ငွေကြေးနဲ့ ဖြေရှင်းရင်
အဆင်ပြေနိုင်ပေမယ့်
စိတ်မှာဖြစ်နေတဲ့
ဒုက္ခ ဝေဒနာ ကိုတော့
တရားနဲ့ရှင်းမှပဲ
ပြေလည်နိုင်ပါမယ်
သံသရာမျက်ရည်
အလယ်တန်းကျောင်းသားဘ၀ထဲက စပြီး သင်ယူ
လေ့လာခဲ့တဲ့ ဂီတပညာ ကိုလည်း စားဝတ်နေရေး
လုံးပန်းနေတဲ့ လက်ရှိဘ၀မှာ ကျွန်တော်
မေ့နေပါပြီ ။
အသက်မွေးဝမ်းကြောင်း ဖို့အတွက်
သင်ယူလေ့လာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းမှု
ပညာဟာလည်း ကျွန်တော် အိုမင်းမစွမ်း
ဖြစ်တဲ့အခါ မေ့ပျောက်သွားမှာ သေချာပါတယ် ။
တချိန်မှာ ပညာရပ်တွေအားလုံး ကို
ကျွန်တော်မေ့ထားခဲ့နိုင်ပါတယ်၊
ဒါပေမယ့်
ကျွန်တော် သေခါနီး အသက်ထွက်တဲ့အချိန်အထိ
မေ့ထားလို့မရ လေ့ကျင့်အားထုတ်မှုကို
ရပ်တန့်လို့မရတဲ့ အရာ တခုတော့ရှိပါတယ်
အဲဒါ ကတော့
သံသရာ ဘ၀ အဆက်ဆက်
ပါရမီ လက်ဆင့်ကမ်း သယ်သွားရမယ့်
တရား ဓမ္မ လေ့ကျင့်အားထုတ်မှုပဲ ဖြစ်ပါတယ် ။
သံသရာမျက်ရည်(မိုးညှင်း)
သံသရာမျက်ရည်(မိုးညှင်း)
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ(၅) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
တရားအလှူပေးလှူနေသူဟာ
ကိုယ့်ကိုယ်ကို ဆုံးမနေသူပါ. . . ။
သူတစ်ပါးကို တစ်ကြိမ် တစ်ခါ
ဆုံးမစကားပြောရင်
ကိုယ့်ကိုယ်ကိုအကြိမ်တစ်ရာမက
ဆုံးမစကား ပြောပြီးသား ဖြစ်နေပါတယ်. . . ။
သူတစ်ပါးကိုပြောဆိုဆုံးမနေရင်း
ကိုယ့်မှာ သံဝေဂဥာဏ်တွေ
အထွတ်အထိပ် ရောက်လာနိုင်သလို
တရားထူးတရားမြတ်တွေလည်း
ရရှိသွားနိုင်ပါတယ် . . . ။
ဒါဟာ တရားအလှူရဲ့ အဓိက အနှစ်သာရပါပဲ
တရားအလှူကြောင့် ကိုယ့်မှာ ရရှိမယ့် အဓိကအကျဆုံး
ပစ္စုပ္ပန်အကျိုးတရားပါပဲ . . . ။
အရှင်ဆန္ဒာဓိက-အနိုင်းမဲ့အလှူမှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
တရားအလှူပေးလှူနေသူဟာ
ကိုယ့်ကိုယ်ကို ဆုံးမနေသူပါ. . . ။
သူတစ်ပါးကို တစ်ကြိမ် တစ်ခါ
ဆုံးမစကားပြောရင်
ကိုယ့်ကိုယ်ကိုအကြိမ်တစ်ရာမက
ဆုံးမစကား ပြောပြီးသား ဖြစ်နေပါတယ်. . . ။
သူတစ်ပါးကိုပြောဆိုဆုံးမနေရင်း
ကိုယ့်မှာ သံဝေဂဥာဏ်တွေ
အထွတ်အထိပ် ရောက်လာနိုင်သလို
တရားထူးတရားမြတ်တွေလည်း
ရရှိသွားနိုင်ပါတယ် . . . ။
ဒါဟာ တရားအလှူရဲ့ အဓိက အနှစ်သာရပါပဲ
တရားအလှူကြောင့် ကိုယ့်မှာ ရရှိမယ့် အဓိကအကျဆုံး
ပစ္စုပ္ပန်အကျိုးတရားပါပဲ . . . ။
အရှင်ဆန္ဒာဓိက-အနိုင်းမဲ့အလှူမှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
သံသရာမျက်ရည်(မိုးညှင်း)
ပါဏာတိပါတကံမှာ အင်္ဂါငါးပါးရှိပါတယ်၊
(၁) သတ္တဝါဖြစ်ရမယ်
(၂) သတ္တဝါမှန်းသိရမယ်
(၃) သတ်လိုသောစိတ် စေတနာရှိရမယ်
(၄) လုံးလပြုရမယ်
(၅)ထိုလုံ့လကြောင့် သေရမယ်
တစ်ပါးချို့တဲ့ပါလျက် သတ္တဝါသေသွားသော် ကမ္မပထအင်္ဂါ
မမြောက်လို့ အပါယ်ပဋိသန္ဓေတော့ မပေးဘူး၊ သို့သော်
ယခု ပဝတ္တိအခါမှာ အဖမ်းအဆီးခံရခြင်း၊ အရိုက်အနှက်ခံ
ရခြင်း၊ ဒဏ်ငွေအတပ်ခံရခြင်း စတဲ့ လောကီကျိုးများတော့
ပေးတတ်တယ်ကွယ့်
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ယောဂီသည် သုခဝေဒနာကို ခံစားလျှင်လည်း
သုခဝေဒနာ ကိုခံစားသည်ဟု သိ၏။
ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို
ခံစားသည်ဟုသိ၏။
ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ဥပေက္ခာဝေဒနာကို
ခံစားသည်ဟု သိ၏။
ကာမဂုဏ်နှင့်စပ်သော သုခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။
ကာမဂုဏ်နှင့်စပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။
ကာမဂုဏ်နှင့်စပ်သောဥပေက္ခာဝေဒနာကိုခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို
ခံစားလျှင်လည်း၊ ခံစားသည်ဟုသိ၏။
ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ် ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။
