါဦးဘုရား
....................................................................
ဝိနယမဟာဝဂ် ဝဿုပနာယိကက္ခန္ဓကမှာ
ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူစဉ်ကာလက ရဟန်းတော်များကို
ဝါဆိုဝါကပ်ပညတ်တော်မမူသေးဘူးကွယ့်၊
ပညတ်ချက်မရှိသေးတော့
ရဟန်းတော်များလည်း ဆောင်း နွေ မိုးဥတု သုံးပါး
ဒေသစာရီကြွချီလှည့်လည်တော်မူနေကြတယ်၊
ဒီအခါ လူတွေက ကဲ့ရဲ့ကြသတဲ့၊
ရဟန်းတော်များဟာ ဘာကြောင့် ဆောင်း နွေ မိုး
ဥတုသုံးပါးလုံး၊ မြက် ကောက်ပဲသီးနှံပင်များကို နင်းချေဖျက်
ဆီးပြီး ခရီးသွားနေကြသလဲ၊ ဒီလိုမိုးရာသီမှာ သာသနာတော်
ပြင်ဘက်က တိတ္ထိများသော်လည်း ခရီးမသွားဘဲ တစ်နေရာ
တည်းမှာ စောင့်စည်းနေထိုင်ကြသေးတယ်၊
သည်ရဟန်းတော်များကတော့ မြက် သစ်ပင်နှင့်တကွ
များပြားလှသော ပိုးငယ်များကို နင်းချေဖျက်ဆီးပြီး ခရီးသွား
နေကြတယ်လို့ ကဲ့ရဲ့ကြတယ်၊ဒါယကာများသည်လို ကဲ့ရဲ့ကြ
တဲ့အကြောင်း ဘုရားရှင်ထံ လျှောက်ကြားကြတဲ့အတွက်
ဝါတွင်းသုံးလပတ်လုံး ဝါကပ်နေထိုင်ဖို့ ပညတ်ခြင်းဖြစ်တယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
No comments:
Post a Comment