သူတပါးတို့၏ ဝေဒနာကိုတို့၌မူလည်း အကြိမ်ကြိမ်ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။
မိမိ၊ သူတစ်ပါးတို့၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ်
ရှုလေ့ရှိသည် ရှိသည်ဖြစ်၍နေ၏
ဝေဒနာတို့၏ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာတို့၏ ပျက်ကြောင်းတရားနှင့်ပျက်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာတို့၏ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့်
ဖြစ်ခြင်း ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်
ဖြစ်၍ နေ၏။
ထို့ပြင် ဝေဒနာသည်သာလျှင် ရှိ၏ဟု သတိသည်
ရှေးဆောာင်၏၊ ထိုသတိသည် အဆင့်ဆင့် ဥာဏ် တိုးပွား
ခြင်းငှာ ဖြစ်၏၊
တဏှာ၊ ဒိဋ္ဌိ တို့ဖြင့် မငြိမတွယ်မူ၍
လောက၌ တစ်စုံတခုကိုမျှလည်း ငါ ငါ၏ ဥစ္စာဟု မစွဲလမ်း
ရဟန်းတို့-ဤသို့လျှင် ယောဂီသည် ဝေဒနာတို့၌ အကြိမ်
ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏ "
လို့ ဘုရားရှင်ဟောတော်မူတယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ တို့၌
အမှန်တကယ်ရှိကြသော စိတ်၊ စေတသိက်၊
ရုပ်(ဝါ) နာမ်ရုပ် ၂ ပါး တို့ကို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုမြင်တတ်သော
ဥာဏ်ပညာကို ဝိပဿ နာ ဟုခေါ်ဆိုကြောင်း
အဘိဓမ္မာသင်္ဂြိုလ်တွင် ဖော်ပြထားပါသည်။
ဒေါက်တာမင်းတင်မွန်၊ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
အဲဒီ ဥပမာအတိုင်းပဲ သာသနာ တော်အတွင်းသားဖြစ်တဲ့
ရဟန်းတစ်ပါးအကျင့်ပျက်ခဲ့လျှင် ဒါယကာတွေက အကျင့်ပျက်
တဲ့ရဟန်း တစ်ပါးတည်းကွက်မကြည့်ဘူး၊ သင်္ကန်းဝတ်မှန်သမျှ
ဒီလိုချည်းပဲလို့ ယူဆတတ်ကြတယ်။
အဲဒီလို ဒါယကာတွေက ယူဆလာခဲ့လျှင် သာသနာတော်ကို
အထောက်အပံ့ပေးမည့် ပုဂ္ဂိုလ်ကင်းတဲ့အတွက် သာသနာတော်
ကြီး မကြာမီ ကျဆုံးရတတ်တယ်၊ ဒါကြောင့် ဘုရားရှင်ရဲ့ပညတ်
တော်သိက္ခာပုဒ်တွေဟာ ဒကာ၊ ဒကာမတို့ရဲ့ ကြည်ညိုလေးစား
မှုကို အဓိကထားပြီး ပညတ်တော်မူရခြင်းဖြစ်တယ်၊သိက္ခာပုဒ်
ပညတ်တဲ့အကြောင်းပြောပြီးလို့ ရဟန်းသာမဏေ ပွဲကြည့်တဲ့
ဘက်ကိုလှည့်ကြည့်ကြဦးစို့၊
ကပွဲ၊ ဆိုပွဲ ၊ တီးမှုတ်ပွဲတွေဟာ
ကမ္ဘာဦးကစပြီး ရှိနေကြတာတွေပဲ၊ အက၊ အဆို၊ အတီးဟာ၊
ဝမ်းတွင်းပါ ဝါသနာလို့ဆိုတယ်၊ လူတစ်ယောက်မွေးလာလို့
တစ်လသား၊ နှစ်လသားအရွယ်ရောက်ခဲ့လျှင် အဆို၊ အကကို
နှစ်သက်လာခဲ့ပြီကွယ့်၊ဒါကြောင့် အမေက တေးဆိုပြီးချော့ရတာ
ပေါ့၊ ကလေးလက်ကိုကိုင်ပေးပြီး တေးဆိုဆို ချိုပေးရင်း ကလေး
ဟာလက်ကလေးကိုဖြန့်ပြီး ကဟန်ပြတတ်လာပြီလေ။
သဘင်အတတ်ဟာ မွေးရာပါ ဝါသနာအတတ်မို့
ပုတုဇဉ်မှန်သမျှ နှစ်သက်တာချည်းပါပဲ။
ဒါကြောင့် အက၊ အဆို၊ အတီး၊ သဘင်အတတ်ကို လူတိုင်း
နှစ်သက်ကြတယ်၊ ကမ္ဘာဦးကစပြီး ကမ္ဘာပျက်သည်အထိ
သူ့အမျိုး၊ သူ့ဘာသာ၊ သူ့နည်းသူ့ဟန်နဲ့ တီထွင် ကပြနေကြမှာ
ဖြစ်တယ်၊
ဝဇ္ဇိပုတ္တထေရ်ဟာ ပါရမီရင့်ကျက်တဲ့ ပုဂ္ဂိုလ်ထူးကြီး
ပါပဲ၊ သို့သော်လည်း တီးမှုတ်သံကြားရတော့ စိတ်ဖေါက်ပြန်
တော်မူရသေးတယ်၊ ယခုခေတ် ရဟန်းသမဏေများမှာ
အဘယ်ဆိုဖွယ်ရှိပါ့မလဲ၊
သို့သော်လည်း လူတိုင်းနှစ်သက်တဲ့
ဒီကာမတရားတွေကို ဖြတ်ဖို့ဆိုပြီး သင်္ကန်းဝတ်လာကြတဲ့
ပုဂ္ဂိုလ်များအတွက်တော့ ဒီထက် တက်မက်ဖွယ်ကောင်းတဲ့
ရာဂတရားကိုတောင် တားဆီးစောင့်ရှောက်ခဲ့သေးတာပဲ၊
ဒီမျှလောက် ကာမကလေးကိုတော့ တားဆီးစောင့်ရှောက်သင့်
ကြတာပေါ့၊
အမှန်ကတော့ နစ္စ၊ ဂီတ၊ ဝါဒိတ ဆိုတဲ့ အကအဆို အတီး
သဘင်ဟာ ဒုစရိုက်တရား ဆယ်ပါးအတွင်းပါတဲ့ ဒုစရိုက်မျိုး
မဟုတ်ပါဘူး၊
ပဟာသငရဲကျတယ်ဆိုတာလည်း အလွန်ဝါသနာ
ထုံလွန်းလို့ ဖြစ်ပါတယ်၊ တစ်ခါကြည့်ရှုနားထောင်ရုံနှင့် ငရဲကြ
မယ်လျှင် ဘယ်သူမှ ငရဲက လွတ်ဖို့ မရှိပါဘူး၊
ကြည့်ရှုနားထောင်တဲ့အတွက် ရဟနးတော်များမှာ
ဒုက္ကဋ်အာပတ်သင့်တယ်၊ဒုက္ကဋ်အာပတ်ဟာ ခုဒ္ဒက အငယ်စား
မျှသာဖြစ်သော်လည်း ဒကာ၊ ဒကာမများမြင်လျှင် အကြည်ညို
ပျက်စရာဖြစ်တယ်၊
ဒါကြောင့် ရဟန်း သာမဏေများ အာရာမ်
အပမှာ ကပြတဲ့ ဇတ်၊ အငြိမ့်စတဲ့ သဘင်ပွဲများကို မကြည့်ရှု
ရဘူး၊ မိမိကိုယ်တိုင်လည်း ကခုန်၊ သီဆို၊ တီးမှုတ်ခြင်း၊ မပြုရ
ဘူး၊
သို့သော်လည်း ကျောင်းတိုက်အတွင်း ကြည့်ရှုနားထောင်
တဲ့အတွက်တော့ ဘာအာပတ်မျှ မသင့်ဘူး၊ ဒီကြောင်းကို
စူဠဝဂ်အဋ္ဌကထာမှာဖွင့်ပြထားတယ်။
အာရာမ်တွင်းမှာ လူကိုယ်တိုင် ကပြ သီဆို တီးမှုတ်တဲ့ပွဲသဘင်
ကို ကြည့်ရှုနားထောင်လို့ အာပတ်မသင့်ခဲ့သော် လူကိုယ်တိုင်
မဟုတ်တဲ့ ကက်ဆက်၊ ရေဒီယို၊ ဗွီဒီယို တယ်လီဗေးရှင်း၊ များကို
ကျောင်းတွင်းမှာ ကြည့်ရုံဖြင့် လူဒါယကာ၊ ဒါယိကာမများ
အကြည်ညိုပျက်ဖွယ် မရှိတဲ့အတွက် မအပ်ဘူးလို့ မဆိုသင့်ဘူး
ပေါ့၊
သို့သော်လည်း အတိုင်းအတာတော့ ရှိရမှာပေါ့၊ ကာမကို
အားပေးတဲ့ဇတ်လမ်းမျိုးတို့ နေ့ညမစဲ လူတသဲသဲ ပြနေတာမျိုး
ကိုတော့ အပ်တယ်လို့ မဆိုနိုင်ဘူး၊ မအပ်ဘူးလို့သာ ဖြေရမှာ
ပေါ့ကွယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ကုသိုလ်တရား အကုသိုလ်တရားသည် တရားနှစ်ပါးတို့ဟာ
တူညီသောအကျိုးပေးခြင်းမရှိဘူးတဲ့၊
အဓိပ္ပါယ်က ကုသိုလ်ကံကကောင်းကျိုးကိုပေးတယ်၊
အကုသိုလ်ကံက မကောင်းကျိုးကိုပေးတယ်၊
အကျိုးပေးခြင်းမတူလို့ ဆိုလိုတယ်။ အကျိုးပေးမတူ
ရုံမျှသာမဟုတ်ဘူး၊ ပြိုင်တူလဲ အကျိုးမပေးနိုင်ဘူး။
ကုသိုလ်ကံအကျိုးပေးခိုက် အကုသိုလ်ကံက
အကျိုးမပေးနိုင်ဘူး၊
အကုသိုလ်ကံ က အကျိုးပေးခိုက် ကုသိုလ်ကံက
အကျိုးမပေးနိုင်ဘူး၊
တစ်မျိုးတစ်မျိုးစီသာ အကျိုးပေးနိုင်တယ်၊
ဘာကြောင့်ပြိုင်တူ အကျိုးမပေးနိုင်တာလဲဆိုတော့ ကံတရား
အားထုတ်စဉ်ကာလ ကုသိုလ်နှင့်အကုသိုလ်ကံကို ပြိုင်တူပြု
လုပ်လို့ မဖြစ်တဲ့ အတွက်ကြောင့်ပါပဲ၊
စိတ်ဖြစ်မှုက အလွန်လျင်မြန်တယ်၊ စိတ်တခုပြီးမှ
တစ်ခု ဖြစ်တယ်၊ စိတ်နှစ်ခုပြိုင်တူမဖြစ်နိုင်ဘူး၊
ဒါကြောင့် ကုသိုလ်ကံနှင့် အကုသိုလ်ကံဟာ
ပြိုင်တူမဖြစ်ဘူး။
သူ့အသက်သတ်တာက တစ်ကာလ ၊ ဒီတစ်ကာလက
အကုသိုလ်ဖြစ်တဲ့ကာလ၊
အလှူပေးတာက တစ်ကာလ၊ အဲဒီတစ်ကာလက ကုသိုလ်
ဖြစ်တဲ့ကာလ၊
ဒီကာလနှစ်ပါးကို တစ်ကာလတည်း ရောလို့ မရသလို
တစ်ကာလစီမှာဖြစ်တဲ့ ကုသိုလ်နှင့် အကုသိုလ်ကိုလည်း
ရောလို့မရဘူး၊
ဒါကြောင့် သူ့အသက်သတ်မှု ပါဏာတိပါတ အကုသိုလ်ကံ
ကြောင့် မကောင်းကျိုးကို ခံစားရမယ်၊
အလှူပေးတဲ့ ဒါနကုသိုလ်ကံကြောင့် ကောင်းကျိုးခံစားရ
လိမ့်မယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
အရှင်ဘုရား
"အဘယ်သူသည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်
တရားကို တိုးပွားနေပါသလဲ"
"အဘယ်သူတို့ဟာ တရား၌တည်ပါကုန်သလဲ"
"အဘယ်သူတို့ဟာ ဝတ်အကျင့်နှင့် ပြည့်စုံကြပါသလဲ"
"အဘယ်သူဟာ သေပြီးနောက် နတ်ပြည်ရောက်နိုင်ပါသလဲ" တဲ့
နတ်သားမေးတဲ့ ပြဿနာက လေးချက်ရှိတယ်၊ အဲဒီ ပုစ္ဆာ ၄- ချက်ကို
ဘုရားရှင်က တစ်ချက်တည်းနှင့် အဖြေပေးတော်မူလိုက်တယ်၊
ဘုရားရှင်ပေးတဲ့ အဖြေက-
- အကြင်သူဟာ အများ စိတ်ပျော်ရွှင်စေဖို့ သစ်သီးဥယျာဉ်၊
ပန်းဥယျာဉ်တို့ကိုစိုက်ပျိုးတယ်၊
- အရိပ်ခိုနားနေဖို့ ညောင်ပင်၊ ကုက္ကိုပင်စတဲ့ တောသစ်ပင်များကို
စိုက်ပျိုးတယ်၊
- လူအများသွားလာလွယ်ကူအောင်တံတားခင်းတယ်၊
- ခရီးသွားများသောက်သုံးဖို့ ရေအိုးစင်တည်တယ်၊
- ရေတွင်းရေကန်တူးတယ်၊
- ခရီးသွားအများရပ်နားဖို့ ဇရပ်တို့ ကျောင်းတို့ဆောက်လုပ်တယ်၊
အဲဒီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ နေ့ရောညဥ့်ပါ
ကုသိုလ်တရားတိုးပွားတယ်၊
အဲဒီ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တရားတည်တယ်၊
အဲဒီပုဂ္ဂိုလ်ဟာ ဝတ်အကျင့်နှင့် ပြည့်စုံသူ ဖြစ်တယ်၊
အဲဒီ ပုဂ္ဂိုလ် ကွယ်လွန်လျှင် နတ်ပြည်ရောက်တယ် လို့
သဂါထာဝဂ္ဂသံယုတ်၊ အာစိတ္တဝဂ်၊ ဝနရောပသုတ်မှာ
ဘုရားရှင်ဟောတောမူတယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ယောဂီသည် သုခဝေဒနာကို ခံစားလျှင်လည်း
သုခဝေဒနာ ကိုခံစားသည်ဟု သိ၏။
ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို
ခံစားသည်ဟုသိ၏။
ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ဥပေက္ခာဝေဒနာကို
ခံစားသည်ဟု သိ၏။
ကာမဂုဏ်နှင့်စပ်သော သုခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။
ကာမဂုဏ်နှင့်စပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်
လည်း၊ခံစားသည်ဟုသိ၏။
ကာမဂုဏ်နှင့်စပ်သောဥပေက္ခာဝေဒနာကိုခံစားလျှင်လည်း၊
(ပ) ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို
ခံစားလျှင်လည်း၊ ခံစားသည်ဟုသိ၏။
ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ် ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။
သူတပါးတို့၏ ဝေဒနာကိုတို့၌မူလည်း အကြိမ်ကြိမ်ရှုလေ့ရှိ
သည်ဖြစ်၍ နေ၏။
မိမိ၊ သူတစ်ပါးတို့၏ ဝေဒနာတို့၌မူလည်း အကြိမ်ကြိမ်
ရှုလေ့ရှိသည် ရှိသည်ဖြစ်၍နေ၏
ဝေဒနာတို့၏ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာတို့၏ ပျက်ကြောင်းတရားနှင့်ပျက်ခြင်းသဘောကို
အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာတို့၏ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့်
ဖြစ်ခြင်း ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိသည်
ဖြစ်၍ နေ၏။
ထို့ပြင် ဝေဒနာသည်သာလျှင် ရှိ၏ဟု သတိသည်
ရှေးဆောာင်၏၊ ထိုသတိသည် အဆင့်ဆင့် ဥာဏ် တိုးပွား
ခြင်းငှာ ဖြစ်၏၊
တဏှာ၊ ဒိဋ္ဌိ တို့ဖြင့် မငြိမတွယ်မူ၍
လောက၌ တစ်စုံတခုကိုမျှလည်း ငါ ငါ၏ ဥစ္စာဟု မစွဲလမ်း
ရဟန်းတို့-ဤသို့လျှင် ယောဂီသည် ဝေဒနာတို့၌ အကြိမ်
ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏ "
လို့ ဘုရားရှင်ဟောတော်မူတယ်။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
(၁) ဂရုကံ ဆိုတာ အလွန်ကြီးလေးတဲ့ အနန္တရိယကံမျိုး ဖြစ်တယ်
(၂) အာသန္နကံဆိုတာ သေခါနီးပြုအပ် အောက်မေ့အပ်တဲ့ ကံမျိုး
ဖြစ်တယ်၊
(၃) အာစိဏ္ဏကံဆိုတာ နေ့စဉ်မပြတ် ပြုလုပ်အပ်တဲ့ ကံမျိုးဖြစ်တယ်၊
(၄)ကဋတ္တာကံဆိုတာ သာမန်ပြုအပ်တဲ့ ကံမျိုးဖြစ်တယ်၊
သတ္တဝါ တစ်ဦးရဲ့ သန္တာန်မှာ ဂရုကံ ရှိနေလျှင် ဂရုကံ ကဒုတိယဘဝ
အကျိုးပေးတယ်၊ ဂရုကံမရှိဘဲ အာသန္နကံရှိနေလျှင် အာသန္နကံက
ဒုတိယဘဝအကျိုးပေးတယ်၊ ထိုကံများမရှိဘဲ အာစိဏ္ဏကံ ရှိနေလျှင်
အာစိဏ္ဏကံက ဒုတိယဘဝ အကျိုးပေးတယ်၊ ဒီကံလေးမျိုးအနက်
အကုသိုလ် ဂရုကံဟာ သုဂတိဘဝမျှကိုသာ တားဆီးတတ်တာ
မဟုတ်ဘူး၊ ယခုဘဝ ရရှိမည့် ဈာန်တရား၊ မဂ်တရား ၊ ဖိုလ်တရား
များကိုလည်း တားဆီးတယ်၊ ဒါကြောင့် အကြင်ပုဂ္ဂိုလ်များမှာ
အကုသိုလ် ဂရုကံရှိနေလျှင် ဘယ်လောက်ကြီးကျယ်တဲ့ ကုသိုလ်
တရားတွေကိုပင် ပြုလုပ်စေကာမူ အပါယ်ကျမှာသေချာတယ်၊ယခု
ဘဝမှာလည်း ဘယ်လောက် သမထတရား အားထုတ်သော်လည်း
ဈာန်ရဖို့ မရှိဘူး၊ ဝိပဿနာအလုပ် မည်မျှ ကြိုးကုတ်သော်လည်း
မဂ် ဖိုလ် ရဖို့မရှိဘူး။
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ဒေါက်တာမင်းတင်မွန်-အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင်မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၄) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
"အရှင်ဘုရား . . . ပညာသည်ကား အဘယ်ကို ရောက်
သွားပါသနည်း"
"မင်းမြတ် . . ပညာသည်ကား သိစရာရှိသည်ကို
သိအောင်ပြုပြီး သည့်အခါ ချုပ်ပျောက်သွား၏၊ ပညာဖြင့်
သိအပ်သော အသိခံရသော အမှုကိစ္စ အရာဝတ္ထုသည်
ကား မချုပ်မပျောက်သည်သာတည်း"
"အရှင်ဘုရား . . ပညာသည် မိမိကိစ္စကို ပြုပြီးသည့်အခါ
ချုပ်ပျောက်သွား၏ ဆိုသည်ကိုလည်းကောင်း၊ ပညာဖြင့်
ပြုအပ်သောအမှုကိစ္စသည် မချုပ်ပျောက် ဆိုသည်ကို
လည်းကောင်း ဥပမာဆောင်တော်မူပါဦးဘုရား"
"ဒကာတော်မင်းမြတ် . . အကြင်သူတစ်ဦးသည် ညဥ့်
အခါတွင် ဆီမီးထွန်း၍ ဆီမီး၏အလင်းရောင်အောက်တွင်
စာရေး၏၊ စာရေးပြီးသောအခါ မီးကိုငြိမ်းသတ်ပစ်လိုက်
သဖြင့် အလင်းရောင်ပျောက်သွား၏၊ ထိုသို့အလင်းရောင်
ချုပ်ပျောက်သော်လည်း အလင်းရောင်ရှိစဉ်က ရေးခဲ့
သောစာသည်ကား ချုပ်ပျောက်သွားခြင်းမရှိပေ၊
ပညာသည်လည်းကောင်း၊ ပညာဖြင့် ပြုအပ်သည် သိအပ်
သည်တို့သည်လည်းကောင်း ထို့အတူသာ ဖြစ်ပေ၏"
ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)
သံသရာမျက်ရည်(မိုးညှင်း)
" မင်းမြတ်. . . ယောနိသောမနသိကာရသည် ပညာမဟုတ်
ယောနိသောမနသိကာရသည် တစ်ပါးသောတရား ၊
ပညာသည် တစ်ပါးသောတရားသာတည်း၊
မင်းမြတ် . . . ဆိတ်၊ ကျွဲ ၊ နွား ၊ ကုလားအုတ်၊ မြည်းစသော
သတ္တ၀ါတို့သည်လည်း ယောနိသောမနသိကာရ ရှိကြကုန်၏
သို့သော် ထိုထို သတ္တဝါ တို့တွင် ပညာမရှိသည်သာတည်း"
"မြတ်သောမင်းကြီး . . . မနသိကာရ သည် စုစည်းခြင်း
လက္ခဏာရှိ၏၊ ပညာသည်ကား ပိုင်းခြားခြင်း လက္ခဏာရှိ၏
စပါးရိတ်သူသည် လက်ဝဲလက်ဖြင့် စပါးပင်ကိုစုစည်းကိုင်
တွယ်ကာ လက်ယာလက်ဖြင့် တံစဉ်ကိုကိုက်လျက် ရိတ်ဖြတ်
သကဲ့သို့ပင် ကမ္မဋ္ဌာန်း ဘာဝနာ၌ ယှဉ်သော ယောဂီ ပုဂ္ဂိုလ်
သည်လည်း နှလုံးသွင်းတတ်မှုဖြင့် မိမိစိတ်ကို စုစည်းပေါင်း
ရုံကာ ပညာဖြင့် ကိလေသာတို့ကို ဖြတ်အပ်ပေ၏
မနသိကာရ၏ စုစည်းခြင်း သဘောကိုလည်းကောင်း၊
ပညာ၏ပိုင်းခြားခြင်းသဘောကိုလည်းကောင်း
ထို့အတူသာလျှင် သိမှတ်အပ်ပေ၏"
ဦးကောင်းထွန်း ၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)
ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
" မင်းမြတ် . . . မေတ္တာပွားများရခြင်း၏ အကျိုးတရား
ဘုရားဟောတော်မူခဲ့တာ မှန်ပါတယ်။ သို့သော် မေတ္တာ၏
အခြင်းအရာကလည်း ဤသို့ ဖြစ်ပေတယ် မင်းမြတ်
မေတ္တာဆိုတာ ပွားများသူရဲ့ အစွမ်းမဟုတ်ဘူး၊ မေတ္တာရဲ့
အစွမ်းသာ ဖြစ်တယ်၊ သဘောကတော့ ချပ်ဝတ်တန်ဆာ
ဆင်မြန်းထားတဲ့ စစ်သည်သူရဲကောင်းကို တဖက်ရန်သူက
မြားတွေနဲ့ဝိုင်းပစ်တဲ့အခါ သူရဲကောင်းက
တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်းမရှိ ဖြစ်တယ်
အကြောင်းကတော့ ချပ်ဝတ်တန်ဆာ ကာကွယ်
ထားလို့ဖြစ်တယ်။ ဒီတော့ သူရဲကောင်းကိုမြား
မစူးနိုင်တာဟာ ပုဂ္ဂိုလ်ရဲ့ အစွမ်းမဟုတ်ဘူး။
ချပ်ဝတ်တန်ဆာရဲ့ အစွမ်းသာ ဖြစ်တယ်။
သုဝဏ္ဏသာမသတို့သားဟာလည်း ဒီအတိုင်းပါပဲ
နေ့စဉ်မေတ္တာပွားများနေတာတော့မှန်တယ်။
သို့သော် ရေအိုးကိုပင့်လိုက်တဲ့အခါမှာ မေတ္တာ
မပွားမိဘူး၊ ကင်းကွာသွားတယ်။ မေ့လျော့သွား
တယ်လို့ သိရပါတယ်။ ဒါကြောင့် ပီဠိယက္ခ
မင်းကြီးရဲ့မြားထိမှန်သွားရခြင်းဖြစ်တယ်"
"စင်စစ်တော့ မေတ္တာတရားပွားများမှုဆိုတာ
အလွန်ကောင်းမြတ်လှပါတယ်။ မေတ္တာပွားနေ
ခဲ့ရင် ဘုရားရှင်ဟောတော်မူတဲ့ အကျိုးတရား
တစ်ဆယ့်တစ်ပါးကိုလည်း မိမိက လိုချင်သည်
ဖြစ်စေ မလိုချင်သည်ဖြစ်စေ မုချရရှိခံစားရမှာ
ဖြစ်တယ်"
ဦးကောင်းထွန်း၊ မိလိန္ဒ အမေး အဖြေ မှ
ကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)
" မင်းမြတ် . . . ရှင်မောဂ္ဂလာန်ကိုယ်တော်ကြီးဟာ ဘုရားရှင်
ဆိုအပ်သည့်အတိုင်း တန်ခိုးတော်အရာမှာ အမြတ်ဆုံး
ပုဂ္ဂိုလ်ဖြစ်တာလည်းမှန်ပါတယ်။ လောက်လေးတို့ဖြင့် ပစ်ခတ်
ခံရ၍ ပရိနိဗ္ဗာန် ပြုတော်မူရသည်လည်း စင်စစ်မှန်ပေတယ်
ဒီလိုဖြစ်ရတာလည်း ရှင်မောဂ္ဂလာန်၏ အကုသိုလ်ကြောင့်ပင်
ပင်ဖြစ်ပေတယ် မင်းမြတ်"
"မှန်ပါ . . . အကုသိုလ်ပင် မှန်စေ၊ တန်ခိုးတော်ဖြင့် ပယ်ဖျက်
နိုင်ကောင်းသည်မဟုတ်ပါလား ဘုရား။ အရှင်မြတ်ဘုရား . .
သီးသီးကိုအလိုရှိသူသည် အပင်ထက်မှ သီးသီးကို မိမိလက်
တွင်းမှသီးသီးဖြင့်ပင် ပစ်ချ၍အပ်သကဲ့သို့ အကုသိုလ်ကံ
အစွမ်းကိုလည်း တန်ခိုးတော်အစွမ်းဖြင့် ပယ်ဖျောက်ပစ်နိုင်
ကောင်းသည်သာ မဟုတ်ပါလားဘုရား . . ."
"မင်းမြတ် . . . ကံတရားရဲ့ ဆန်းကြယ်မှုနှင့် တန်ခိုးတော်ရဲ့
ဆန်းကြယ်မှုဟာ မကြံစည်နိုင်သော အစိန္တေယျအရာ
များချည်း ဖြစ်ပါတယ်။ သို့သော် ကံအစွမ်းနှင့် တန်ခိုးတော်
အစွမ်းမှာ ကံအစွမ်းကသာ ပိုမို ထက်မြတ်စေတယ်မင်းမြတ်
မြေကြီးပေါ်မှာ ရပ်တည်နေကြသူချင်းကတော့မှန်ပါတယ်
သို့သော် ဒီလူတွေ အားလုံးအပေါ် မင်းအဖြစ် စိုးမိုးအုပ်ချုပ်သူ
ကတော့ ကျန်လူတွေအားလုံးကို လွှမ်းမိုးတယ်၊ အာဏာရှိ
တယ်။
ကံတရားဟာလည်း ထို့အတူပဲ မင်းမြတ် . . . အစိန္တေယျချင်း
အတူတူ မကြံစည်အပ်တာချင်း အတူတူဖြစ်ပေမယ့် ကံတရား
ကသာ ဒိပြင့်အားလုံးအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်။
အကုသိုလ်ကံလွှမ်းမိုးလာပြီဆိုရင် ဘယ်လိုမှ ပြုပြင်ပြောင်းလဲ
နိုင်ခွင့် မရှိဘူး ကံတရားရဲ့စီမံမှုကို ဘယ်လိုမှ မရှောင်ကွင်း
နိုင်ဘူး။
မင်းမြတ် . . . . လူတစ်ယောက်ဟာ မင်းပြစ်၊ မင်းဒဏ်သင့်တဲ့
အခါ မိဘဆွေမျိုးတွေ မြောက်မြားစွာရှိတယ်ထား ၊ ဘာမှ
မတတ်နိုင်ဘူး၊ အသာပဲ လက်လွှတ်ထားရတယ်။ အကြောင်း
ကတော့ အပြစ်ဒဏ်သင့်ခံရသူဟာ မင်းနှင့်ဆန့်ကျင်ဘက်
မကောင်းမှုတွေကို ပြုလုပ်ကျူးလွန်လာလို့ပဲ ဖြစ်တယ်။
တောမီး အကြီးအကျယ် လောင်တဲ့အခါလည်း ထို့အတူပဲ
ရေအိုးပေါင်းတစ်ထောင်နဲ့လောင်းသည့်တိုင်အောင် မီးမငြိမ်း
နိုင်ဘူး အကြောင်းကတော့ မီးအရှိန်အဟုတ်က ကြီးမားလွန်း
လို့ပဲဖြစ်တယ်။မီးအင်အားများနေတဲ့အခါ မီးကပဲ အနိုင်ရတဲ့
သဘောဖြစ်တယ်။
မင်းမြတ် . . . မကြံစည်အပ် မကြံစည်နိုင်သော အစိန္တေယျ
အပေါင်းမှာ ကံ၏အကျိုးပေးသာလျှင် အားလုံးအပေါ်မှာ လွှမ်း
မိုးနိုင်စွမ်းရှိတယ်။သြဇာအာဏာ သက်ရောက်နိုင်စွမ်းရှိ
ပေတယ်။
ရှင်မောဂ္ဂလာန်ကိုယ်တော်ကြီး ပရိနိဗ္ဗာန် ပြုရတာဟာ
ဒီသဘောပဲ မင်းမြတ်၊ တန်ခိုးတော်အရာမှာ ဧတဒဂ် ရတာ
တော့မှန်ပါတယ်။ သို့သော် တန်ခိုးတော်ရဲ့အစွမ်းက
ကံတရားရဲ့အစွမ်းကို မလွန်ဆန်နိုင်ဘူး။ မဖယ်ရှားနိုင်ဘူး။
ထို့ကြောင့်ပင် လောက်လေးပေါင်းများစွာနဲ့ ပစ်သတ်ခံရခြင်း
ဆိုတဲ့ အကုသိုလ်ကံအစွမ်းကို ခံယူသွားရခြင်း ဖြစ်ပေတယ်"
ဦးကောင်းထွန်း၊ မိလိန္ဒ အမေးအဖြေ မှ
ကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)
ဦးကောင်းထွန်း(မိလိန္ဒ အမေး အဖြေ) မှ
ကူးယူ ပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
ဦးကောင်းထွန်း(မိလိန္ဒ အမေး အဖြေ) မှ
ကူးယူပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း)
သုံသရာမျက်ရည်
" ပိသုဏဝါစတာ "က
အမှန်စကား ပြောဆိုခြင်းဆိုတဲ့
" သစ္စာဝါဒိတာ "
ယောင်ဆောင်ပြီးစိတ်ကို လှည့်ပတ်တတ်ပါတယ်။
" တို့က မှန်တာပြောတာပဲ၊ ဘာဖြစ်လဲ " ဆိုပြီး
ချစ်ခင်နေသူချင်း အချစ်ပြယ်သွားအောင်၊
ညီညွှတ်နေသူချင်း အစည်းပြေသွားအောင်
စကားကိုကိုယ်သိတိုင်း လျှောက်ပြောတာမျိုးပါ
အရှင်ဆန္ဒာဓိက
ကိုယ့်စိတ်ကိုယ်စစ် မှ ကူးယူမျှဝေပူဇော်ပါသည်
သံသရာမျက်ရည်
မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား၊
ဖြေ > ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်၊
မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊
နောက်မေးခွန်းတခုက ...
မေး > လူကို ဘယ်လိုစောင့်ရှောက်သလည်းဆိုတာပါ၊
ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်၊
တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့
အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်၊
ရှေးက ဗရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်၊
အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်၊ အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်၊ အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်၊
ဒါကို ဗရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်၊ ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ အားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်၊
နောက်မေးခွန်းတခုက ......
နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ၊
လူကိုယ်ထဲမှာ မနေပါဘူး အပြင်ဘက်မှာနေပါတယ်၊ ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ၊
လူ့ ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်၊
နောက်မေးခွန်းတခု ....
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ၊
လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်၊
အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်၊
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်၊
များသောအားဖြင့် တန်ခို့သေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့၊ ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်း လိုက်ပြီးဆိုးသွားတတ်ပါတယ်၊
တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်၊ လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး၊
ဥပမာအားဖြင့်...စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်၊
ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်း ခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်၊
ဒါကြောင့်ကိုယ်စောင့်နတ် မြဲခြင်ရင် သီလမြဲကြပါလို့ တိုက်တွန်းပါရစေ.....၊
ရေးသူ > အရှင်ခေမာနန္ဒ
ပဌာန်းပူဇော်သူများ Page မှ
ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့
"ပုဂ္ဂလဂရဟိတာ" က
မကောင်းမှုကို ကဲ့ရဲ့ခြင်းဆိုတဲ့
"ပါပဂရဟိတာ" ယောင်ဆောင်ပြီး
စိတ်ကို လှည့်ပတ်တတ်ပါတယ်
ကောင်းစေချင်လို့ပြောတာပါ
သာသနာ့မျက်နှာကိုကြည့်ပြီး
သာသနာစိတ်နဲ့ ရေးတာပါလို့
အသံကောင်းဟစ်ပေမယ့်
တကယ်တမ်းကျတော့
ဆရာကြီးလုပ်လိုစိတ်၊ မနာလိုစိတ်၊
နာကျည်းစိတ်တွေနဲ့ အပြစ်မရှိ အပြစ်ရှာပြီး
ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်အောင်
ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်
စော်ကားတာမျိုးပါ
အရှင်ဆန္ဒာဓိက(ကိုယ့်စိတ်ကိုယ်စစ်) မှ
ကူးယူ မျှဝေ ပူဇော်ပါသည်
သံသရာမျက်ရည်
``မြတ်သောမင်းကြီး . . . ရာဂမကင်းသူသည်
အာရုံငါးပါး၌ တပ်မက်မောခြင်း၊ မြတ်နိုးခြင်းရှိ၏
ရာဂကင်းသူသည် အာရုံငါးပါး၌
တပ်မက်မောခြင်း
မြတ်နိုးခြင်း မရှိသည်သာတည်း´´
``အရှင်ဘုရား . . . တပ်မက်ခြင်း၊ မတပ်မက်ခြင်း
ဟူသည် အဘယ်သို့သော အမူအရာ
ရှိပါသနည်း´´
``မင်းမြတ် . . တပ်မက်သူသည်
လိုချင်တောင့်တသော အမူအရာရှိ၏
မတပ်မက်သူသည်ကား လိုချင်တောင့်တဟန်
မရှိသည်သာတည်း´´
``အရှင်ဘုရား . . . တပည့်တော် သိရသည်ကား
လိုချင်တောင့်တသူပင်ဖြစ်စေ၊ လိုချင်တောင့်တမှု
ကင်းသူပင်ဖြစ်စေ ကောင်းမွန်သော
အစားအသောက်ကို လိုချင်တပ်မက်ကြသည်
ချည်းသာဖြစ်ပါသည် ၊ မကောင်းသော
အစားအစာနှင့် မကောင်းသော အသုံးအဆောင်
ကိုကား ရာဂ မကင်းသူပင်ဖြစ်စေ ကင်းသူပင်
ဖြစ်စေ လိုလားတပ်မက်ခြင်းမရှိပါ ဘုရား. . ´´
``မှန်ပေသည် မင်းကြီး မင်းကြီးဆိုအပ်သည့်
အတိုင်းပင် ရာဂ မကင်းသူသည်လည်းကောင်း
ကင်းသူသည်လည်းကောင်း ကောင်းမြတ်သည်
တို့ကို သုံးဆောင်စားသောက်ကြသည်မှန်၏
သို့သော် ရာဂမကင်းသူသည် အရသာ၌
တပ်မက်စွဲလန်းခြင်းနှင့်တကွ ခံစား၏
သုံးဆောင်၏
ရာဂကင်းသူသည်ကား ချိုချဉ်စပ်ငန် အဖန်အခါး
ဟူသော အရသာကို သိသည်မှတစ်ပါး
အထူးအခြား တပ်မက်စွဲလန်းမှု အာရုံခံစားမှု
မရှိသည်သာတည်း´´
မိလိန္ဒ အမေး အဖြေ (ဦးကောင်းထွန်း) မှ
ကူးယူမျှဝေပါသည်
သံသရာမျက်ရည်ဓမ္မစာစုများ
ဒေါက်တာအရှင်ကောဝိဒ(မဇ္စျိမဂုဏ်ရည်)
အမွေခံထိုက်သူဖြစ်ပါစေ
သံသရာမျက်ရည် (မိုးညှင်း) မှ ကူးယူပူဇော်ပါသည်
ဒေါက်တာမင်းတင်မွန်
အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်။
ဗုဒ္ဓ၏ဥပမာတစ်ထောင်(လေးမြိုင်)
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်။
လူတော်အများ စိတ်ကောင်းထားလည်း
ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကား ကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ
များလှ ကျေးဇူးတွေ. . .
(တဘဝသံသရာ) အရှင်ဇနကာဘိဝံသ
သံသရာမျက်ရည်(မိုးညှင်း)
မှကူးယူပူဇော်ပါသည်
ထိုအဆင်းကြောင့်ပင်လျှင် မြင်စိတ်ဟူ၍
ဖြစ်လာပေတယ် . . ၄င်းမြင်စိတ်နှင့်အတူ
မြင်စိတ်ကိုအကြောင်းပြု၍ပင်လျှင်
တွေ့ထိမှုဆိုတဲ့ဖဿ ၊ ခံစားမှုဆိုတဲ့ ဝေဒနာ
မှတ်သားမှုဆိုတဲ့ သညာ၊ တိုက်တွန်းလှုံ့ဆော်မှု
ဆိုတဲ့ စေတနာ၊ ခိုင်ကျည်တည်ငြိမ်မှုဆိုတဲ့ ဧကဂ္ဂတာ
ထို့နောက် စပ်လျဉ်းရာတရားတွေကို
စုစည်းထိန်းသိမ်းတတ်တဲ့ ဇီဝိတိနြေ္ဒ
နှလုံးသွင်းတတ်မှု မနသိကာရ ဆိုတဲ့
သမ္ပယုတ်တရား ရှစ်ပါး
အစဉ်အားလျော်စွာဖြစ်ပေါ်လာရပါတယ်. . .
မိလိန္ဒ အမေးအဖြေ(ဦးကောင်းထွန်း)
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်
( ဗုဒ္ဓ၏ဥပမာတစ်ထောင်)
လေးမြိုင်
သံသရာမျက်ရည် မှ ကူးယူပူဇော်ပါသည်
``မသိပဲလွန်ကျူးသူက ပိုပြီး အပြစ်ကြီးလေးပါတယ် မင်းမြတ်. . ´´
``အရှင်ဘုရား. . .တပည့်တော်တို့တရားစီရင်ရာတွင်ကား
ဤသို့မဟုတ်ပါ မင်းညီမင်းသား မူးမတ်တို့၏သား စသည်
တရားဥပဒေသဘောကို သိပြီးသူများ အပြစ်ကျူးလွန်ခဲ့လျှင်
အခြားသူများထက်ပိုပြီးအပြစ်ကြီးပါသည်´´
``မှန်ပေတယ် . . မင်းမြတ် . . မင်းမြတ်ဆိုအပ်သည်မှာ
လောကအကြောင်းဖြစ်ပေတယ်၊ ဓမ္မကြောင်းသဘောမှာတော့
မသိ၍လွန်ကျူးသူက သိပါလျှက်ကျူးသူထက် ပိုပြီးအပြစ်ကြီးလေး
ပါတယ်. . .
အလျှံပြောင်ပြောင် တောက်လောင်ပူပြင်းနေတဲ့ သံခဲတွေကို
ပူမှန်းသိထားပြီးသူနှင့် ပူမှန်းမသိသေးသူ နှစ်ဦး ကိုင်သွယ်ခဲ့ရင်
ပူမှန်းမသိသေးသူက အပူဒဏ်ကို ပိုပြီးခံစားရပါလိမ့်မယ်
ပူတဲ့အဖြစ်ကိုလုံးဝ သိမထားလေတော့ ထိထိမိမိ
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မှာ ဖြစ်လို့ပါ
သိထားသူကတော့ မလွဲသာလို့ လုပ်ရသည့်တိုင်အောင်
အပြင်းအထန်စိတ်ရောကိုယ်ပါ မဟုတ်ဘူး အင်တိုက်အားတိုက်
မဟုတ်ဘူး၊ ဒီတော့ အပြစ်ကလည်း ကြီးလေးသင့်သလောက်
မကြီးလေးပေဘူးပေါ့
မသိလို့လုပ်တဲ့သူကတော့ သံခဲတွေကို ရဲရဲကြီးဆုပ်ကိုင်လိုက်ရ
သလိုပဲ ၊ အကုသိုလ်မှုတွေကို စိတ်ရောကိုယ်ပါ
အင်တိုက်အားပါ ပြုလုပ်လေတော့ အပြစ်ကြီးလေးရပေတယ်´´
မိလိန္ဒ အမေးအဖြေ (ဦးကောင်းထွန်း)
သံသရာမျက်ရည်(မိုးညှင်း)မှကူးယူပူဇော်ပါသည်
ဒေါက်တာမင်းတင်မွန်
အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်
သံသရာမျက်ရည်(မိုးညှင်း) မှ
ကူးယူမျှဝေပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်
``မသိပဲလွန်ကျူးသူက ပိုပြီး အပြစ်ကြီးလေးပါတယ် မင်းမြတ်. . ´´
``အရှင်ဘုရား. . .တပည့်တော်တို့တရားစီရင်ရာတွင်ကား
ဤသို့မဟုတ်ပါ မင်းညီမင်းသား မူးမတ်တို့၏သား စသည်
တရားဥပဒေသဘောကို သိပြီးသူများ အပြစ်ကျူးလွန်ခဲ့လျှင်
အခြားသူများထက်ပိုပြီးအပြစ်ကြီးပါသည်´´
``မှန်ပေတယ် . . မင်းမြတ် . . မင်းမြတ်ဆိုအပ်သည်မှာ
လောကအကြောင်းဖြစ်ပေတယ်၊ ဓမ္မကြောင်းသဘောမှာတော့
မသိ၍လွန်ကျူးသူက သိပါလျှက်ကျူးသူထက် ပိုပြီးအပြစ်ကြီးလေး
ပါတယ်. . .
အလျှံပြောင်ပြောင် တောက်လောင်ပူပြင်းနေတဲ့ သံခဲတွေကို
ပူမှန်းသိထားပြီးသူနှင့် ပူမှန်းမသိသေးသူ နှစ်ဦး ကိုင်သွယ်ခဲ့ရင်
ပူမှန်းမသိသေးသူက အပူဒဏ်ကို ပိုပြီးခံစားရပါလိမ့်မယ်
ပူတဲ့အဖြစ်ကိုလုံးဝ သိမထားလေတော့ ထိထိမိမိ
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မှာ ဖြစ်လို့ပါ
သိထားသူကတော့ မလွဲသာလို့ လုပ်ရသည့်တိုင်အောင်
အပြင်းအထန်စိတ်ရောကိုယ်ပါ မဟုတ်ဘူး အင်တိုက်အားတိုက်
မဟုတ်ဘူး၊ ဒီတော့ အပြစ်ကလည်း ကြီးလေးသင့်သလောက်
မကြီးလေးပေဘူးပေါ့
မသိလို့လုပ်တဲ့သူကတော့ သံခဲတွေကို ရဲရဲကြီးဆုပ်ကိုင်လိုက်ရ
သလိုပဲ ၊ အကုသိုလ်မှုတွေကို စိတ်ရောကိုယ်ပါ
အင်တိုက်အားပါ ပြုလုပ်လေတော့ အပြစ်ကြီးလေးရပေတယ်´´
မိလိန္ဒ အမေးအဖြေ (ဦးကောင်းထွန်း)
သံသရာမျက်ရည်(မိုးညှင်း)မှကူးယူပူဇော်ပါသည်
သံသရာမျက်ရည်(မိုးညှင်း)မှ ကူးယူပူဇော်ပါသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ့်ဘေး
ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါ့အောက်လူ
ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ကိုယ်လဲသေဘက် နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်ထည်းလောင်
သေအောင်မြှိက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
၉။ ဒါနသီလာ ဘာဝနာ လမ်းသာ ထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
အမရပူရမြို့ ၊မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်
အရှင်ဇနကာဘိဝိသ၏ တဘဝ သံသရာ
သံသရာမျက်ရည်(မိုးညှင်း)မှ မျှဝေပူဇော်ပါသည်။
သံသရာမျက်ရည်(မိုးညှင်း) မှ မျှဝေပူဇော်ပါသည်